ဗြိတိန်အစိုးရက မာဆေးဆိုဒ်ဝန်းကျင်ကို လော့ဒေါင်း အသစ် သုံးခုထိ တိုးမြင့်သွားမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ အဲဗာတန်ပွဲကိုတော့ ဆက်ကစားခွင့်ပေးမယ်လို့ သိရပါတယ်။

ဘာစီလိုနာ မန်နေဂျာ ရော်နယ်ကိုးမန်းက သူ့အသင်းဟာ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း တရားဝင် ဖွင့်ဟသွားပါတယ်။ ဝိုက်နယ်ဒမ်ဟာ လီဗာပူးနဲ့ စာချုပ်ကုန်ရင် ဘာကာကိုပဲ တိုက်ရိုက်ပြောင်းဖွယ် ရှိပါတယ်။

အင်္ဂလန်လူငယ်တွေဖြစ်တဲ့ Louis Boyd နဲ့ Ben Grist တို့ကို လီဗာပူးနဲ့ ချယ်ဆီးအပြင် အသင်းကြီး အများအပြားက အပြိုင် ခေါ်ယူလိုနေပါတယ်။ Grimsby Town အသင်းဟာ ဘဏ္ဍာရေး ပြဿနာအရ ကလပ်ရဲ့ အတောက်ပဆုံး လူငယ်နှစ်ဦးကို ရောင်းထုတ်ရမှာဖြစ်ပြီး လီဗာပူး (သို့) ချယ်ဆီးက ခေါ်ယူနိုင်ဖို့ အလေးသာနေပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ရပ်ဖိုဒ့်ရဲ့ ကလေးသူငယ်တွေအတွက် ကြိုးစားပေးမှုကြောင့် MBE ဘွဲ့ပေးမယ့် ကိစ္စကို လီဗာပူးပရိသတ်တွေကလည်း အားပေးထောက်ခံခဲ့ကြတယ်။ တူညီတဲ့ တုန့်ပြန်မှုအဖြစ် ရပ်ဖိုဒ့်ကလည်း သူ့ကို အားပေးတဲ့ လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်မှု ပြုလုပ်သါားပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်အသင်း လိုအပ်တဲ့ နေရာတိုင်းကို အင်အားဖြည့်ခဲ့ပြီး အယ်လီဆန်ရဲ့ ဒဏ်ရာပြဿနာ မပေါ်ဘူးဆိုရင် ပြီးပြည့်စုံတဲ့ အစီအမံတွေကို ဖန်တီးခဲ့တာလို့ မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ချီးကျူးပါတယ်။

အင်္ဂလန်အသင်းက ဘယ်လ်ဂျီယံ အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့စဉ် အင်္ဂလန်ရဲ့ ခြေပဂိုးဖြစ်စေမယ့် ပင်နယ်တီကို ဟန်ဒါဆန် ရယူပေးခဲ့မှုက ဟန်ဆောင် အပြုအမှုပါဆိုပြီး ရိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ ကီဂျာနာ ဟိုဗာနဲ့ ဘရူးစတားလို လူငယ် ကစားသမားတွေကို ရောင်းထုတ်ခဲ့ရတာက လူငယ်တွေကိုယ်တိုင်က စီနီယာပွဲထွက်ခွင့်အတွက် လီဗာပူးကနေ ထွက်ခွင့်တောင်းခံခဲ့တာကြောင့်လို့ သိရပါတယ်။

လီဗာပူး ဦးဆောင်တဲ့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးက လိဂ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုမို တိုးမြင့်ဖို့ ကြိုးစားနေတဲ့ အစီအစဉ်ဟာ အင်္ဂလန်ဘောလုံးလောကမှာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ဖြစ်စေမယ့် ကိစ္စလို့ ပရီးမီးယားလိဂ်က မာမာထန်ထန် တုန့်ပြန်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီရာသီ PFA awards အတွက် သူကိုယ်တိုင်က ဒီဘရိုင်းကို မဲပေးခဲ့ကြောင်း ဝန်ခံပါတယ်။

ZAWGYI

ျဗိတိန္အစိုးရက မာေဆးဆိုဒ္ဝန္းက်င္ကို ေလာ့ေဒါင္း အသစ္ သံုးခုထိ တိုးျမင့္သြားမွာ ျဖစ္ေပမယ့္ လီဗာပူးနဲ႔ အဲဗာတန္ပြဲကိုေတာ့ ဆက္ကစားခြင့္ေပးမယ္လို႔ သိရပါတယ္။

