၁၉၉၂ ခုနှစ်က ရေးဆွဲထားတဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ လီဗာပူး၊ ယူနိုက်တက် အပါအဝင် ကြီး ၆ ကြီးက ကြိုးစားနေတဲ့ Project Big Picture ကို ထောက်ခံလားဆိုတဲ့ မေးမြန်းမှုကို အာဆင်ဝင်းဂါးက ပြန်လည် ဖြေဆိုမှု လုပ်လာပါတယ်။

ကြီး ၆ ကြီးက ရုပ်သံဝင်ငွေတွေထဲက ပေါင် သန်း ၂၅၀ ကို EFL ကလပ်တွေကို ခွဲဝေပေးမှု၊ အက်ဖ်အေကို ထောက်ပံ့ကြေး ပေါင် သန်း ၁၀၀ ပေးမှုနဲ့အတူ လိဂ်ရဲ့ အာဏာကို ထိပ်သီးကလပ်တွေထဲမှာ ပိုမိုရောက်စေမယ့် ညိနှိုင်းမှုတွေ လုပ်နေတာပါ။ ဒီကိစ္စအတွက် လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက ရှေ့ထွက်နေပြီး EFL ဥက္ကဌက ဂလေဇာမိသားစုနဲ့လည်း ဆွေးနွေးထားပါတယ်။

Project Big Picture စီမံကိန်းမှာ အရေးပါတဲ့ အချက်ကတော့ ပရီးမီးယားလိဂ်စည်းမျဉ်းကို ပြောင်းလဲဖို့ ကလပ် ၁၄ သင်း သဘောတူညီရမယ့် နေရာမှာ အင်္ဂလန်အဆင့်မြင့်တန်းမှာရှိတဲ့ သမ္ဘာရင့် ကလပ် ၉ သင်းထဲက ၆ သင်း သဘောတူညီရင် ခွင့်ပြုရမယ်ဆိုတဲ့ အချက်မျိုးတွေ ပါဝင်နေတယ်။

ကြီး ၆ ကြီးက ကိုဗစ်ကပ်ဘေးမှာ လိဂ်ရဲ့ လုပ်ပိုင်းခွင့်က သူတို့လက်ထဲမှာ မရှိဘဲ ဆွေးနွေးမှုတိုင်းကို တန်းဆင်းဇုန်မှာ ရှိနေတဲ့ ကလပ်တွေရဲ့ ပယ်ချမှုကို ခံခဲ့ရတာမျိုးကို စိတ်ပျက်နေတယ်။ အထူးသဖြင့် တန်းဆင်းဖို သေချာသလောက်ရှိနေတဲ့ ဟက်ဒါဖီးလိုအသင်းရဲ့ မဲက ကြီး ၆ ကြီး ကလပ်တွေ ပိုင်ထားတဲ့ မဲတွေနဲ့ တန်ဖိုးညီနေတာကလည်း ၎င်းတို့ကို ဒေါသထွက်စေခဲ့တယ်။

အာဆင်ဝင်းဂါးကတော့ ကြီး ၆ ကြီးက အင်္ဂလန်ရဲ့ အစဉ်အလာကို လေးစားဖို့လိုမယ်လို့ သူ့အမြင်ကို ဆိုတယ်။ အသင်းသေးလေးတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့တော့ တစ်ခုခုတော့ လုပ်ရမယ်ဆိုတာကိုတော့ ဝင်းဂါးက လက်ခံထားပေမယ့် ငွေပေးလိုက်တာ တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ သူက မြင်ပါတယ်။

အာဆင်ဝင်းဂါးက ပြောရာမှာ “ ဘာမှမလုပ်ရင် အသင်းငယ်လေးတွေ ပျောက်ကွယ်သွားရလိမ့်မယ်၊ ပိုက်ဆံပေးလိုက်တာက ပြဿနာကို ဖြေရှင်းပေးနိုင်မယ် မထင်ပါဘူး၊ ပြသနာက အဲ့ဒါထက် ပိုပြီးလေးနက်ပါတယ်၊ ငွေကြေးပိုင်းဆိုင်ရာတွေကို မျှဝေရမယ်၊ ထိပ်တန်းကလပ်တွေရဲ့ ဝင်ငွေတွေကို အသင်းသေးလေးတွေအတွက် ပိုပြီးမျှပေးရမယ် ”လို့ ဆိုပါတယ်။

