အင်္ဂလန်ကွင်းလယ်လူဟောင်း ရက်နပ်က ဖန်တီးမှုမရှိဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်အတွက် ထရန့်ကို ပြောင်းကစားစေဖို့ အကြံပေးမှု လုပ်လာပါတယ်။

အင်္ဂလန်ဟာ ၃-၄-၃ ပုံစံကို အထိုင်ချကစားဖို့ ကြိုးစားနေပေမယ့် ဒိန်းမတ်ကို ၁-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ကွင်းလယ်က ဆိုးရွားနေခဲ့တာပါ။ ရိုက်နဲ့ ဖီးလစ်တို့ဟာ ကွင်းလယ်ကို မထိန်းချုပ်နိုင်ခြင်းကြောင့် သူတို့ထဲက တစ်ဦးရဲ့ နေရာမှာ ထရန့်ကို ထားပြီး ဒီဘရိုင်းလို ဖန်တီးရှင်အဖြစ် ကစားစေဖို့ ရက်နပ်က အကြံပေးခဲ့တယ်။

ရက်နပ်က ” ကစားသမားတစ်ယောက်ကို အဲ့နေရာအတွက် ရွေးချယ်ရမယ်။ ထရန့်ကို ကွင်းလယ်မှာ ကစားခိုင်းမယ်ဆိုရင်ကော? ကွင်းလယ်လူ နှစ်ဦးရဲ့ ညာခြမ်းနေရာမှာ သူ့ကို ကစားခိုင်းလိုက်ပါ။ အဲ့နေရာမှာ သူအဆင်ပြေပြေပဲ ကစားနိုင်ပါလိမ့်မယ်။

လူစာရင်းကို ပြန်လည် ဖွဲ့စည်းကြည့်မယ်။ ရိုက်ကို ခံစစ်မှာ ကစားစေပြီး ရိစ်ဂျိမ်းကို ညာ အစွန်-တောင်ပံမှာ ကစားစေမယ်။ ထရန့်ကတော့ ကွင်းလယ်ပေါ့။ သူ့ရဲ့ အရည်အချင်း၊ ခံစစ်စွမ်းရည်နဲ့ သူ့ရဲ့ ဖျတ်လတ်မှုအရဆိုရင် ကွင်းလယ်က ထရန့်နဲ့ အံဝင်ပါတယ်။

အင်္ဂလန်အသင်းကို ကွင်းလယ်မှာ ကစားသမားတွေ ရှိနေတာကို မြင်ဖို့ ကျနေ်ာ ကြိုးစားကြည့်နေတယ်။ ဒီဘရိုင်း လွှမ်းမိုးကစားတဲ့ ကွင်းလယ်လူ နေရာမှာပေါ့။ ထရန့်က အသင်းဖော်တစ်ယောက်အတွက် နေရာလွတ်ရဖို့ ဘယ်လို လုပ်ပေးရမယ်ဆိုတာကို နားလည်တယ်။

ထရန့်က ဘောလုံးဉာဏ်ရည် သိပ်ကောင်းတယ်။ သူက ကွင်းလယ်မှာ ကစားနိုင်ပါတယ်။ ညာအစွန်လူတွေက အခုချိန်မှာ ကွင်းအတွင်း သူတို့ ကစားရတဲ့ နေရာနဲ့အတူ အတော်လေး ထူးချွန်လာကြပါပြီ။ သူတို့က ဖြတ်တင်ဘော လုပ်ရမှာနဲ့ ဘောလုံးပေးရမှာတွေကို မြင်လာနိုင်စွမ်း ရှိနေပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ကြင္းလယ္လူေဟာင္း ရက္နပ္က ဖန္တီးမႈမရွိျဖစ္ေနတဲ့ အဂၤလန္ကြင္းလယ္အတြက္ ထရန္႔ကို ေျပာင္းကစားေစဖို႔ အၾကံေပးမႈ လုပ္လာပါတယ္။

အဂၤလန္ဟာ ၃-၄-၃ ပံုစံကို အထိုင္ခ်ကစားဖို႔ ၾကိဳးစားေနေပမယ့္ ဒိန္းမတ္ကို ၁-၀ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ကြင္းလယ္က ဆိုးရြားေနခဲ့တာပါ။ ရိုက္နဲ႔ ဖီးလစ္တို႔ဟာ ကြင္းလယ္ကို မထိန္းခ်ဳပ္ႏုိင္ျခင္းေၾကာင့္ သူတို႔ထဲက တစ္ဦးရဲ႕ ေနရာမွာ ထရန္႔ကို ထားျပီး ဒီဘရိုင္းလို ဖန္တီးရွင္အျဖစ္ ကစားေစဖို႔ ရက္နပ္က အၾကံေပးခဲ့တယ္။

ရက္နပ္က ” ကစားသမားတစ္ေယာက္ကို အဲ့ေနရာအတြက္ ေရြးခ်ယ္ရမယ္။ ထရန္႔ကို ကြင္းလယ္မွာ ကစားခိုင္းမယ္ဆိုရင္ေကာ? ကြင္းလယ္လူ ႏွစ္ဦးရဲ႕ ညာျခမ္းေနရာမွာ သူ႔ကို ကစားခိုင္းလိုက္ပါ။ အဲ့ေနရာမွာ သူအဆင္ေျပေျပပဲ ကစားႏုိင္ပါလိမ့္မယ္။

လူစာရင္းကို ျပန္လည္ ဖြဲ႔စည္းၾကည့္မယ္။ ရိုက္ကို ခံစစ္မွာ ကစားေစျပီး ရိစ္ဂ်ိမ္းကို ညာ အစြန္-ေတာင္ပံမွာ ကစားေစမယ္။ ထရန္႔ကေတာ့ ကြင္းလယ္ေပါ့။ သူ႔ရဲ႕ အရည္အခ်င္း၊ ခံစစ္စြမ္းရည္နဲ႔ သူ႔ရဲ႕ ဖ်တ္လတ္မႈအရဆိုရင္ ကြင္းလယ္က ထရန္႔နဲ႔ အံဝင္ပါတယ္။

အဂၤလန္အသင္းကို ကြင္းလယ္မွာ ကစားသမားေတြ ရွိေနတာကို ျမင္ဖို႔ က်ေန္ာ ၾကိဳးစားၾကည့္ေနတယ္။ ဒီဘရိုင္း လႊမ္းမိုးကစားတဲ့ ကြင္းလယ္လူ ေနရာမွာေပါ့။ ထရန္႔က အသင္းေဖာ္တစ္ေယာက္အတြက္ ေနရာလြတ္ရဖို႔ ဘယ္လို လုပ္ေပးရမယ္ဆိုတာကို နားလည္တယ္။

ထရန္႔က ေဘာလံုးဥာဏ္ရည္ သိပ္ေကာင္းတယ္။ သူက ကြင္းလယ္မွာ ကစားႏုိင္ပါတယ္။ ညာအစြန္လူေတြက အခုခ်ိန္မွာ ကြင္းအတြင္း သူတို႔ ကစားရတဲ့ ေနရာနဲ႔အတူ အေတာ္ေလး ထူးခၽြန္လာၾကပါျပီ။ သူတို႔က ျဖတ္တင္ေဘာ လုပ္ရမွာနဲ႔ ေဘာလံုးေပးရမွာေတြကို ျမင္လာႏုိင္စြမ္း ရွိေနပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။