ကမ္ဘာကျော် ဘောလုံးဆုတစ်ခုဖြစ်တဲ့ ဘလွန်းဒီအော့ဆုကို ရွေးချယ်ပေးအပ်နေတဲ့ France Football ဟာ 2020 Ballon d’Or ကို ကိုဗစ်ကြောင့် ဖျက်သိမ်းထားပါတယ်။

ဒါပေမယ့်လို့ France Football ဟာ ပုံစံသစ်တစ်ခုကို 2020 Ballon d’Or နေရာမှာ အစားထိုးလာခဲ့ပြီး အဲ့တာကိုတော့ Dream Team of 11 players လို့ နာမည်ပေးထားပါတယ်။ ဒီအသင်းကိုတော့ ဒီနှစ်အကုန်မှာ ကြေညာသွားမှာဖြစ်ပါတယ်။

France Football ဟာ ၁၉၅၆ ခုနှစ်မှာ ဘလွန်းဒီအော့ဆုကို စတင်ကာ ပေးလာခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အကောင်းဆုံး အမျိုးသမီးဆု၊ အကောင်းဆုံး လူငယ်ဆုတွေကို ထပ်တိုး ချီးမြင့်လာခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ အကောင်းဆုံး ဂိုးသမားဆုကို စတင် ချီးမြင့်ခဲ့ပါတယ်။

ဒါပေမယ့်လို့ ဒီနှစ်မှာ အဆိုပါ ဆု ၄ ခုလုံးကို ပယ်ဖျက်လိုက်တာပါ။ ဒီအနေရာမှာ အစားထိုးဝင်လာမယ့် Dream Team of 11 players ကတော့ ဘလွန်းဒီအော့ဆု ချီးမြင့်တဲ့ သမိုင်းတစ်လျှောက်အတွင်း အကောင်းဆုံးသော ကစားသမား ၁၁ ဦးကို ရွေးချယ်ခြင်းဖြစ်ပါတယ်။

လောလောဆယ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမား၊ ဘယ်အစွန်လူ၊ ညာအစွန်လူတွေအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ထားပါပြီ။ နောက်ဆုံး ထုတ်ပြန်လာတာကတော့ တိုက်စစ်အားသန် ကွင်းလယ်လူနဲ့ ခံစစ်အားသန် ကွင်းလယ်လူစာရင်းတွေ ဖြစ်ပါတယ်။

တစ်နေရာအတွက် ကစားသမား ၂၀ ဖြင့် ကွင်းလယ်လူပေါင်း ၄၀ စာရင်းကို ထုတ်ပြန်ခြင်းဖြစ်တယ်။ အဆိုပါ စာရင်းရဲ့ ခံစစ်အားသန် ကွင်းလယ်လူတွေအဖြစ် လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်နဲ့ ကွင်းလယ်လူဟောင်း အလွန်ဆိုတို့ ပါဝင်လာပါတယ်။ တနည်းအားဖြင့် အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ကနေ စတီဗင်ဂျရတ် တစ်ဦးထဲကပဲ ကွင်းလယ်နေရာမှာ ပါဝင်ခဲ့တာဖြစ်တယ်။

စတီဗင်ဂျရတ်ဟာ နေရာစုံမှာ ကစားခဲ့သူဖြစ်ပြီး ကွင်းလယ်တိုက်စစ်၊ နောက်ချန် တိုက်စစ်၊ ကွင်းလယ်ဖန်တီးရှင်တွေမှာလည်း ကစားခဲ့ကာ သူ့ကစားသမားဘဝ နောက်ဆုံးနှစ်တွေမှာတော့ ကွင်းလယ်ခံစစ်သမားအဖြစ် အကောင်းဆုံး ကစားခဲ့သူဖြစ်တယ်။

ဒီထုတ်ပြန်မှုဟာ ဆန်ကာတင်အဆင့်ပဲ ဖြစ်ပေမယ့် ဘောလုံးသမိုင်းရဲ့ အထင်ကရ ကွင်းလယ်လူ ၄၀ ထဲမှာ ပါဝင်နိုင်တဲ့ တစ်ဦးတည်းသော အင်္ဂလန်လိဂ် ကိုယ်စားပြု ဗြိတိန်ကွင်းလယ်လူ ဆိုတာနဲ့တင် စတီဗင်အပေါ် ကမ္ဘာဘောလုံးလောကရဲ့ တန်ဖိုးဖြတ်မှုက မြင်သာလှပြီ ဖြစ်ပါတယ်။

ZAWGYI

ကမၻာေက်ာ္ ေဘာလံုးဆုတစ္ခုျဖစ္တဲ့ ဘလြန္းဒီေအာ့ဆုကို ေရြးခ်ယ္ေပးအပ္ေနတဲ့ France Football ဟာ 2020 Ballon d’Or ကို ကိုဗစ္ေၾကာင့္ ဖ်က္သိမ္းထားပါတယ္။

