အင်္ဂလန်ဘယ်အစွန်လူဟောင်း အက်ရှလေကိုးက ထရန့်ဟာ အင်္ဂလန်အသင်းမှာ ကစားနေရတဲ့ အစွန်-တောင်ပံ နေရာမှာ ရုန်းကန်နေရတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးအသင်းမှာ ခံစစ် ၄ ယောက်တန်း ညာအစွန်နေရာက ကစားပေမယ့် အင်္ဂလန်မှာတော့ သူဟာ ညာအစွန်-တောင်ပံ ဘယ်အစွန်-တောင်ပံတွေကနေ ကစားနေရတာပါ။ အင်္ဂလန်အသင်းက သုံးယောက်တန်း ခံစစ်ကိုပဲ အားပြုကစားနေပြီး ဒီစနစ်ကပဲ ထရန့်ကို ခြေစွမ်းပြဖို့ ရုန်းကန်ရစေတယ်။

ကိုးက ပြောရာမှာ ‘ ထရန့်ကို အစွန်-တောင်ပံ သမားတစ်ဦးအဖြစ် မြင်နေရတာကို ကျနော်ကတော့ မကြိုက်ပါဘူး။ သူက ခံစစ်ကနေ တက်လာပြီး တောင်ပံတွေထိ ဖြန့်ကစားရာမှာ အံဝင်သူဖြစ်ပါတယ်။

သူက ခံစစ်ကနေ ရှေ့ကိုတက်လာကာ နေရာလွတ်တွေထဲကို ဝင်ရောက်လာပြီး ဖြတ်တင်ဘောနဲ့ ပေးမှုတွေကို လုပ်နိုင်သူဖြစ်ပါတယ်။ ဒါပေမယ့်လို့ အင်္ဂလန်အသင်းမှာ ဘယ်ခြမ်းက အစွန်-တောင်ပံသမားအဖြစ် ကစားနေရတာကတော့ သူနဲ့ အံဝင်နေတယ်လို့ မထင်ပါဘူး ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထရန့်ဟာ လီဗာပူးအသင်းမှာ တောက်ပလာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ ၁၃၈ ပွဲမှာ ဂိုးထောက်ပံ့မှု ၃၆ ကြိမ်ထိ လုပ်ထားနိုင်သူပါ။ ညာအစွန်လူစစ်စစ်ဖြစ်သလို တိုက်စစ်လိုက်ခြင်းလည်း ကောင်းမွန်ခြင်းကြောင့် အင်္ဂလန်ရဲ့ အကောင်းဆုံး အစွန်လူတွေထဲက တစ်ဦးအဖြစ်လည်း ယုံကြည်ခြင်း ခံထားရသူဖြစ်တယ်။

ဒါပေမယ့် လက်ရွေးစင်အသင်းက ခြေစွမ်းက ကလပ်အသင်းက ခြေစွမ်းလောက် မတောက်ပနေတာက ကစားရတဲ့နေရာ ကွဲပြားခြင်းကြောင့်လို့ ကိုးက ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ဘယ္အစြန္လူေဟာင္း အက္ရွေလကိုးက ထရန္႔ဟာ အဂၤလန္အသင္းမွာ ကစားေနရတဲ့ အစြန္-ေတာင္ပံ ေနရာမွာ ရုန္းကန္ေနရတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးအသင္းမွာ ခံစစ္ ၄ ေယာက္တန္း ညာအစြန္ေနရာက ကစားေပမယ့္ အဂၤလန္မွာေတာ့ သူဟာ ညာအစြန္-ေတာင္ပံ ဘယ္အစြန္-ေတာင္ပံေတြကေန ကစားေနရတာပါ။ အဂၤလန္အသင္းက သံုးေယာက္တန္း ခံစစ္ကိုပဲ အားျပဳကစားေနျပီး ဒီစနစ္ကပဲ ထရန္႔ကို ေျခစြမ္းျပဖို႔ ရုန္းကန္ရေစတယ္။

ကိုးက ေျပာရာမွာ ‘ ထရန္႔ကို အစြန္-ေတာင္ပံ သမားတစ္ဦးအျဖစ္ ျမင္ေနရတာကို က်ေနာ္ကေတာ့ မၾကိဳက္ပါဘူး။ သူက ခံစစ္ကေန တက္လာျပီး ေတာင္ပံေတြထိ ျဖန္႔ကစားရာမွာ အံဝင္သူျဖစ္ပါတယ္။

သူက ခံစစ္ကေန ေရွ႔ကိုတက္လာကာ ေနရာလြတ္ေတြထဲကို ဝင္ေရာက္လာျပီး ျဖတ္တင္ေဘာနဲ႔ ေပးမႈေတြကို လုပ္ႏုိင္သူျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အဂၤလန္အသင္းမွာ ဘယ္ျခမ္းက အစြန္-ေတာင္ပံသမားအျဖစ္ ကစားေနရတာကေတာ့ သူနဲ႔ အံဝင္ေနတယ္လို႔ မထင္ပါဘူး ‘ လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

ထရန္႔ဟာ လီဗာပူးအသင္းမွာ ေတာက္ပလာခဲ့ျပီး ပရီးမီးယားလိဂ္ပြဲ ၁၃၈ ပြဲမွာ ဂိုးေထာက္ပံ့မႈ ၃၆ ၾကိမ္ထိ လုပ္ထားႏုိင္သူပါ။ ညာအစြန္လူစစ္စစ္ျဖစ္သလို တိုက္စစ္လိုက္ျခင္းလည္း ေကာင္းမြန္ျခင္းေၾကာင့္ အဂၤလန္ရဲ႕ အေကာင္းဆံုး အစြန္လူေတြထဲက တစ္ဦးအျဖစ္လည္း ယံုၾကည္ျခင္း ခံထားရသူျဖစ္တယ္။

ဒါေပမယ့္ လက္ေရြးစင္အသင္းက ေျခစြမ္းက ကလပ္အသင္းက ေျခစြမ္းေလာက္ မေတာက္ပေနတာက ကစားရတဲ့ေနရာ ကြဲျပားျခင္းေၾကာင့္လို႔ ကိုးက ဆိုခဲ့တာ ျဖစ္ပါတယ္။