လီဗာပူးပရိသတ်တွေကို အကောင်းဆုံးသော ကွင်းလယ်အတွဲအကြောင်း မေးခွန်းထုတ်မယ်ဆိုရင် အလွန်ဆိုနဲ့ ဂျရတ် အတွဲကို အတော်များများက ရွေးချယ်ကြပါလိမ့်မယ်။

၂၀၀၅ ခုနှစ် အင်စတမ်ဘူလ်းညကစလို ဒီကွင်းလယ်အတွဲဟာ ပရီးမီးယားလိဂ်မှာလည်း အားကောင်းတဲ့ တွဲဘက်ဖြစ်ခဲ့တာပါ။ ၂၀၀၉ မှာ အလွန်ဆိုတစ်ယောက် ရီးရဲလ်မက်ဒရစ်ကို မပြောင်းသွားခင်ထိ လီဗာပူးကွင်းလယ်ဟာ ပရိသတ်တွေကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ပါဘူး။ နောက်ပြီး မာရှေးယာနိုလို ကွင်းလယ်ခံစစ်သမားရဲ့ ပါဝင်မှုမျိုးနဲ့ပါ။

ဒီနှစ်တွေမှာ လီဗာပူးအသင်းဟာ ဆုဖလားတွေ အောင်မြင်လာပေမယ့် ကွင်းလယ်ကတော့ ပရိသတ်တွေအတွက် အားမရတဲ့ နေရာဖြစ်နေဆဲပါ။ ဒီနွေမှာတော့ မန်နေဂျာကလော့ပ်က စပိန်သား ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူမှုနဲ့အတူ အသင်းပရိသတ်တွေက အတိတ်က ကွင်းလယ်အတွဲကို ပြန်မြင်ရဖို့ မျှော်လင့်လာကြတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်က ချယ်ဆီးကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပြီး လက်ကျန် ၄၅ မိနစ်မှာတော့ ဟန်ဒါဆန်အစား သီယာဂို ဝင်ကစားခဲ့တယ်။ နောက်ပိုင်းမှာတော့ ဟန်ဒိုက ဒဏ်ရာ၊ သီယာဂိုက ကိုဗစ်ကူးစက်မှုတွေကြောင့် သူတို့နှစ်ဦး တွဲဘက်ကစားရခြင်း မရှိသေးပါဘူး။

နိုင်ငံတကာသီတင်းပတ်မှာတော့ ဟန်ဒိုက ကြံ့ခိုင်မှု ပြန်ကောင်းလာခဲ့ကာ သီယာဂိုကလည်း မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဝင်နေပြီဖြစ်လို့ အဲဗာတန်နဲ့ပွဲမှာ သူတို့နှစ်ဦး တွဲဘက်လာတာကို မြင်ရဖို့ မျှော်လင့်နိုင်ပြီဖြစ်တယ်။ လီဗာပူးကွင်းလယ်ဟာ ဖာဘင်ညိုကို ခံစစ်ကစားစေပြီး ဟန်ဒို၊ သီယာဂိုအတွဲကို ထုတ်သုံးမှု။ ဟန်ဒိုကို ခံစစ်အထိုင် ကစားစေပြီး သီယာဂိုကို ဝိုက်နယ်ဒမ် (သို့) ကိတ်တာနဲ့ တွဲဘက်ပေးလို့ ရနိုင်မှာဖြစ်တယ်။

ဟန်ဒိုဟာ ကြံ့ခိုင်မှု၊ ခံစစ်စွမ်းရည်နဲ့ ဘောလုံးပေးမှုတွေမှာ ကောင်းမွန်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာသူဖြစ်တယ်။ သီယာဂိုကတော့ လှိမ်ခေါက်မှု၊ အမြင်ရှိမှုနဲ့ ဘောလုံးပေးမှုတွေမှာ ထူးချွန်ကာ နည်းစနစ်ပိုင်း အားသာသူဖြစ်တယ်။ သူတို့ နှစ်ဦး တွဲဘက်မှုဟာ ဂျရတ်နဲ့ အလွန်ဆို တွဲဘက်မှုမျိုးကို ပြန်မြင်ရမယ်လို့ ပရိသတ်တွေက ယုံကြည်နေတယ်။

လက်တလောမှာတော့ ဟန်ဒို+သီယာဂို အတွဲထံကနေ ဘာတွေ မျှော်လင့်ကြလဲဆိုပြီး ပရိသတ်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိလာနေတယ်။ အတော်များများကတော့ ခေါင်းဆောင်မှုကောင်းတဲ့ ဟန်ဒါဆန်နဲ့ နည်းစနစ် ထူးချွန်တဲ့ သီယာဂိုရဲ့ တွဲဘက်မှုကို မြင်ရဖို့ စိတ်လှုပ်ရှားနေကြပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြကို အေကာင္းဆံုးေသာ ကြင္းလယ္အတြဲအေၾကာင္း ေမးခြန္းထုတ္မယ္ဆိုရင္ အလြန္ဆိုနဲ႔ ဂ်ရတ္ အတြဲကို အေတာ္မ်ားမ်ားက ေရြးခ်ယ္ၾကပါလိမ့္မယ္။

