ယူနိုက်တက် လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်ဇ်က ဒီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း ပေါ်တူဂီသတင်းစာ A Bola က ဖော်ပြထားပါတယ်။ အလားအလာရှိ လူငယ်တိုက်စစ်သမားလေးဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ကာဒစ်နဲ့ပွဲမှာ ၁၅ မိနစ်လောက် လူစားဝင်ကစားခဲ့ပါတယ်။

အိန်ဂျယ်ဂိုမက်ဇ်က အိုးထရက်ဖို့ဒ်ထက် တခြားမှာ ပိုပြီး တိုးတက်နိုင်တယ်လို့ ယုံကြည်နေပြီး ပီအက်စ်ဂျီကလည်း ၄င်းကို စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်မှ ထွက်ခွာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟာရဲရားက အသင်း ကျရှုံးမှုမှာ ကစားသမားတွေက ၇၅% တာဝန် ရှိကြောင်း ပြောကြားလိုက်ပြီး ဆိုးရှား အရင် ယခင်နည်းပြ မော်ရင်ညိုကလည်း အသင်းကို ဆယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သေးကြောင်း ပြောဆိုလိုက်ပါတယ်။

ပရိသတ်များနဲ့ အချင်းများခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပေါ့ဘာဟာ အသင်းမှ ထွက်ခွာသွားဖွယ် ရှိတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း အီဗရာက မှတ်ချက်ပြုထားပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ပေါလ် ပါကာက အသင်းရဲ့ ၂၀၁၈-၁၉ ရာသီ အဆိုးဆုံး ခေါ်ယူမှုက ဖရက် ဖြစ်မယ်လို့ ပြောဆိုလိုက်ပြီး ဖရက်က ဘုရားစူး ဘရာဇီးသားလို့ ၄င်းက မှတ်ချက်ပြုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ် အဖြစ် နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွဲယားနဲ့ အန်ဒါဝီရယ်တို့ကိုလည်း အရန်အဖြစ် စောင့်ကြည့်ထားဆဲပါ။

မန်နေဂျာမော်ရင်ညိုကတော့ ယူနိုက်တက်တို့ ထိပ်သီးအဆင့်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ လက်တလော ရုန်းကန်နေရတဲ့ အချက် 3 ချက်ကို ထောက်ပြပြောဆိုမှု လုပ်ခဲ့ပါတယ်။ အဲ့တာတွေကတော့ ကစားသမား၊ အဖွဲ့အစည်းနဲ့ ရည်မှန်းချက်တို့ပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပီအက်စ်ဂျီ၊ စပါး တို့နဲ့ အပြိုင် ဖူဟမ် လူငယ်ကစားသမား ရိုင်ယန် ဆီဂတ်ဆန်ကို ခေါ်ယူရန် ကြိုးပမ်းဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း အီဗရာက ဆန်းချက်ဟာ အသင်းထံ ငွေကြေးကြောင့် ရောက်ရှိလာသူလို့ စွပ်စွဲလိုက်ပြီး ပေါ့ဘာကလည်း မကြာခင် အသင်းက ထွက်ခွာတော့မယ်လို့ ယူဆကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။