ပရီးမီးယားလိဂ်က ပေါက်ကြာလာတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ လိဂ်ကို လွှမ်းမိုးရေး မဟာပလန်နဲ့ ပက်သက်လို့ အရေးပေါ် အစည်းအဝေး ခေါ်ယူမှာဖြစ်သလို ဒီကိစ္စကို ဒေါသကြီးနေတဲ့ ကလပ်တွေက လီဗာပူးနဲ့ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကို ပြင်းထန်စွာ ပြစ်တင်မယ်လို့ သိရပါတယယ်။

ပဲလေစ့်နဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ ညာအစွန်လူဟောင်း နေသန်ကလိုင်းဟာ မနက်ဖြန်မှာပဲ ဇန်နဝါရီအထိ လန်ဒန်ကလပ်မှာ ရှိနေမယ့် အပြီးသတ်စာချုပ်ကို ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ ကိတ်တာရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်အသစ် ဒီကနေ့မှာ ထွက်ပေါ်လာပါပြီ။ အဖြေက negative ဖြစ်နေတာကြောင့် သူ့ကို ပေါ်တူဂီကနေ မဲဝုဒ်ကို ပြန်ခွင့်ပေးခဲ့ပြီး လီဗာပူးမှာ စစ်ဆေးမှု တစ်ကြိမ်ကို ထပ်မံခံယူရပါမယ်။

သီယာဂို၊ မာနေးနဲ့ မာတစ်တို့ သုံးဦးလုံးဟာ ဒီကနေ့မှာပဲ မဲဝုဒ်မှာ ကျန်ရှိနေတဲ့ ဆာလက်၊ မီလ်နာတို့လို စီနီယာအသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးအပြည့် ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးနဲ့ ပီရူးပွဲမှာ တိုက်စစ်မှူး ဖာမင်နိုဟာ အသင်းဖော် ရစ်ချာလီဆန် ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှု လုပ်ပေးခဲ့ပြီး ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဘရာဇီးနည်းပြက လူစားလဲပေးခဲ့ပါတယ်။ ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ဟာ သောကြာနေ့ နောက်ဆုံးနာရီလောက်မှာ မဲဝုဒ်ကို ပြန်ရောက်ပါမယ်။

ဂိုးသမား ကားရီးယက်စ်က လီဗာပူးကနေ လုံးဝ ထွက်ခွာပြီလို့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီး အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကာ ဒီနွေမှပဲ စကားပြောကြမယ်လို့ ဆိုပါတယ်။

ဘာစီလိုနာဟာ ရာသီကုန်မှ မဟုတ်ဘဲ လာမယ့် ဇန်နဝါရီမှာတင် ဝိုက်နယ်ဒမ်ကို သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က ေပါက္ၾကာလာတဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ရဲ႕ လိဂ္ကို လႊမ္းမိုးေရး မဟာပလန္နဲ႔ ပက္သက္လို႔ အေရးေပၚ အစည္းအေဝး ေခၚယူမွာျဖစ္သလို ဒီကိစၥကို ေဒါသၾကီးေနတဲ့ ကလပ္ေတြက လီဗာပူးနဲ႔ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြကို ျပင္းထန္စြာ ျပစ္တင္မယ္လို႔ သိရပါတယယ္။

ပဲေလစ့္နဲ႔ ေလ့က်င့္ေရးဆင္းေနတဲ့ ညာအစြန္လူေဟာင္း ေနသန္ကလိုင္းဟာ မနက္ျဖန္မွာပဲ ဇန္နဝါရီအထိ လန္ဒန္ကလပ္မွာ ရွိေနမယ့္ အျပီးသတ္စာခ်ဳပ္ကို ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူ ကိတ္တာရဲ႕ ကိုဗစ္ စစ္ေဆးမႈရလဒ္အသစ္ ဒီကေန႔မွာ ထြက္ေပၚလာပါျပီ။ အေျဖက negative ျဖစ္ေနတာေၾကာင့္ သူ႔ကို ေပၚတူဂီကေန မဲဝုဒ္ကို ျပန္ခြင့္ေပးခဲ့ျပီး လီဗာပူးမွာ စစ္ေဆးမႈ တစ္ၾကိမ္ကို ထပ္မံခံယူရပါမယ္။

သီယာဂို၊ မာေနးနဲ႔ မာတစ္တို႔ သံုးဦးလံုးဟာ ဒီကေန႔မွာပဲ မဲဝုဒ္မွာ က်န္ရွိေနတဲ့ ဆာလက္၊ မီလ္နာတို႔လို စီနီယာအသင္းသားေတြနဲ႔အတူ ေလ့က်င့္ေရးအျပည့္ ျပန္ဆင္းခဲ့ျပီျဖစ္ပါတယ္။

ဘရာဇီးနဲ႔ ပီရူးပြဲမွာ တိုက္စစ္မွဴး ဖာမင္ႏိုဟာ အသင္းေဖာ္ ရစ္ခ်ာလီဆန္ ဂိုးသြင္းႏုိင္ဖို႔ ဖန္တီးမႈ လုပ္ေပးခဲ့ျပီး ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာ ဘရာဇီးနည္းျပက လူစားလဲေပးခဲ့ပါတယ္။ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ဟာ ေသာၾကာေန႔ ေနာက္ဆံုးနာရီေလာက္မွာ မဲဝုဒ္ကို ျပန္ေရာက္ပါမယ္။

ဂိုးသမား ကားရီးယက္စ္က လီဗာပူးကေန လံုးဝ ထြက္ခြာျပီလို႔ ေျပာဆိုဖို႔ ျငင္းဆန္ခဲ့ျပီး အနာဂတ္မွာ ဘာျဖစ္လာမယ္ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ကာ ဒီေႏြမွပဲ စကားေျပာၾကမယ္လို႔ ဆိုပါတယ္။

ဘာစီလိုနာဟာ ရာသီကုန္မွ မဟုတ္ဘဲ လာမယ့္ ဇန္နဝါရီမွာတင္ ဝိုက္နယ္ဒမ္ကို သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနပါတယ္။