တိုက်စစ်သမားတွေရဲ့ အိပ်မက် အသင်းဖော်လို့ နာမည်ကြီးတဲ့ ဖာမင်နိုက သူလေးစားပြီး အထင်ကြီးရတဲ့ တိုက်စစ်သမား သုံးဦးအကြောင်းကို ဖွင့်ဟသွားပါတယ်။

ထိပ်တန်း အထောင်တိုက်စစ်သမားတွေနဲ့ ကွဲပြားတဲ့ ကစားဟန်ရှိပြီး ကိုယ်တိုင် ဂိုးသွင်းဖို့ထက် အသင်းအောင်နိုင်ဖို့ကို အဓိက ကစားတတ်တဲ့ ဖာမင်နိုကို အာဆင်ဝင်းဂါး၊ သီယာရီ အွန်နရီတို့လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က သူတို့ အသင်းသားအဖြစ်ကော၊ အသင်းဖော်အဖြစ်ပါ အလိုချင်ရဆုံးသူပါလို့ ဝန်ခံထားရတယ်။

တွဲဘက်တွေနဲ့ ပက်သက်လို့ ဖာမင်နိုက ” သူက မယုံနိုင်လောက်တဲ့ ကစားသမားပါ။ ကော်တင်ညိုက မှော်ဆရာ မဟုတ်ပါဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ သူက မှော်အတတ်တွေကို ပိုင်ဆိုင်ထားတာပါ။ ကော်တင်ညို ကွင်းထဲမှာ လုပ်ပြသွားတာတွေကို နားလည်ဖို့အတွက် သူကစားခဲ့တာတွေကို အမြဲတမ်း ပြန်ကြည့်ရပါတယ်။

ကော်တင်ညိုက တကယ်ကို မယုံနိုင်လောက်တဲ့ ကစားသမားပါ။ လီဗာပူးအသင်းမှာ သူနဲ့ တွဲဘက်ကစားခွင့် ရခဲ့တာကိုကော ဘရာဇီးအသင်းမှာ သူနဲ့အတူ တွဲဘက် ကစားခွင့်ရတာအတွက်ပါ တကယ်ကို ကျေနပ်မိပါတယ်။ ကျနော်က သူ့ရဲ့ အမာခံပရိသတ် တစ်ယောက်ပါ။ သူက ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ကျနော်က ဆာလက်ကိုလည်း အရမ်း အထင်ကြီးသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကစားပုံကို ကျနော် သဘောတွေ့ပါတယ်။ သူက ဂိုးတွေကိုလည်း တော်တော်များများ သွင်းနိုင်တယ်။ သူ ဘယ်လောက်ထိ ကြိုးစားလည်းဆိုတာ သိရင် ခင်ဗျားတို့ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။

ဆာလက်အပြင် ထူးချွန်လွန်းလှတဲ့ နောက်ထပ် တိုက်စစ်သမားဖြစ်တဲ့ မာနေးလို့ ကစားသမားတွေနဲ့ တွဲဘက်ကစားရတာကိုလည်း ကျနော်က သိပ်ပြီး ကျေနပ်ရပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းမှာတော့ ဖာမင်နို၊ မာနေး၊ ဆာလက်တို့ဟာ ဖယ်ထုတ်မရတဲ့ စီနီယာတိုက်စစ်သမားတွေပါ။ ဘောလုံးလောကရဲ့ အထင်ကရ တိုက်စစ်တွဲလုံးထဲမှာ ပါဝင်သွားကြမယ့် သူတို့ သုံးဦးပေါင်းရဲ့ အနီရောင်အသင်းအတွက် သွင်းဂိုးဟာ ၂၆၁ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္သမားေတြရဲ႕ အိပ္မက္ အသင္းေဖာ္လို႔ နာမည္ၾကီးတဲ့ ဖာမင္ႏိုက သူေလးစားျပီး အထင္ၾကီးရတဲ့ တိုက္စစ္သမား သံုးဦးအေၾကာင္းကို ဖြင့္ဟသြားပါတယ္။