ကာရာဘောင်းဖလားမှာ ဥရောပပြိုင်ပွဲဝင် ကလပ်တွေကို နုတ်ထွက်ခွင့်ပြုဖို့၊ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၁၈ သင်းထိ လျှော့ချတာဖို့ အစရှိတဲ့ တောင်းဆိုမှုတွေကိုထောက်ခံလားလို့ မေးမြန်းခံရရာမှာတော့ အာဆင်ဝင်းဂါးက

“ နိုင်ငံအတွင်းက လုပ်နေကျ အစဉ်အလာကိစ္စတွေကို လုံးဝလျစ်လျူရှုထားလို့ မရဘူး ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းက အင်္ဂလန်ပြင်ပ ပိုင်ရှင်တွေဆီက လာတာပါ၊ ဒါက တွန့်ဆုတ်မှုတွေနဲ့ မကောင်းတဲ့ ချဉ်းကပ်မှုတွေ ဖြစ်လာစေပါလိမ့်မယ်၊

ကိုဗစ်မတိုင်ခင် ရှိပြီးသား ပြဿနာတွေကို ဖြေရှင်းမယ့် သဘောတူညီမှုရရှိဖို့ အားလုံးအတွက် ဖြေရှင်းချက်က အဖွဲ့ချုပ်၊ အစိုးရနဲ့ ပရီးမီးယားလိဂ်ဆီကနေ လာရမှာပါ” လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

၁၉၉၂ ခုႏွစ္က ေရးဆြဲထားတဲ့ ပရီးမီးယားလိဂ္ စည္းမ်ဥ္းေတြကို ျပင္ဆင္ဖို႔ လီဗာပူး၊ ယူႏုိက္တက္ အပါအဝင္ ၾကီး ၆ ၾကီးက ၾကိဳးစားေနတဲ့ Project Big Picture ကို ေထာက္ခံလားဆိုတဲ့ ေမးျမန္းမႈကို အာဆင္ဝင္းဂါးက ျပန္လည္ ေျဖဆိုမႈ လုပ္လာပါတယ္။

ၾကီး ၆ ၾကီးက ရုပ္သံဝင္ေငြေတြထဲက ေပါင္ သန္း ၂၅၀ ကို EFL ကလပ္ေတြကို ခြဲေဝေပးမႈ၊ အက္ဖ္ေအကို ေထာက္ပံ့ေၾကး ေပါင္ သန္း ၁၀၀ ေပးမႈနဲ႔အတူ လိဂ္ရဲ႕ အာဏာကို ထိပ္သီးကလပ္ေတြထဲမွာ ပိုမိုေရာက္ေစမယ့္ ညိႏိႈင္းမႈေတြ လုပ္ေနတာပါ။ ဒီကိစၥအတြက္ လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီက ေရွ႔ထြက္ေနျပီး EFL ဥကၠဌက ဂေလဇာမိသားစုနဲ႔လည္း ေဆြးေႏြးထားပါတယ္။

Project Big Picture စီမံကိန္းမွာ အေရးပါတဲ့ အခ်က္ကေတာ့ ပရီးမီးယားလိဂ္စည္းမ်ဥ္းကို ေျပာင္းလဲဖို႔ ကလပ္ ၁၄ သင္း သေဘာတူညီရမယ့္ ေနရာမွာ အဂၤလန္အဆင့္ျမင့္တန္းမွာရွိတဲ့ သမၻာရင့္ ကလပ္ ၉ သင္းထဲက ၆ သင္း သေဘာတူညီရင္ ခြင့္ျပဳရမယ္ဆိုတဲ့ အခ်က္မ်ိဳးေတြ ပါဝင္ေနတယ္။

