ဗြိတိန်အစိုးရက မာဆေးဆိုဒ်ဝန်းကျင်ကို လော့ဒေါင်း အသစ် သုံးခုထိ တိုးမြင့်သွားမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ အဲဗာတန်ပွဲကိုတော့ ဆက်ကစားခွင့်ပေးမယ်လို့ သိရပါတယ်။

မာဆေးဆိုဒ်ဟာ ကိုရိုနာပိုး ကူးစက်မှု မြင့်တက်နေတဲ့ ဒေသဖြင့်တာကြောင့် ဘားတွေ အပါအဝင် နေရာသုံးခုကို ပိတ်ဆို့မှုသစ်တွေ ထပ်မံ တိုးချဲ့ခဲ့တာပါ။ လက်တလောမှာတော့ မာဆေးဆိုဒ်အတွင်းက စားသောက်ဆိုင်၊ ဘားနဲ့ ကလပ်တွေဟာ အတော်လေး ထိခိုက်မှု ကြီးမားနေသလို ဟိုတယ်လုပ်ငန်းတွေကလည်း ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ သိရတယ်။

လီဗာပူးမြို့ကောင်စီနဲ့ ဗဟိုအစိုးရတို့က ညိနှိုင်းမှုအရ မာဆေးဆိုဒ်ကို ပိတ်ဆိုဒ်မှုအသစ်တွေ ပြုလုပ်ထားပေမယ့် ပရီးမီးယားလိဂ်ပွဲကို ဆက်လက် ကစားခွင့်ပေးမှာဖြစ်တယ်။ ဗြိတိန်အစိုးရ ဘက်ကတော့ elite football ကို ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုထဲမှာ ထည့်မှာ မဟုတ်ပါဘူး။

ဂူဒီဆင်ပက်ခ်မှာ ကစားမယ့် မာဆေးဆိုဒ် ဒါဘီကတော့ စနေနေ့ အစောဆုံးပွဲအဖြစ် ဗြိတိန် စံတော်ချိန် နေ့ခင်း ၁၂း၃၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၆ နာရီ) မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အဲဗာတန်နဲ့ လိဂ်ချန်ပီယံ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ ပရိသတ်ဝင်ခွင့် စုဝေးခွင့်တွေ ခွင့်ပြုမှာ မဟုတ်ပါဘူး။

အစိုးရက ရုပ်ရှင်ရုံတွေကို လူတွေ ပြန်ပေးဝင်ပေမယ့် ဘောလုံးကွင်းတွေထဲ ပရိသတ်တွေ ပြန်ပေးမဝင်တာက ကလပ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေခဲ့တယ်။ လီဗာပူး တာဝန်ရှိသူတွေကတော့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်နိုင်ဖို့ အခြားသော ကလပ်တွေနဲ့အတူ ကြိးစားသွားမယ့် သဘောဖြစ်ပါတယ်။

လက်တလောမှာတော့ လီဗာပူးမြို့ထဲမှာ အရက်ဘားတွေ ပါဝင်တဲ့ စားသောက်ဆိုင်တွေ၊ gym တွေနဲ့ ကာစီနိုတွေကို ကိုဗစ်ကူးစပ်မှုမှာ ထိပ်တန်းက ဖြစ်နိုင်တဲ့ လုပ်ငန်းတွေအဖြစ် လူဝင်ခွင့်တွေ ပိတ်ထားတာဖြစ်ပြီး အသစ်သော စည်းမျဉ်းတွေကို နောက်လမှပဲ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။

ZAWGYI

ျဗိတိန္အစိုးရက မာေဆးဆိုဒ္ဝန္းက်င္ကို ေလာ့ေဒါင္း အသစ္ သံုးခုထိ တိုးျမင့္သြားမွာ ျဖစ္ေပမယ့္ လီဗာပူးနဲ႔ အဲဗာတန္ပြဲကိုေတာ့ ဆက္ကစားခြင့္ေပးမယ္လို႔ သိရပါတယ္။