ထိပ္တန္း အေထာင္တိုက္စစ္သမားေတြနဲ႔ ကြဲျပားတဲ့ ကစားဟန္ရွိျပီး ကိုယ္တုိင္ ဂိုးသြင္းဖို႔ထက္ အသင္းေအာင္ႏုိင္ဖို႔ကို အဓိက ကစားတတ္တဲ့ ဖာမင္ႏိုကို အာဆင္ဝင္းဂါး၊ သီယာရီ အြန္နရီတို႔လို ပုဂၢိဳလ္ေတြကိုယ္တိုင္က သူတို႔ အသင္းသားအျဖစ္ေကာ၊ အသင္းေဖာ္အျဖစ္ပါ အလိုခ်င္ရဆံုးသူပါလို႔ ဝန္ခံထားရတယ္။

တြဲဘက္ေတြနဲ႔ ပက္သက္လို႔ ဖာမင္ႏိုက ” သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားပါ။ ေကာ္တင္ညိဳက ေမွာ္ဆရာ မဟုတ္ပါဘူးလို႔ ဘယ္သူမွ မေျပာႏုိင္ပါဘူး။ သူက ေမွာ္အတတ္ေတြကို ပိုင္ဆိုင္ထားတာပါ။ ေကာ္တင္ညိဳ ကြင္းထဲမွာ လုပ္ျပသြားတာေတြကို နားလည္ဖို႔အတြက္ သူကစားခဲ့တာေတြကို အျမဲတမ္း ျပန္ၾကည့္ရပါတယ္။

ေကာ္တင္ညိဳက တကယ္ကို မယံုႏုိင္ေလာက္တဲ့ ကစားသမားပါ။ လီဗာပူးအသင္းမွာ သူနဲ႔ တြဲဘက္ကစားခြင့္ ရခဲ့တာကိုေကာ ဘရာဇီးအသင္းမွာ သူနဲ႔အတူ တြဲဘက္ ကစားခြင့္ရတာအတြက္ပါ တကယ္ကို ေက်နပ္မိပါတယ္။ က်ေနာ္က သူ႔ရဲ႕ အမာခံပရိသတ္ တစ္ေယာက္ပါ။ သူက ကမၻာအေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။

က်ေနာ္က ဆာလက္ကိုလည္း အရမ္း အထင္ၾကီးသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကစားပံုကို က်ေနာ္ သေဘာေတြ႔ပါတယ္။ သူက ဂိုးေတြကိုလည္း ေတာ္ေတာ္မ်ားမ်ား သြင္းႏုိင္တယ္။ သူ ဘယ္ေလာက္ထိ ၾကိဳးစားလည္းဆိုတာ သိရင္ ခင္ဗ်ားတို႔ ယံုႏုိင္မွာေတာင္ မဟုတ္ပါဘူး။

ဆာလက္အျပင္ ထူးခၽြန္လြန္းလွတဲ့ ေနာက္ထပ္ တိုက္စစ္သမားျဖစ္တဲ့ မာေနးလို႔ ကစားသမားေတြနဲ႔ တြဲဘက္ကစားရတာကိုလည္း က်ေနာ္က သိပ္ျပီး ေက်နပ္ရပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းမွာေတာ့ ဖာမင္ႏို၊ မာေနး၊ ဆာလက္တို႔ဟာ ဖယ္ထုတ္မရတဲ့ စီနီယာတိုက္စစ္သမားေတြပါ။ ေဘာလံုးေလာကရဲ႕ အထင္ကရ တိုက္စစ္တြဲလံုးထဲမွာ ပါဝင္သြားၾကမယ့္ သူတို႔ သံုးဦးေပါင္းရဲ႕ အနီေရာင္အသင္းအတြက္ သြင္းဂိုးဟာ ၂၆၁ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။