လီဗာပူးနည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ Lee Richardson က ကလော့ပ်က အဟောအပြော သိပ်ကောင်းတဲ့ ထူးချွန်ပုဂ္ဂိုလ်လို့ ဂုဏ်တင်လာပါတယ်။

ယာဂင်ရဲ့ အရည်အချင်းတွေထဲမှာ အပြောသိပ်ကောင်းခြင်းကလည်း အရေးပါတဲ့ အချက်တစ်ခုပါ။ သူက စည်းရုံးရေးလည်း သိပ်ကောင်းပြီး ဒီစွမ်းရည်နဲ့အတူ လူတစ်ယောက်မှာ ရှိတဲ့ စွမ်းရည်အားလုံးကို ညစ်ထုတ်ဖို့ ကြိုးစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။

” ယာဂင်က အဟောအပြော သိပ်ကောင်းသူဖြစ်ပါတယ်။ ကျနော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောလို့ ရပါတယ် ” ဆိုပြီး လီဗာပူးရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ စိတ်ပညာရှင်ဖြစ်သူ Lee Richardson က The Athletic ကို ပြောပါတယ်။

Lee Richardson က ဘောလုံးမန်နေဂျာတစ်ဦးဖြစ်တဲ့ ယာဂင်ကလော့ပ်ဟာ နိုင်ငံရေးထဲကို ဝင်မယ်ဆိုရင် တိုင်းပြည်ရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာနိုင်တဲ့ထိကို အပြောကော စည်းရုံးရေးပါ ကောင်းသူလို့ ဖွင့်ဟပါသေးတယ်။

သူကပဲ ” အကယ်လို ယာဂင်က အင်္ဂလန်ရဲ့ လေဘာပါတီ ခေါင်းဆောင်ဆိုရင် မနှစ်ကလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီက ဘော်ရစ်ဂျွန်ဆင် အနိုင်ရလာဖို့ကို မရှိပါဘူး။ အကယ်လို့ သူက အမေရိကားမှာ ဒီမိုကရက်စ်ကို ကိုယ်စားပြုသူဆိုရင် ရီဗက်ပလစ်ကန်တွေရဲ့ ဒေါ်နယ်ထရန့်က သူ့ရုံးခန်းကနေ ခပ်မြန်မြန် ပြေးထွက်ရမှာပါ။

လူစုလူဝေးကြီးတွေကို အကြောင်းကြားတဲ့ မက်ဆေ့ကောင်းပေးရာမှာ ယာဂင်က အဲ့လောက်ကို တော်ပါတယ်။ ခြားနားတဲ့ နည်းလမ်းတွေ ပေါင်းစုံနဲ့အတူ လီဗာပူးဘောလုံးအသင်းရဲ့ စိတ်ပညာရှင် အကြီးအကဲက ယာဂင်ပဲ ဖြစ်ပါတယ်။

ယာဂင်က သူလုပ်နိုင်တဲ့ ကိစ္စ အားလုံးနဲ့အတူ လီဗာပူးအသင်းက လူတွေ အများကြီးကို သက်ရောက်မှုကြီးတွေ ရှိစေသူဖြစ်ပါတယ်။ သူလုပ်တဲ့ အဝတ်လဲခန်းအတွင်းက အသင်းကို တိုက်တွန်းပြောဆိုမှုနဲ့ ဆုံးဖြတ်ချက် အားလုံးက အသင်းအပေါ် သက်ရောက်မှုရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်က စည်းကမ်းကြီးသလို ဖော်ရွေသူဖြစ်တယ်။ သူဟာ လီဗာပူးက အထက်ပိုင်း အကြီးအကဲတွေကစလို အောက်ခြေ ဝန်ထမ်းတွေထိ တစ်သားတည်း ဆက်ဆံတတ်သူဖြစ်တယ်။ လီဗာပူးအသင်းမှာ တာဝန်အရ အပြင်ထွက်ခဲ့သလို လူတိုင်းမသိတဲ့ ဝန်ထမ်းမျိုးတွေကိုတောင် ယာဂင်က ရင်းရင်းနှီးနှီး သိတဲ့ထိ တာဝန်ယူမှုပိုင်း နှံ့စပ်သူလို့လည်း သိရပါတယ်။

ZAWGYI

လီဗာပူးနည္းျပအဖြဲ႔ဝင္ တစ္ဦးျဖစ္သလို စိတ္ပိုင္းဆိုင္ရာ ပညာရွင္လည္းျဖစ္တဲ့ Lee Richardson က ကေလာ့ပ္က အေဟာအေျပာ သိပ္ေကာင္းတဲ့ ထူးခၽြန္ပုဂၢိဳလ္လို႔ ဂုဏ္တင္လာပါတယ္။