ဘာစီလိုနာ မန္ေနဂ်ာ ေရာ္နယ္ကိုးမန္းက သူ႔အသင္းဟာ ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္ေၾကာင္း တရားဝင္ ဖြင့္ဟသြားပါတယ္။ ဝိုက္နယ္ဒမ္ဟာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ရင္ ဘာကာကိုပဲ တိုက္ရိုက္ေျပာင္းဖြယ္ ရွိပါတယ္။

အဂၤလန္လူငယ္ေတြျဖစ္တဲ့ Louis Boyd နဲ႔ Ben Grist တို႔ကို လီဗာပူးနဲ႔ ခ်ယ္ဆီးအျပင္ အသင္းႀကီး အမ်ားအျပားက အၿပိဳင္ ေခၚယူလိုေနပါတယ္။ Grimsby Town အသင္းဟာ ဘ႑ာေရး ျပႆနာအရ ကလပ္ရဲ႕ အေတာက္ပဆုံး လူငယ္ႏွစ္ဦးကို ေရာင္းထုတ္ရမွာျဖစ္ၿပီး လီဗာပူး (သို႔) ခ်ယ္ဆီးက ေခၚယူႏိုင္ဖို႔ အေလးသာေနပါတယ္။

ယူႏုိက္တက္ တိုက္စစ္သမား ရပ္ဖိုဒ့္ရဲ႕ ကေလးသူငယ္ေတြအတြက္ ၾကိဳးစားေပးမႈေၾကာင့္ MBE ဘြဲ႔ေပးမယ့္ ကိစၥကို လီဗာပူးပရိသတ္ေတြကလည္း အားေပးေထာက္ခံခဲ့ၾကတယ္။ တူညီတဲ့ တုန္႔ျပန္မႈအျဖစ္ ရပ္ဖိုဒ့္ကလည္း သူ႔ကို အားေပးတဲ့ လီဗာပူးပရိသတ္ေတြကို ေက်းဇူးတင္မႈ ျပဳလုပ္သါားပါတယ္။

လီဗာပူးအသင္းဟာ ဒီေႏြမွာေတာ့ ကလပ္အသင္း လိုအပ္တဲ့ ေနရာတိုင္းကို အင္အားျဖည့္ခဲ့ျပီး အယ္လီဆန္ရဲ႕ ဒဏ္ရာျပႆနာ မေပၚဘူးဆိုရင္ ျပီးျပည့္စံုတဲ့ အစီအမံေတြကို ဖန္တီးခဲ့တာလို႔ မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက ခ်ီးက်ဴးပါတယ္။

အဂၤလန္အသင္းက ဘယ္လ္ဂ်ီယံ အသင္းကို ၂ဂိုး ၁ဂိုးနဲ႕ အနုိင္ရရွိခဲ့စဥ္ အဂၤလန္ရဲ႕ ေျခပဂိုးျဖစ္ေစမယ့္ ပင္နယ္တီကို ဟန္ဒါဆန္ ရယူေပးခဲ့မႈက ဟန္ေဆာင္ အျပဳအမႈပါဆိုျပီး ရိုင္ကိန္းက ေဝဖန္ခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကီဂ်ာနာ ဟိုဗာနဲ႔ ဘရူးစတားလို လူငယ္ ကစားသမားေတြကို ေရာင္းထုတ္ခဲ့ရတာက လူငယ္ေတြကိုယ္တိုင္က စီနီယာပြဲထြက္ခြင့္အတြက္ လီဗာပူးကေန ထြက္ခြင့္ေတာင္းခံခဲ့တာေၾကာင့္လို႔ သိရပါတယ္။

လီဗာပူး ဦးေဆာင္တဲ့ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီးက လိဂ္ရဲ႕ လုပ္ပိုင္ခြင့္ေတြကို ပိုမို တိုးျမင့္ဖို႔ ၾကိဳးစားေနတဲ့ အစီအစဥ္ဟာ အဂၤလန္ေဘာလံုးေလာကမွာ ျပင္းထန္တဲ့ အျငင္းပြားမႈေတြ ျဖစ္ေစမယ့္ ကိစၥလို႔ ပရီးမီးယားလိဂ္က မာမာထန္ထန္ တုန္႔ျပန္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒီရာသီ PFA awards အတြက္ သူကိုယ္တုိင္က ဒီဘရိုင္းကို မဲေပးခဲ့ေၾကာင္း ဝန္ခံပါတယ္။