မာဆေးဆိုဒ်ဒါဘီပွဲ မတိုင်ခင်မှာ လီဗာပူးအတွက် ပြဿနာတစ်ခုက ဘရာဇီးအသင်းကနေ ပြန်လာမယ့် ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ရဲ့ ဆေးစစ်မှုကိစ္စတွေက အချိန်မှီပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဘရာဇီးသား နှစ်ဦးဟာ တောင်အမေရိကတိုက်က ပီရူးကနေ မာဆေးဆိုဒ်ကို ပြန်လာရမှာပါ။ သူတို့က သောကြာနေ့ ညနက်မှ ပြန်ရောက်လာမှာဖြစ်ကာ ကိုဗစ်စည်းမျဉ်းအရ ဆေးစစ်မှုတွေ ခံယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲကို ထည့်သွင်းဖို့ မှီမလားဆိုတာက စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်လာခဲ့တယ်။

သူတို့နှစ်ဦး ဘရာဇီးအသင်းနဲ့ သွားရောက် ပူးပေါင်းစဉ်တုန်းက အဲဗာတန်နဲ့ပွဲရဲ့ ပွဲချိန်က စနေနေ့ဖြစ်တာကလွဲလို့ အချိန်ကို အတည်မပြုရသေးပါဘူး။ လာမယ့်အပတ်မှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ပွဲ ရှိနေတာကြောင့် အမှတ်ပေးပွဲကို စောပေးခဲ့ရာက စနေနေ့ နေ့လည် ၁၂း၃၀ မှာ ဒါဘီပွဲကို ယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့တယ်။

ဒါပေမယ့်လို့ တောင်အမေရိကသားတွေ ခရီးဝေးကနေ ပြန်လာရမှာက သတင်းဆိုးတော့လည်း မဟုတ်ပါဘူး။ ရစ်ချာလီဆန်ကလည်း ဖာမင်နိုတို့နဲ့ တူညီတဲ့ ခရီးကနေ ပြန်လာရမှာဖြစ်တယ်။ ကိုလံဘီယာ ကစားသမားတွေဖြစ်တဲ့ ဂျိမ်း ရိုဒရီဂွက်စ်နဲ့ ခံစစ်သမား မီနာတို့ကလည်း ချီလီကနေ မာဆေးဆိုဒ်ကို ပြန်လာရမှာဖြစ်ကာ မိုင် ၇၅၀၀ ဝန်းကျင်ရှိတဲ့ ခရီးဖြစ်ပါတယ်။

တောင်အမေရိသားတွေ အားလုံးက ခရီးဝေးတွေကနေ ပြန်လာရတာဖြစ်ပြီး ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ ဒဏ်ရာမရှိနေတာကတင် လီဗာပူးအတွက် သတင်းကောင်းဖြစ်တယ်။

နောက်ထပ် သတင်းကောင်းက ရှာကွီရီဟာ ကိုဗစ်ပိုး မရှိတာကြောင့် ဂျာမနီနဲ့ ရင်ဆိုင်တဲ့ ဆွစ်ဇလန်ပွဲမှာ ပွဲထွက်နေရာက ပါဝင်ခဲ့ပြီး မိနစ် ၆၀ ကျော် ကစားခဲ့တယ်။ ကိတ်တာကလည်း ဆေးစစ်မှုမှာ ပိုးမရှိဘူးလို့ ရလဒ်ထွက်ကာ လီဗာပူးကို ပြန်ရောက်လာရင်တော့ နောက်တစ်ကြိမ် စစ်ဆေးရပါမယ်။ ပေါ်တူဂီမှာ ရော်နယ်ဒို ပိုးတွေ့ပေမယ့် ဂျိုတာတို့ကတော့ ပိုးမတွေ့တဲ့ ရလဒ် ထွက်ပေါ်ခဲ့တယ်။

အရေးပါတဲ့ ကိစ္စအဖြစ် သီယာဂိုဟာ စပိန်နဲ့ ယူကရိန်းထိ လိုက်သွားပြီး လက်ရွေးစင်ပွဲ ကစားရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် မဲဝုဒ်မှာပဲ ရှိနေခဲ့ရတယ်။ အခုဆိုရင် သီယာဂိုနဲ့ မာနေးက တိုက်စစ်မှူး ဆာလက်နဲ့အတူ မဲဝုဒ်မှာ လေ့ကျင့်ရေး ဆင်းနေကြပါပြီ။

အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံထားရတဲ့ ထရန့်၊ ဟန်ဒါဆန်၊ ဂိုးမက်စ်နဲ့ နယ်သာလန်အတွက် ရွေးချယ်ခံထားရတဲ့ ဗန်ဒိုက်၊ ဝိုက်နယ်ဒမ်တို့ရဲ့ လီဗာပူးကို ပြန်ရောက်လာရင် ဆေးစစ်မှု ကိစ္စတွေ အဆင်ပြေခဲ့ရင်တော့ လီဗာပူးအသင်းမှာ ဂိုးသမားနေရာကလွဲလို့ ထူးထူးခြားခြား ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတော့မှာ မဟုတ်ပါဘူး။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲ မတိုင္ခင္မွာ လီဗာပူးအတြက္ ျပႆနာတစ္ခုက ဘရာဇီးအသင္းကေန ျပန္လာမယ့္ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ရဲ႕ ေဆးစစ္မႈကိစၥေတြက အခ်ိန္မွီပါ့မလားဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။