ယာဂင္ရဲ႕ အရည္အခ်င္းေတြထဲမွာ အေျပာသိပ္ေကာင္းျခင္းကလည္း အေရးပါတဲ့ အခ်က္တစ္ခုပါ။ သူက စည္းရံုးေရးလည္း သိပ္ေကာင္းျပီး ဒီစြမ္းရည္နဲ႔အတူ လူတစ္ေယာက္မွာ ရွိတဲ့ စြမ္းရည္အားလံုးကို ညစ္ထုတ္ဖို႔ ၾကိဳးစားႏုိင္စြမ္းရွိသူျဖစ္ပါတယ္။

” ယာဂင္က အေဟာအေျပာ သိပ္ေကာင္းသူျဖစ္ပါတယ္။ က်ေနာ္ ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆံုးလို႔ ေျပာလို႔ ရပါတယ္ ” ဆိုျပီး လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ဆိုင္ရာ စိတ္ပညာရွင္ျဖစ္သူ Lee Richardson က The Athletic ကို ေျပာပါတယ္။

Lee Richardson က ေဘာလုံးမန္ေနဂ်ာတစ္ဦးျဖစ္တဲ့ ယာဂင္ကေလာ့ပ္ဟာ ႏုိင္ငံေရးထဲကို ဝင္မယ္ဆိုရင္ တိုင္းျပည္ရဲ႕ အာဏာအရွိဆံုး ပုဂၢိဳလ္ျဖစ္လာႏုိင္တဲ့ထိကို အေျပာေကာ စည္းရံုးေရးပါ ေကာင္းသူလို႔ ဖြင့္ဟပါေသးတယ္။

သူကပဲ ” အကယ္လို ယာဂင္က အဂၤလန္ရဲ႕ ေလဘာပါတီ ေခါင္းေဆာင္ဆိုရင္ မႏွစ္ကလုပ္တဲ့ အေထြေထြ ေရြးေကာက္ပြဲမွာ ျပိဳင္ဘက္ပါတီက ေဘာ္ရစ္ဂၽြန္ဆင္ အႏုိင္ရလာဖို႔ကို မရွိပါဘူး။ အကယ္လို႔ သူက အေမရိကားမွာ ဒီမိုကရက္စ္ကို ကိုယ္စားျပဳသူဆိုရင္ ရီဗက္ပလစ္ကန္ေတြရဲ႕ ေဒၚနယ္ထရန္႔က သူ႔ရံုးခန္းကေန ခပ္ျမန္ျမန္ ေျပးထြက္ရမွာပါ။

လူစုလူေဝးၾကီးေတြကို အေၾကာင္းၾကားတဲ့ မက္ေဆ့ေကာင္းေပးရာမွာ ယာဂင္က အဲ့ေလာက္ကို ေတာ္ပါတယ္။ ျခားနားတဲ့ နည္းလမ္းေတြ ေပါင္းစံုနဲ႔အတူ လီဗာပူးေဘာလံုးအသင္းရဲ႕ စိတ္ပညာရွင္ အၾကီးအကဲက ယာဂင္ပဲ ျဖစ္ပါတယ္။

ယာဂင္က သူလုပ္ႏုိင္တဲ့ ကိစၥ အားလံုးနဲ႔အတူ လီဗာပူးအသင္းက လူေတြ အမ်ားၾကီးကို သက္ေရာက္မႈၾကီးေတြ ရွိေစသူျဖစ္ပါတယ္။ သူလုပ္တဲ့ အဝတ္လဲခန္းအတြင္းက အသင္းကို တိုက္တြန္းေျပာဆိုမႈနဲ႔ ဆံုးျဖတ္ခ်က္ အားလံုးက အသင္းအေပၚ သက္ေရာက္မႈရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္က စည္းကမ္းၾကီးသလို ေဖာ္ေရြသူျဖစ္တယ္။ သူဟာ လီဗာပူးက အထက္ပိုင္း အၾကီးအကဲေတြကစလို ေအာက္ေျခ ဝန္ထမ္းေတြထိ တစ္သားတည္း ဆက္ဆံတတ္သူျဖစ္တယ္။ လီဗာပူးအသင္းမွာ တာဝန္အရ အျပင္ထြက္ခဲ့သလို လူတိုင္းမသိတဲ့ ဝန္ထမ္းမ်ိဳးေတြကိုေတာင္ ယာဂင္က ရင္းရင္းႏွီးႏွီး သိတဲ့ထိ တာဝန္ယူမႈပိုင္း ႏွံ႔စပ္သူလို႔လည္း သိရပါတယ္။