ဒါေပမယ့္လို႔ France Football ဟာ ပံုစံသစ္တစ္ခုကို 2020 Ballon d’Or ေနရာမွာ အစားထိုးလာခဲ့ျပီး အဲ့တာကိုေတာ့ Dream Team of 11 players လို႔ နာမည္ေပးထားပါတယ္။ ဒီအသင္းကိုေတာ့ ဒီႏွစ္အကုန္မွာ ေၾကညာသြားမွာျဖစ္ပါတယ္။

France Football ဟာ ၁၉၅၆ ခုႏွစ္မွာ ဘလြန္းဒီေအာ့ဆုကို စတင္ကာ ေပးလာခဲ့တာျဖစ္ျပီး ၂၀၁၈ ခုႏွစ္မွာ အေကာင္းဆံုး အမ်ိဳးသမီးဆု၊ အေကာင္းဆံုး လူငယ္ဆုေတြကို ထပ္တိုး ခ်ီးျမင့္လာခဲ့တယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ အေကာင္းဆံုး ဂိုးသမားဆုကို စတင္ ခ်ီးျမင့္ခဲ့ပါတယ္။

ဒါေပမယ့္လို႔ ဒီႏွစ္မွာ အဆိုပါ ဆု ၄ ခုလံုးကို ပယ္ဖ်က္လိုက္တာပါ။ ဒီအေနရာမွာ အစားထိုးဝင္လာမယ့္ Dream Team of 11 players ကေတာ့ ဘလြန္းဒီေအာ့ဆု ခ်ီးျမင့္တဲ့ သမိုင္းတစ္ေလွ်ာက္အတြင္း အေကာင္းဆံုးေသာ ကစားသမား ၁၁ ဦးကို ေရြးခ်ယ္ျခင္းျဖစ္ပါတယ္။

ေလာေလာဆယ္ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး ဂိုးသမား၊ ဘယ္အစြန္လူ၊ ညာအစြန္လူေတြအတြက္ ဆန္ကာတင္စာရင္းကို ထုတ္ျပန္ထားပါျပီ။ ေနာက္ဆံုး ထုတ္ျပန္လာတာကေတာ့ တိုက္စစ္အားသန္ ကြင္းလယ္လူနဲ႔ ခံစစ္အားသန္ ကြင္းလယ္လူစာရင္းေတြ ျဖစ္ပါတယ္။

တစ္ေနရာအတြက္ ကစားသမား ၂၀ ျဖင့္ ကြင္းလယ္လူေပါင္း ၄၀ စာရင္းကို ထုတ္ျပန္ျခင္းျဖစ္တယ္။ အဆိုပါ စာရင္းရဲ႕ ခံစစ္အားသန္ ကြင္းလယ္လူေတြအျဖစ္ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္နဲ႔ ကြင္းလယ္လူေဟာင္း အလြန္ဆုိတို႔ ပါဝင္လာပါတယ္။ တနည္းအားျဖင့္ အဂၤလန္အဆင့္ျမင့္တန္းလိဂ္ကေန စတီဗင္ဂ်ရတ္ တစ္ဦးထဲကပဲ ကြင္းလယ္ေနရာမွာ ပါဝင္ခဲ့တာျဖစ္တယ္။

စတီဗင္ဂ်ရတ္ဟာ ေနရာစံုမွာ ကစားခဲ့သူျဖစ္ျပီး ကြင္းလယ္တိုက္စစ္၊ ေနာက္ခ်န္ တိုက္စစ္၊ ကြင္းလယ္ဖန္တီးရွင္ေတြမွာလည္း ကစားခဲ့ကာ သူ႔ကစားသမားဘဝ ေနာက္ဆံုးႏွစ္ေတြမွာေတာ့ ကြင္းလယ္ခံစစ္သမားအျဖစ္ အေကာင္းဆံုး ကစားခဲ့သူျဖစ္တယ္။

ဒီထုတ္ျပန္မႈဟာ ဆန္ကာတင္အဆင့္ပဲ ျဖစ္ေပမယ့္ ေဘာလံုးသမိုင္းရဲ႕ အထင္ကရ ကြင္းလယ္လူ ၄၀ ထဲမွာ ပါဝင္ႏုိင္တဲ့ တစ္ဦးတည္းေသာ အဂၤလန္လိဂ္ ကိုယ္စားျပဳ ျဗိတိန္ကြင္းလယ္လူ ဆိုတာနဲ႔တင္ စတီဗင္အေပၚ ကမၻာေဘာလံုးေလာကရဲ႕ တန္ဖိုးျဖတ္မႈက ျမင္သာလွျပီ ျဖစ္ပါတယ္။