၂၀၀၅ ခုႏွစ္ အင္စတမ္ဘူလ္းညကစလို ဒီကြင္းလယ္အတြဲဟာ ပရီးမီးယားလိဂ္မွာလည္း အားေကာင္းတဲ့ တြဲဘက္ျဖစ္ခဲ့တာပါ။ ၂၀၀၉ မွာ အလြန္ဆိုတစ္ေယာက္ ရီးရဲလ္မက္ဒရစ္ကို မေျပာင္းသြားခင္ထိ လီဗာပူးကြင္းလယ္ဟာ ပရိသတ္ေတြကို ဘယ္ေတာ့မွ စိတ္မပ်က္ေစခဲ့ပါဘူး။ ေနာက္ျပီး မာေရွးယာႏိုလို ကြင္းလယ္ခံစစ္သမားရဲ႕ ပါဝင္မႈမ်ိဳးနဲ႔ပါ။

ဒီႏွစ္ေတြမွာ လီဗာပူးအသင္းဟာ ဆုဖလားေတြ ေအာင္ျမင္လာေပမယ့္ ကြင္းလယ္ကေတာ့ ပရိသတ္ေတြအတြက္ အားမရတဲ့ ေနရာျဖစ္ေနဆဲပါ။ ဒီေႏြမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က စပိန္သား ကြင္းလယ္လူ သီယာဂိုကို ေခၚယူမႈနဲ႔အတူ အသင္းပရိသတ္ေတြက အတိတ္က ကြင္းလယ္အတြဲကို ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္လာၾကတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ခ်ယ္ဆီးကို ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ၄၅ မိနစ္ ပါဝင္ကစားခဲ့ျပီး လက္က်န္ ၄၅ မိနစ္မွာေတာ့ ဟန္ဒါဆန္အစား သီယာဂို ဝင္ကစားခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ ဟန္ဒိုက ဒဏ္ရာ၊ သီယာဂိုက ကိုဗစ္ကူးစက္မႈေတြေၾကာင့္ သူတို႔ႏွစ္ဦး တြဲဘက္ကစားရျခင္း မရွိေသးပါဘူး။

ႏုိင္ငံတကာသီတင္းပတ္မွာေတာ့ ဟန္ဒိုက ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာခဲ့ကာ သီယာဂိုကလည္း မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဝင္ေနျပီျဖစ္လို႔ အဲဗာတန္နဲ႔ပြဲမွာ သူတို႔ႏွစ္ဦး တြဲဘက္လာတာကို ျမင္ရဖို႔ ေမွ်ာ္လင့္ႏုိင္ျပီျဖစ္တယ္။ လီဗာပူးကြင္းလယ္ဟာ ဖာဘင္ညိဳကို ခံစစ္ကစားေစျပီး ဟန္ဒို၊ သီယာဂိုအတြဲကို ထုတ္သံုးမႈ။ ဟန္ဒိုကို ခံစစ္အထိုင္ ကစားေစျပီး သီယာဂိုကို ဝိုက္နယ္ဒမ္ (သို႔) ကိတ္တာနဲ႔ တြဲဘက္ေပးလို႔ ရႏိုင္မွာျဖစ္တယ္။

ဟန္ဒိုဟာ ၾကံ႕ခိုင္မႈ၊ ခံစစ္စြမ္းရည္နဲ႔ ေဘာလံုးေပးမႈေတြမွာ ေကာင္းမြန္ျပီး ရုပ္ပိုင္းဆိုင္ရာ သန္မာသူျဖစ္တယ္။ သီယာဂိုကေတာ့ လွိမ္ေခါက္မႈ၊ အျမင္ရွိမႈနဲ႔ ေဘာလံုးေပးမႈေတြမွာ ထူးခၽြန္ကာ နည္းစနစ္ပိုင္း အားသာသူျဖစ္တယ္။ သူတို႔ ႏွစ္ဦး တြဲဘက္မႈဟာ ဂ်ရတ္နဲ႔ အလြန္ဆို တြဲဘက္မႈမ်ိုးကို ျပန္ျမင္ရမယ္လို႔ ပရိသတ္ေတြက ယံုၾကည္ေနတယ္။

လက္တေလာမွာေတာ့ ဟန္ဒို+သီယာဂို အတြဲထံကေန ဘာေတြ ေမွ်ာ္လင့္ၾကလဲဆိုျပီး ပရိသတ္ေတြၾကားမွာ ေဆြးေႏြးမႈေတြ ရွိလာေနတယ္။ အေတာ္မ်ားမ်ားကေတာ့ ေခါင္းေဆာင္မႈေကာင္းတဲ့ ဟန္ဒါဆန္နဲ႔ နည္းစနစ္ ထူးခၽြန္တဲ့ သီယာဂိုရဲ႕ တြဲဘက္မႈကို ျမင္ရဖို႔ စိတ္လႈပ္ရွားေနၾကပါတယ္။