ပရီးမီးယားလိဂ်ကတော့ ရုပ်သံကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပွဲတွေကို တစ်ပွဲချင်းအလိုက် ပိုက်ဆံပေးရတဲ့ pay-per-view စနစ်ဖြင့် ပြသသွားဖို့ စီစဉ်ထားပါတယ်။

အဆိုပါ စနစ်အရ ပွဲစဉ် တစ်ပွဲကို တိုက်ရိုက် ကြည့်လိုတယ်ဆိုရင် မူလ ယူထားတဲ့ လစဉ်ကြေေးတွနဲ့ သက်ဆိုင်ခြင်း မရှိပါဘဲ တစ်ပွဲကို ၁၅ ပေါင် နှုန်း ပေးရမှာဖြစ်တယ်။ ဒီကိစ္စကို ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး လိဂ်တာဝန်ရှိသူတွေကတော့ မန်နေဂျာတွေဟာ pay-per-view စနစ်နဲ့ ပက်သက်ပြီး လုံးဝ စကားမပြောရဘူးလို့ ပိတ်ပင်လိုက်ပါပြီ။

တိုက်ရိုက် ပြသရာမှာ pay-per-view နဲ့ ကြည့်ရမယ့် ပထမဆုံးပွဲက ချယ်ဆီးနဲ့ ဆောက်သမ်တန်ပွဲဖြဖစ်တယ်။ ယူနိုက်တက်နဲ့ နယူးကာဆယ်ပွဲအပြင် လီဗာပူးနဲ့ ရှက်ဖီးပွဲတွေကလည်း pay-per-view နဲ့မှ ကြည့်ခွင့်ရမယ့် ပွဲစဉ်တွေထဲ ပါဝင်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ ကလပ် ၂၀ လုံးရဲ့ ပထမအသင်း မန်နေဂျာတွေ အားလုံးကို ဒီကိစ္စနဲ့ ပက်သက်ပြီး မီဒီယာတွေက မေးလာခဲ့ရင် လုံးဝ ဖြေဆိုခြင်း မလုပ်ဖို့ သတိပေးစာတွေ ပေးပို့ထားပြီဖြစ်တယ်။

လာမယ့်ရာသီ အစမှာတည်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ရယူထားတဲ့ ရုပ်သံတွေဟာ ပရိသတ်တွေအတွက် ဘောလုံးပွဲစဉ် ၃၈၀ လုံးကို တိုက်ရိုက် လွှင့်ပေးမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

တစ်ရာသီလုံးမှာ ယှဉ်ပြိင်ရတဲ့ ပွဲတွေရဲ့ ၆၀% ဖြစ်တဲ့ ပွဲပေါင်း ၂၂၀ ကိုပဲ တိုက်ရိုက် ကြည့်ခွင့်ရမှာဖြစ်တယ်။ ကျန်ပွဲတွေကိုတော့ pay-per-view စနစ် (သို့) သက်ဆိုင်ရာ ကလပ်တွေရဲ့ တီဗီချန်နယ်ကို အခကြေး ပေးသွင်းထားသူတွေပဲ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကေတာ့ ရုပ္သံကေန ထုတ္လႊင့္မွာ မဟုတ္တဲ့ ပြဲေတြကို တစ္ပြဲခ်င္းအလိုက္ ပိုက္ဆံေပးရတဲ့ pay-per-view စနစ္ျဖင့္ ျပသသြားဖို႔ စီစဥ္ထားပါတယ္။

အဆိုပါ စနစ္အရ ပြဲစဥ္ တစ္ပြဲကို တိုက္ရိုက္ ၾကည့္လိုတယ္ဆိုရင္ မူလ ယူထားတဲ့ လစဥ္ေၾကေးတြနဲ႔ သက္ဆုိင္ျခင္း မရွိပါဘဲ တစ္ပြဲကို ၁၅ ေပါင္ ႏႈန္း ေပးရမွာျဖစ္တယ္။ ဒီကိစၥကို ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ေနၾကျပီး လိဂ္တာဝန္ရွိသူေတြကေတာ့ မန္ေနဂ်ာေတြဟာ pay-per-view စနစ္နဲ႔ ပက္သက္ျပီး လံုးဝ စကားမေျပာရဘူးလို႔ ပိတ္ပင္လုိက္ပါျပီ။

တိုက္ရိုက္ ျပသရာမွာ pay-per-view နဲ႔ ၾကည့္ရမယ့္ ပထမဆံုးပြဲက ခ်ယ္ဆီးနဲ႔ ေဆာက္သမ္တန္ပြဲျဖဖစ္တယ္။ ယူႏုိက္တက္နဲ႔ နယူးကာဆယ္ပြဲအျပင္ လီဗာပူးနဲ႔ ရွက္ဖီးပြဲေတြကလည္း pay-per-view နဲ႔မွ ၾကည့္ခြင့္ရမယ့္ ပြဲစဥ္ေတြထဲ ပါဝင္ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ ကလပ္ ၂၀ လံုးရဲ႕ ပထမအသင္း မန္ေနဂ်ာေတြ အားလံုးကို ဒီကိစၥနဲ႔ ပက္သက္ျပီး မီဒီယာေတြက ေမးလာခဲ့ရင္ လံုးဝ ေျဖဆိုျခင္း မလုပ္ဖို႔ သတိေပးစာေတြ ေပးပို႔ထားျပီျဖစ္တယ္။

လာမယ့္ရာသီ အစမွာတည္းက ပရီးမီးယားလိဂ္ကို တိုက္ရိုက္ထုတ္လႊင့္ခြင့္ ရယူထားတဲ့ ရုပ္သံေတြဟာ ပရိသတ္ေတြအတြက္ ေဘာလံုးပြဲစဥ္ ၃၈၀ လံုးကို တိုက္ရိုက္ လႊင့္ေပးမွာ မဟုတ္ေၾကာင္း ေၾကညာထားပါတယ္။

တစ္ရာသီလံုးမွာ ယွဥ္ျပိင္ရတဲ့ ပြဲေတြရဲ႕ ၆၀% ျဖစ္တဲ့ ပြဲေပါင္း ၂၂၀ ကိုပဲ တိုက္ရိုက္ ၾကည့္ခြင့္ရမွာျဖစ္တယ္။ က်န္ပြဲေတြကိုေတာ့ pay-per-view စနစ္ (သို႔) သက္ဆိုင္ရာ ကလပ္ေတြရဲ႕ တီဗီခ်န္နယ္ကို အခေၾကး ေပးသြင္းထားသူေတြပဲ ၾကည့္ခြင့္ရမွာ ျဖစ္ပါတယ္။