ဒီအပတ် စနေနေ့ မြန်မာစံတော်ချိန် ည ၆ နာရီမှာတော့ ဂူဒီဆင်ပါခ်မှာ မာဆေးဆိုဒ်ဒါဘီပွဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီဟာ အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီတစ်ကြိမ်မှာ အဲဗာတန်အသင်းက တာထွက်ကောင်းနေတာကြောင့် ပွဲက ပိုမို အကျိတ်အနယ် ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီပွဲကို အနိုင်ရမှ အမှတ်ပေးဇယား ပြန်လည် ဦးဆောင်ခွင့်အတွက် လီဗာပူးက နေရာပြန်ယူနိုင်မှာဖြစ်ကာ ရလဒ် မကောင်းခဲ့ရင်တော့ ဗီလာပွဲအပြီး ရမှတ်ထပ်မံ ဆုံးရံှူးမှု ဖြစ်သွားပါမယ်။

မိုင်ကယ်အိုဝင်က ” နှစ်တွေ အကြာကြီးမှာ ကြိုတင်ခန့်မှန်းရ အခက်ခဲဆုံး မာဆေးဆိုဒ် ဒါဘီ ဖြစ်လာပါတယ်။ ဒီကလပ် နှစ်သင်းမှာ အဲဗာတန်အသင်းက ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ယှဉ်ပြိုင်လာမယ့် အသင်းဖြစ်မယ်လို့ ဘယ်သူကကော ကြိုတင် ခန့်မှန်းမိကြမှာတဲ့လဲ?

အဲဗာတန်က သိပ်ကောင်းတဲ့ တာထွက်မှုကို ပိုင်ဆိုင်နေတယ်။ လီဗာပူးကတော့ အရင် နှစ်ပတ်က အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့ရမှုကနေ ပြန်လည် နိုးထလာဖို့ ကြိုးစားရမှာဖြစ်တယ်။ တုန့်ပြန်မှုကောင်းတွေ မြင်ရမလား?

ကျနော်ကတော့ လီဗာပူးအသင်းက တုန့်ပြန်လာမယ်လို့ ထင်ပါတယ်။ ဒါက သိပ်ကောင်းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာမှာဖြစ်ပြီး နီးနီးကပ်ကပ် ပြိုင်ဆိုင်ကြမယ့် ပွဲတစ်ပွဲဖြစ်လာမှာ ဖြစ်သလို လီဗာပူးအသင်းက နှားတဖျားအသာနဲ့ အနိုင်ရသွားမယ်လို့ မြင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပက်သက်လို့ မိုင်ကယ်အိုဝင်ရဲ့ ရလဒ် ခန့်မှန်းကတော့ လီဗာပူးက အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ကပ်သီးလေး အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၆ နာရီမွာေတာ့ ဂူဒီဆင္ပါခ္မွာ မာေဆးဆိုဒ္ဒါဘီပြဲ ယွဥ္ျပိဳင္ၾကရမွာ ျဖစ္ပါတယ္။

မာေဆးဆိုဒ္ဒါဘီဟာ အျမဲတမ္း ျပိဳင္ဆိုင္မႈ ျပင္းထန္လွတဲ့ ပြဲစဥ္ျဖစ္ျပီး ဒီတစ္ၾကိမ္မွာ အဲဗာတန္အသင္းက တာထြက္ေကာင္းေနတာေၾကာင့္ ပြဲက ပိုမို အက်ိတ္အနယ္ ျဖစ္လာဖို႔ ရွိေနပါတယ္။ ဒီပြဲကို အႏုိင္ရမွ အမွတ္ေပးဇယား ျပန္လည္ ဦးေဆာင္ခြင့္အတြက္ လီဗာပူးက ေနရာျပန္ယူႏုိင္မွာျဖစ္ကာ ရလဒ္ မေကာင္းခဲ့ရင္ေတာ့ ဗီလာပြဲအျပီး ရမွတ္ထပ္မံ ဆံုးရံွဴးမႈ ျဖစ္သြားပါမယ္။

မိုင္ကယ္အိုဝင္က ” ႏွစ္ေတြ အၾကာၾကီးမွာ ၾကိဳတင္ခန္႔မွန္းရ အခက္ခဲဆံုး မာေဆးဆိုဒ္ ဒါဘီ ျဖစ္လာပါတယ္။ ဒီကလပ္ ႏွစ္သင္းမွာ အဲဗာတန္အသင္းက ရာနႈန္းျပည့္ ႏုိင္ပြဲနဲ႔အတူ ယွဥ္ျပိဳင္လာမယ့္ အသင္းျဖစ္မယ္လို႔ ဘယ္သူကေကာ ၾကိဳတင္ ခန္႔မွန္းမိၾကမွာတဲ့လဲ?

အဲဗာတန္က သိပ္ေကာင္းတဲ့ တာထြက္မႈကို ပိုင္ဆိုင္ေနတယ္။ လီဗာပူးကေတာ့ အရင္ ႏွစ္ပတ္က အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့ရမႈကေန ျပန္လည္ ႏိုးထလာဖို႔ ၾကိဳးစားရမွာျဖစ္တယ္။ တုန္႔ျပန္မႈေကာင္းေတြ ျမင္ရမလား?

က်ေနာ္ကေတာ့ လီဗာပူးအသင္းက တုန္႔ျပန္လာမယ္လို႔ ထင္ပါတယ္။ ဒါက သိပ္ေကာင္းတဲ့ ပြဲတစ္ပြဲလည္း ျဖစ္လာမွာျဖစ္ျပီး နီးနီးကပ္ကပ္ ျပိဳင္ဆုိင္ၾကမယ့္ ပြဲတစ္ပြဲျဖစ္လာမွာ ျဖစ္သလို လီဗာပူးအသင္းက ႏွားတဖ်ားအသာနဲ႔ အႏုိင္ရသြားမယ္လို႔ ျမင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ မိုင္ကယ္အိုဝင္ရဲ႕ ရလဒ္ ခန္႔မွန္းကေတာ့ လီဗာပူးက အေဝးကြင္းမွာ ၂-၁ ဆိုတဲ့ ရလဒ္နဲ႔ ကပ္သီးေလး အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။