ဘရာဇီးသား ႏွစ္ဦးဟာ ေတာင္အေမရိကတိုက္က ပီရူးကေန မာေဆးဆိုဒ္ကို ျပန္လာရမွာပါ။ သူတို႔က ေသာၾကာေန႔ ညနက္မွ ျပန္ေရာက္လာမွာျဖစ္ကာ ကိုဗစ္စည္းမ်ဥ္းအရ ေဆးစစ္မႈေတြ ခံယူရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ပြဲကို ထည့္သြင္းဖို႔ မွီမလားဆိုတာက ေစာင့္ၾကည့္ရမယ့္ ကိစၥ ျဖစ္လာခဲ့တယ္။

သူတို႔ႏွစ္ဦး ဘရာဇီးအသင္းနဲ႔ သြားေရာက္ ပူးေပါင္းစဥ္တုန္းက အဲဗာတန္နဲ႔ပြဲရဲ႕ ပြဲခ်ိန္က စေနေန႔ျဖစ္တာကလြဲလို႔ အခ်ိန္ကို အတည္မျပဳရေသးပါဘူး။ လာမယ့္အပတ္မွာ လီဗာပူးအသင္းက ခ်န္ပီယံလိဂ္ပြဲ ရွိေနတာေၾကာင့္ အမွတ္ေပးပြဲကို ေစာေပးခဲ့ရာက စေနေန႔ ေန႔လည္ ၁၂း၃၀ မွာ ဒါဘီပြဲကို ယွဥ္ျပိဳင္ဖို႔ အတည္ျပဳခဲ့တယ္။

ဒါေပမယ့္လို႔ ေတာင္အေမရိကသားေတြ ခရီးေဝးကေန ျပန္လာရမွာက သတင္းဆိုးေတာ့လည္း မဟုတ္ပါဘူး။ ရစ္ခ်ာလီဆန္ကလည္း ဖာမင္ႏိုတို႔နဲ႔ တူညီတဲ့ ခရီးကေန ျပန္လာရမွာျဖစ္တယ္။ ကိုလံဘီယာ ကစားသမားေတြျဖစ္တဲ့ ဂ်ိမ္း ရိုဒရီဂြက္စ္နဲ႔ ခံစစ္သမား မီနာတို႔ကလည္း ခ်ီလီကေန မာေဆးဆိုဒ္ကို ျပန္လာရမွာျဖစ္ကာ မိုင္ ၇၅၀၀ ဝန္းက်င္ရွိတဲ့ ခရီးျဖစ္ပါတယ္။

ေတာင္အေမရိသားေတြ အားလံုးက ခရီးေဝးေတြကေန ျပန္လာရတာျဖစ္ျပီး ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ ဒဏ္ရာမရွိေနတာကတင္ လီဗာပူးအတြက္ သတင္းေကာင္းျဖစ္တယ္။

ေနာက္ထပ္ သတင္းေကာင္းက ရွာကီြရီဟာ ကိုဗစ္ပိုး မရွိတာေၾကာင့္ ဂ်ာမနီနဲ႔ ရင္ဆိုင္တဲ့ ဆြစ္ဇလန္ပြဲမွာ ပြဲထြက္ေနရာက ပါဝင္ခဲ့ျပီး မိနစ္ ၆၀ ေက်ာ္ ကစားခဲ့တယ္။ ကိတ္တာကလည္း ေဆးစစ္မႈမွာ ပိုးမရွိဘူးလို႔ ရလဒ္ထြက္ကာ လီဗာပူးကို ျပန္ေရာက္လာရင္ေတာ့ ေနာက္တစ္ၾကိမ္ စစ္ေဆးရပါမယ္။ ေပၚတူဂီမွာ ေရာ္နယ္ဒို ပိုးေတြ႔ေပမယ့္ ဂ်ိဳတာတို႔ကေတာ့ ပိုးမေတြ႔တဲ့ ရလဒ္ ထြက္ေပၚခဲ့တယ္။

အေရးပါတဲ့ ကိစၥအျဖစ္ သီယာဂိုဟာ စပိန္နဲ႔ ယူကရိန္းထိ လိုက္သြားျပီး လက္ေရြးစင္ပြဲ ကစားရမွာျဖစ္ေပမယ့္ ကိုဗစ္ေၾကာင့္ မဲဝုဒ္မွာပဲ ရွိေနခဲ့ရတယ္။ အခုဆိုရင္ သီယာဂိုနဲ႔ မာေနးက တိုက္စစ္မွဴး ဆာလက္နဲ႔အတူ မဲဝုဒ္မွာ ေလ့က်င့္ေရး ဆင္းေနၾကပါျပီ။

အဂၤလန္အသင္းအတြက္ ေရြးခ်ယ္ခံထားရတဲ့ ထရန္႔၊ ဟန္ဒါဆန္၊ ဂိုးမက္စ္နဲ႔ နယ္သာလန္အတြက္ ေရြးခ်ယ္ခံထားရတဲ့ ဗန္ဒိုက္၊ ဝိုက္နယ္ဒမ္တို႔ရဲ႕ လီဗာပူးကို ျပန္ေရာက္လာရင္ ေဆးစစ္မႈ ကိစၥေတြ အဆင္ေျပခဲ့ရင္ေတာ့ လီဗာပူးအသင္းမွာ ဂိုးသမားေနရာကလြဲလို႔ ထူးထူးျခားျခား ၾကံ႕ခိုင္မႈ ျပႆနာေတြ ရွိေနေတာ့မွာ မဟုတ္ပါဘူး။