မာေဆးဆိုဒ္ဟာ ကိုရိုနာပိုး ကူးစက္မႈ ျမင့္တက္ေနတဲ့ ေဒသျဖင့္တာေၾကာင့္ ဘားေတြ အပါအဝင္ ေနရာသံုးခုကို ပိတ္ဆို႔မႈသစ္ေတြ ထပ္မံ တိုးခ်ဲ႔ခဲ့တာပါ။ လက္တေလာမွာေတာ့ မာေဆးဆိုဒ္အတြင္းက စားေသာက္ဆိုင္၊ ဘားနဲ႔ ကလပ္ေတြဟာ အေတာ္ေလး ထိခိုက္မႈ ၾကီးမားေနသလို ဟိုတယ္လုပ္ငန္းေတြကလည္း ရပ္တည္ဖို႔ ခက္ခဲေနတယ္လို႔ သိရတယ္။

လီဗာပူးျမိဳ႕ေကာင္စီနဲ႔ ဗဟိုအစိုးရတို႔က ညိႏိႈင္းမႈအရ မာေဆးဆိုဒ္ကို ပိတ္ဆိုဒ္မႈအသစ္ေတြ ျပဳလုပ္ထားေပမယ့္ ပရီးမီးယားလိဂ္ပြဲကို ဆက္လက္ ကစားခြင့္ေပးမွာျဖစ္တယ္။ ျဗိတိန္အစိုးရ ဘက္ကေတာ့ elite football ကို ပိတ္ဆို႔မႈေတြရဲ႕ သက္ေရာက္မႈထဲမွာ ထည့္မွာ မဟုတ္ပါဘူး။

ဂူဒီဆင္ပက္ခ္မွာ ကစားမယ့္ မာေဆးဆိုဒ္ ဒါဘီကေတာ့ စေနေန႔ အေစာဆံုးပြဲအျဖစ္ ျဗိတိန္ စံေတာ္ခ်ိန္ ေန႔ခင္း ၁၂း၃၀ နာရီ (ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီ) မွာ ယွဥ္ျပိဳင္ကစားမွာျဖစ္တယ္။ အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ အဲဗာတန္နဲ႔ လိဂ္ခ်န္ပီယံ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲစဥ္မွာ ပရိသတ္ဝင္ခြင့္ စုေဝးခြင့္ေတြ ခြင့္ျပဳမွာ မဟုတ္ပါဘူး။

အစိုးရက ရုပ္ရွင္ရံုေတြကို လူေတြ ျပန္ေပးဝင္ေပမယ့္ ေဘာလံုးကြင္းေတြထဲ ပရိသတ္ေတြ ျပန္ေပးမဝင္တာက ကလပ္ေတြနဲ႔ ထိပ္တိုက္ေတြ႔မႈေတြ ျဖစ္ေနခဲ့တယ္။ လီဗာပူး တာဝန္ရွိသူေတြကေတာ့ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ႏုိင္ဖို႔ အျခားေသာ ကလပ္ေတြနဲ႔အတူ ၾကိးစားသြားမယ့္ သေဘာျဖစ္ပါတယ္။

လက္တေလာမွာေတာ့ လီဗာပူးျမိဳ႔ထဲမွာ အရက္ဘားေတြ ပါဝင္တဲ့ စားေသာက္ဆိုင္ေတြ၊ gym ေတြနဲ႔ ကာစီႏိုေတြကို ကိုဗစ္ကူးစပ္မႈမွာ ထိပ္တန္းက ျဖစ္ႏုိင္တဲ့ လုပ္ငန္းေတြအျဖစ္ လူဝင္ခြင့္ေတြ ပိတ္ထားတာျဖစ္ျပီး အသစ္ေသာ စည္းမ်ဥ္းေတြကို ေနာက္လမွပဲ ျပန္လည္ သံုးသပ္မွာ ျဖစ္ပါတယ္။