လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်အသင်း လိုအပ်တဲ့ နေရာတိုင်းကို အင်အားဖြည့်ခဲ့ပြီး အယ်လီဆန်ရဲ့ ဒဏ်ရာပြဿနာ မပေါ်ဘူးဆိုရင် ပြီးပြည့်စုံတဲ့ အစီအမံတွေကို ဖန်တီးခဲ့တာလို့ Echo က ချီးကျူးပါတယ်။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ နေရာဟာ ကာလရှည် ဖြည့်တင်းဖို့ လိုခဲ့တဲ့ နေရာဖြစ်သလို ဒီနှစ်တွေမှာ မရှိမဖြစ် ကစားသမားအဖြစ် အရေးပါလာတဲ့ ရော်ဘတ်ဆန်ရဲ့ နေရာကိုလည်း အင်အားဖြည့်နိုင်ခဲ့တယ်။ အဓိကအားဖြင့် လီဗာပူးအသင်းဟာ ချန်ပီယံ အလေ့အထမှာ မွေ့လျောနေတဲ့ သီယာဂိုလို ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အချို့တွေက ခံစစ်ပိုင်းမှာ စတုတ္ထမြောက် ကစားသမားတစ်ဦး မရခြင်းကို အားနည်းချက်အဖြစ် မြင်နေပေမယ့် ယာဂင်ကလော့ပ်က ဖာဘင်ညိုကို ဗဟိုခံစစ်မှူးအဖြစ် မြင်ထားခဲ့တယ်။ လီဗာပူးက လုပ်ခပိုင်းမှာလည်း ပြဿနာတွေ မရှိစေဘဲ ကမ္ဘာအဆင့် ကစားသမားနဲ့ အလိုအပ်ဆုံး ကစားသမား ၂ ဦးကို အင်အားဖြည့်ခဲ့တယ်။

သီယာဂိုဟာ ပီအက်စ်ဂျီအပြင် အင်္ဂလန်ကလပ် အများအပြားက ချိတ်ဆက်ခဲ့ရတဲ့ သူဖြစ်တယ်။ ဘွန်ဒက်လီဂါကို ပြောင်းခဲ့ပြီးကတည်းက နှစ်တိုင်းမှာ အမှတ်ပေးဖလား အနိုင်ရခဲ့တဲ့ သီယာဂိုက လီဗာပူးကို ရွေးဖို့ကိုပဲ ဦးစားပေးအဖြစ် စဉ်းစားခဲ့ပါတယ်။

သီယာဂိုလို ကစားသမားကို ခေါ်ယူနိုင်ခဲ့တာက နောက်ထပ်း သုံးနှစ်၊ လေးနှစ်အတွက် အကျိုးရျိမယ့် ခေါ်ယူမှုဖြစ်တယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်ထားတဲ့ ကလပ်ဟာ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်တွေကို ပုံမှန် အောင်မြင်ထားတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာက အလှတရားတစ်ခု ဖြစ်ပါတယ်။

အားလုံးကို အောင်မြင်ထားပြီး အောင်မြင်လိုတဲ့ စိတ်ဓါတ်ရှိတဲ့ အရည်အချင်းရှိသူကို ခေါ်ယူလိုက်တာက လီဗာပူးဟာ နောက်ထပ် ဆုဖလားတွေကို ဆာလောင်နေတယ်ဆိုတာ ပြသခဲ့တယ်။ ဒါဟာ စီးရီးတွဲလိုက် အောင်မြင်ထားတဲ့ ကလပ်တွေမှ လုပ်လေ့ရှိတဲ့ ပါးနပ်မှုမျိုးဖြစ်တယ်။

လီဗာပူးမှာ တိုက်စစ်သမား သုံးဦး၊ ဗန်ဒိုက်၊ ဟန်ဒါဆန်တို့က အရွယ်ကောင်းကို ရောက်လာခဲ့ပြီဖြစ်သလို ရော်ဘတ်ဆန်၊ ဂျိုတာ၊ ကိုစတက်၊ ကိတ်တာတို့လို တိုးတက်ဆဲ ကစားသမားကောင်းတွေ ရှိလာနေတယ်။ ဒါ့အပြင် လူငယ်မျိုးဆက်ကလည်း ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နေကြတယ်။