ၾကီး ၆ ၾကီးက ကိုဗစ္ကပ္ေဘးမွာ လိဂ္ရဲ႕ လုပ္ပိုင္းခြင့္က သူတို႔လက္ထဲမွာ မရွိဘဲ ေဆြးေႏြးမႈတိုင္းကို တန္းဆင္းဇုန္မွာ ရွိေနတဲ့ ကလပ္ေတြရဲ႕ ပယ္ခ်မႈကို ခံခဲ့ရတာမ်ိဳးကို စိတ္ပ်က္ေနတယ္။ အထူးသျဖင့္ တန္းဆင္းဖို ေသခ်ာသေလာက္ရွိေနတဲ့ ဟက္ဒါဖီးလိုအသင္းရဲ႕ မဲက ၾကီး ၆ ၾကီး ကလပ္ေတြ ပိုင္ထားတဲ့ မဲေတြနဲ႔ တန္ဖိုးညီေနတာကလည္း ၄င္းတို႔ကို ေဒါသထြက္ေစခဲ့တယ္။

အာဆင္ဝင္းဂါးကေတာ့ ၾကီး ၆ ၾကီးက အဂၤလန္ရဲ႕ အစဥ္အလာကို ေလးစားဖို႔လိုမယ္လို႔ သူ႔အျမင္ကို ဆိုတယ္။ အသင္းေသးေလးေတြရဲ႕ အနာဂတ္ကို ကာကြယ္ဖို႔ေတာ့ တစ္ခုခုေတာ့ လုပ္ရမယ္ဆိုတာကိုေတာ့ ဝင္းဂါးက လက္ခံထားေပမယ့္ ေငြေပးလိုက္တာ တစ္ခုတည္းနဲ႔ ေျဖရွင္းလို႔ မရႏုိင္ဘူးလို႔ သူက ျမင္ပါတယ္။

အာဆင္ဝင္းဂါးက ေျပာရာမွာ “ ဘာမွမလုပ္ရင္ အသင္းငယ္ေလးေတြ ေပ်ာက္ကြယ္သြားရလိမ့္မယ္၊ ပိုက္ဆံေပးလိုက္တာက ျပႆနာကို ေျဖရွင္းေပးႏိုင္မယ္ မထင္ပါဘူး၊ ျပသနာက အဲ့ဒါထက္ ပိုၿပီးေလးနက္ပါတယ္၊ ေငြေၾကးပိုင္းဆိုင္ရာေတြကို မွ်ေဝရမယ္၊ ထိပ္တန္းကလပ္ေတြရဲ႕ ဝင္ေငြေတြကို အသင္းေသးေလးေတြအတြက္ ပိုၿပီးမွ်ေပးရမယ္ ”လို႔ ဆိုပါတယ္။

ကာရာေဘာင္းဖလားမွာ ဥေရာပျပိဳင္ပြဲဝင္ ကလပ္ေတြကို ႏုတ္ထြက္ခြင့္ျပဳဖို႔၊ ပရီးမီးယားလိဂ္ ျပိဳင္ပြဲဝင္ အသင္းအေရအတြက္ကို ၁၈ သင္းထိ ေလွ်ာ့ခ်တာဖို႔ အစရွိတဲ့ ေတာင္းဆိုမႈေတြကိုေထာက္ခံလားလို႔ ေမးျမန္းခံရရာမွာေတာ့ အာဆင္ဝင္းဂါးက

“ ႏိုင္ငံအတြင္းက လုပ္ေနက် အစဥ္အလာကိစၥေတြကို လုံးဝလ်စ္လ်ဴရႈထားလို႔ မရဘူး ထင္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီစီမံကိန္းက အဂၤလန္ျပင္ပ ပိုင္ရွင္ေတြဆီက လာတာပါ၊ ဒါက တြန႔္ဆုတ္မႈေတြနဲ႔ မေကာင္းတဲ့ ခ်ဥ္းကပ္မႈေတြ ျဖစ္လာေစပါလိမ့္မယ္၊

ကိုဗစ္မတိုင္ခင္ ရွိၿပီးသား ျပႆနာေတြကို ေျဖရွင္းမယ့္ သေဘာတူညီမႈရရွိဖို႔ အားလုံးအတြက္ ေျဖရွင္းခ်က္က အဖြဲ႕ခ်ဳပ္၊ အစိုးရနဲ႔ ပရီးမီးယားလိဂ္ဆီကေန လာရမွာပါ” လို႔ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။