လီဗာပူးအသင်းရဲ့ မဲဝုဒ်လေ့ကျင့်ရေးမှာတော့ ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား မာနေးတို့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီလို့ သိရပါတယ်။

တနင်္လာနေ့ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်မှာတင် သူတို့ နှစ်ဦး ပြန်လည် ပါဝင်ခဲ့ကြခြင်းဖြစ်တယ်။ နှစ်ဦးလုံးဟာ ကိုဗစ် စစ်ဆေးမှု positive ရလဒ် ထွက်ထားရာက သက်သာလာတဲ့နောက် စတင်ကာ လေ့ကျင့်ရေးဝင်ခဲ့တာပါ။

ဒါဟာ ဒီနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်တဲ့ ၂၃၈ ကြိမ်မြောက် မာဆေးဆိုဒ် ဒါဘီပွဲအတွက် သတင်းကြီးတစ်ရပ်လည်း ဖြစ်လာခဲ့တယ်။ အဲဗာတန်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပုံစံကောင်းရနေတာကြောင့် လီဗာပူးအသင်းမှာလည်း အဓိက ကစားသမားတွေ အားလုံး ပါလာဖို့ မျှော်လင့်နေကြတာဖြစ်တယ်။

သီယာဂိုနဲ့ မာနေးတို့ဟာ သူတို့ရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့ အနည်းဆုံး ၄ ရက် အချိန်ရမှာဖြစ်တယ်။ သီယာဂိုဟာ ကွာရန်တင်းကိစ္စကို ၁၀ ရက် ဝန်းကျင်ပဲ ဝင်ခဲ့ရပြီး တနင်္ဂနွေနေ့မှာတည်းက အပြင်ကို ပြန်ထွက်လာခဲ့တယ်။ ထိုနည်းတူ မာနေးကလည်း ကွာရန်တင်း ၁၄ ရက် မပြည့်ခင် သက်သာသွားခဲ့ပါတယ်။

ကစားသမား နှစ်ဦးက ကွာရန်တင်း မဝင်ခင်မှာ လေ့ကျင့်သား ပြည့်ထားခဲ့ပြီး ကြံ့ခိုင်မှု အကောင်းဆုံးမှာ ရှိထားကြသူတွေပါ။ ဒါကြောင့် ဒီ ၅ ရက်အတွင်း သူတို့တွေ မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဝင်မှုက အဲဗာတန်နဲ့ပွဲကို ထုတ်သုံးနိုင်ဖို့ထိ သက်ရောက်မှု ရှိနိုင်ပါတယ်။

ကွင်းလယ်လူ ဟန်ဒါဆန်၊ ထရန့် အပြင် ဆွစ်ဇလန်မှ ရှာကွီရီတို့လည်း ကြံ့ခိုင်မှုတွေ ကောင်းနေတယ်။ လီဗာပူးအတွက် တစ်ခုတည်းသော ပြဿနာက ဂိုးသမား အယ်လီဆန် ဒဏ်ရာရနေဆဲဖြစ်သလို ပီရူးကနေ ပြန်လာမယ့် ဘရာဇီးကစားသမား နှစ်ဦး အဲဗာတန်ပွဲအမှီ ကိုဗစ် စစ်ဆေးမှု ပြီးနိုင်မလားပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ မဲဝုဒ္ေလ့က်င့္ေရးမွာေတာ့ ကြင္းလယ္လူ သီယာဂိုနဲ႔ တိုက္စစ္သမား မာေနးတို႔ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ၾကျပီလို႔ သိရပါတယ္။

တနလၤာေန႔ရဲ႕ ပထမဆံုး ေလ့က်င့္ေရး အစီအစဥ္မွာတင္ သူတို႔ ႏွစ္ဦး ျပန္လည္ ပါဝင္ခဲ့ၾကျခင္းျဖစ္တယ္။ ႏွစ္ဦးလံုးဟာ ကိုဗစ္ စစ္ေဆးမႈ positive ရလဒ္ ထြက္ထားရာက သက္သာလာတဲ့ေနာက္ စတင္ကာ ေလ့က်င့္ေရးဝင္ခဲ့တာပါ။

ဒါဟာ ဒီႏွစ္ေတြအတြင္း အျပင္းထန္ဆံုး ျဖစ္လာႏုိင္တဲ့ ၂၃၈ ၾကိမ္ေျမာက္ မာေဆးဆိုဒ္ ဒါဘီပြဲအတြက္ သတင္းၾကီးတစ္ရပ္လည္း ျဖစ္လာခဲ့တယ္။ အဲဗာတန္ဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီး ပံုစံေကာင္းရေနတာေၾကာင့္ လီဗာပူးအသင္းမွာလည္း အဓိက ကစားသမားေတြ အားလံုး ပါလာဖို႔ ေမွ်ာ္လင့္ေနၾကတာျဖစ္တယ္။

သီယာဂိုနဲ႔ မာေနးတို႔ဟာ သူတို႔ရဲ႕ ၾကံ႕ခိုင္မႈကို သက္ေသျပဖို႔ အနည္းဆံုး ၄ ရက္ အခ်ိန္ရမွာျဖစ္တယ္။ သီယာဂိုဟာ ကြာရန္တင္းကိစၥကို ၁၀ ရက္ ဝန္းက်င္ပဲ ဝင္ခဲ့ရျပီး တနဂၤေႏြေန႔မွာတည္းက အျပင္ကို ျပန္ထြက္လာခဲ့တယ္။ ထိုနည္းတူ မာေနးကလည္း ကြာရန္တင္း ၁၄ ရက္ မျပည့္ခင္ သက္သာသြားခဲ့ပါတယ္။

ကစားသမား ႏွစ္ဦးက ကြာရန္တင္း မဝင္ခင္မွာ ေလ့က်င့္သား ျပည့္ထားခဲ့ျပီး ၾကံ႕ခိုင္မႈ အေကာင္းဆံုးမွာ ရွိထားၾကသူေတြပါ။ ဒါေၾကာင့္ ဒီ ၅ ရက္အတြင္း သူတို႔ေတြ မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဝင္မႈက အဲဗာတန္နဲ႔ပြဲကို ထုတ္သံုးႏုိင္ဖို႔ထိ သက္ေရာက္မႈ ရွိႏုိင္ပါတယ္။

ကြင္းလယ္လူ ဟန္ဒါဆန္၊ ထရန္႔ အျပင္ ဆြစ္ဇလန္မွ ရွာကီြရီတို႔လည္း ၾကံ႕ခိုင္မႈေတြ ေကာင္းေနတယ္။ လီဗာပူးအတြက္ တစ္ခုတည္းေသာ ျပႆနာက ဂိုးသမား အယ္လီဆန္ ဒဏ္ရာရေနဆဲျဖစ္သလို ပီရူးကေန ျပန္လာမယ့္ ဘရာဇီးကစားသမား ႏွစ္ဦး အဲဗာတန္ပြဲအမွီ ကိုဗစ္ စစ္ေဆးမႈ ျပီးႏုိင္မလားပဲ ျဖစ္ပါတယ္။