ဒီပေါင်းစပ်မှုတွေနဲ့အတူ လီဗာပူးက နောက်ထပ် ဆုဖလားတွေကို စိန်ခေါ်နိုင်အောင် ကြိုးစားမှာဖြစ်ပြီး မျိုးဆက်သစ်တွေကိုလည်း မွေးထုတ်ယူပါလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာေတာ့ ကလပ္အသင္း လိုအပ္တဲ့ ေနရာတိုင္းကို အင္အားျဖည့္ခဲ့ျပီး အယ္လီဆန္ရဲ႕ ဒဏ္ရာျပႆနာ မေပၚဘူးဆိုရင္ ျပီးျပည့္စံုတဲ့ အစီအမံေတြကို ဖန္တီးခဲ့တာလို႔ Echo က ခ်ီးက်ဴးပါတယ္။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ ေနရာဟာ ကာလရွည္ ျဖည့္တင္းဖို႔ လိုခဲ့တဲ့ ေနရာျဖစ္သလို ဒီႏွစ္ေတြမွာ မရွိမျဖစ္ ကစားသမားအျဖစ္ အေရးပါလာတဲ့ ေရာ္ဘတ္ဆန္ရဲ႕ ေနရာကိုလည္း အင္အားျဖည့္ႏုိင္ခဲ့တယ္။ အဓိကအားျဖင့္ လီဗာပူးအသင္းဟာ ခ်န္ပီယံ အေလ့အထမွာ ေမြ႔ေလ်ာေနတဲ့ သီယာဂိုလို ကစားသမားကို ေခၚယူႏုိင္ခဲ့ပါတယ္။

အခ်ိဳ႔ေတြက ခံစစ္ပိုင္းမွာ စတုတၳေျမာက္ ကစားသမားတစ္ဦး မရျခင္းကို အားနည္းခ်က္အျဖစ္ ျမင္ေနေပမယ့္ ယာဂင္ကေလာ့ပ္က ဖာဘင္ညိဳကို ဗဟိုခံစစ္မွဴးအျဖစ္ ျမင္ထားခဲ့တယ္။ လီဗာပူးက လုပ္ခပိုင္းမွာလည္း ျပႆနာေတြ မရွိေစဘဲ ကမၻာအဆင့္ ကစားသမားနဲ႔ အလိုအပ္ဆံုး ကစားသမား ၂ ဦးကို အင္အားျဖည့္ခဲ့တယ္။

သီယာဂိုဟာ ပီအက္စ္ဂ်ီအျပင္ အဂၤလန္ကလပ္ အမ်ားအျပားက ခ်ိတ္ဆက္ခဲ့ရတဲ့ သူျဖစ္တယ္။ ဘြန္ဒက္လီဂါကို ေျပာင္းခဲ့ျပီးကတည္းက ႏွစ္တိုင္းမွာ အမွတ္ေပးဖလား အႏုိင္ရခဲ့တဲ့ သီယာဂိုက လီဗာပူးကို ေရြးဖို႔ကိုပဲ ဦးစားေပးအျဖစ္ စဥ္းစားခဲ့ပါတယ္။

သီယာဂိုလို ကစားသမားကို ေခၚယူႏုိင္ခဲ့တာက ေနာက္ထပ္း သံုးႏွစ္၊ ေလးႏွစ္အတြက္ အက်ိဳးရ်ိမယ့္ ေခၚယူမႈျဖစ္တယ္။ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို ေအာင္ျမင္ထားတဲ့ ကလပ္ဟာ အမွတ္ေပးဖလားနဲ႔ ခ်န္ပီယံလိဂ္ေတြကို ပံုမွန္ ေအာင္ျမင္ထားတဲ့ ကစားသမားကို ေခၚယူႏုိင္ခဲ့တာက အလွတရားတစ္ခု ျဖစ္ပါတယ္။

အားလုံးကို ေအာင္ျမင္ထားျပီး ေအာင္ျမင္လိုတဲ့ စိတ္ဓါတ္ရွိတဲ့ အရည္အခ်င္းရွိသူကို ေခၚယူလိုက္တာက လီဗာပူးဟာ ေနာက္ထပ္ ဆုဖလားေတြကို ဆာေလာင္ေနတယ္ဆိုတာ ျပသခဲ့တယ္။ ဒါဟာ စီးရီးတြဲလိုက္ ေအာင္ျမင္ထားတဲ့ ကလပ္ေတြမွ လုပ္ေလ့ရွိတဲ့ ပါးနပ္မႈမ်ိဳးျဖစ္တယ္။

လီဗာပူးမွာ တိုက္စစ္သမား သံုးဦး၊ ဗန္ဒိုက္၊ ဟန္ဒါဆန္တို႔က အရြယ္ေကာင္းကို ေရာက္လာခဲ့ျပီျဖစ္သလို ေရာ္ဘတ္ဆန္၊ ဂ်ိဳတာ၊ ကိုစတက္၊ ကိတ္တာတို႔လို တိုးတက္ဆဲ ကစားသမားေကာင္းေတြ ရွိလာေနတယ္။ ဒါ့အျပင္ လူငယ္မ်ိဳးဆက္ကလည္း ပြဲထြက္ခြင့္အတြက္ ယွဥ္ျပိဳင္ေနၾကတယ္။

ဒီေပါင္းစပ္မႈေတြနဲ႔အတူ လီဗာပူးက ေနာက္ထပ္ ဆုဖလားေတြကို စိန္ေခၚႏုိင္ေအာင္ ၾကိဳးစားမွာျဖစ္ျပီး မ်ိဳးဆက္သစ္ေတြကိုလည္း ေမြးထုတ္ယူပါလိမ့္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။