လာမယ့်အပတ်မှာတော့ လီဗာပူးဟာ နယ်သာလန်ကလပ် အေးဂျက်အသင်းနဲ့ ယှဉ်ပြိုင်ခြင်းဖြင့် ချန်ပီယံလိဂ်ပွဲတွေကို ပြန်လည် စတင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ရံှူးထွက်ပွဲတွေမှာ ချန်ပီယံလိဂ် စည်းမျဉ်း အနည်းငယ်ဟာ ယာယီ ပြောင်းလဲမှုတွေ ရှိခဲ့တယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ယခင် ပုံစံဟောင်းနဲ့ ပြန်လည် ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပေမယ့် စည်းမျဉ်း အနည်းငယ်ကို အပြောင်းအလဲ လုပ်ထားပေးမှာ ဖြစ်ပါတယ်။
5 subs
ဥရောပ အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ် တစ်ခုတည်းက လူစားလဲမှု ၅ ကြိမ်ကို ခွင့်မပြုပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ လူစားလဲမှု ၅ ခု လုပ်ခွင့် စည်းမျဉ်းကို ခွင့်ပြုပေးထားပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာ မြင်ခဲ့ရတဲ့ လူစားလဲမှု ၅ ခုကို သုံးကြိမ်အတွင်း လဲရမှာထက် ၅ ကြိမ် လဲခွင့်ကိုလည်း ပေးမှာဖြစ်ပါတယ်။
VAR stays
ဥရောပပြိင်ပွဲတွေမှာ VAR ကို မိတ်ဆက်ရာမှာတေ့ာ စကားပြောစရာတွေ အများကြီး ဖြစ်ထားပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ကတော့ အခြေအနေ ကောင်းနေဆဲဖြစ်ကာ VAR ကိုလည်း ဆက်သုံးမှာဖြစ်ပါတယ်။
Old format
အုပ်စုတွင်းပွဲတွေကို အိမ်ကွင်း အဝေးကွင်း ပုံစံဖြင့်ပဲ ယှဉ်ပြိုင်ရမှာဖြစ်သလို ရံှူးထွက်အဆင့်တွေကို နှစ်ကျော့အဖြစ် ကစားမှာဖြစ်ကာ သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်မှုတွေ ဆက်ရှိနေပါမယ်။
ZAWGYI
5 subs
VAR stays
Old format
အုပ်စုတွင်းပွဲတွေကို အိမ်ကွင်း အဝေးကွင်း ပုံစံဖြင့်ပဲ ယှဉ်ပြိုင်ရမှာဖြစ်သလို ရှူံးထွက်အဆင့်တွေကို နှစ်ကျော့အဖြစ် ကစားမှာဖြစ်ကာ သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်မှုတွေ ဆက်ရှိနေပါမယ်။