အာဆင်ဝင်းဂါးက ၂၀၁၃ ခုနှစ်တုန်းက လီဗာပူးတိုက်စစ်သမား ဆွာရက်စ်ကို စာချုပ်ပါကြေးထက် ၁ ပေါင် ပိုပေးပြီး ကမ်းလှမ်းမှုက စိတ်ပျက်စရာ ကမ်းလှမ်းမှုဖြစ်ကြောင်း ဝန်ခံပါတယ်။

ထိုစဉ်က အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်မှ အိုဇေးလို ကစားသမားကို ရရှိထားပြီဖြစ်ကာ တိုက်စစ်လိုအပ်ချက်အတွက် ဆွာရက်စ်ကို ကမ်းလှမ်းခဲ့တာပါ။ လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက အာဆင်နယ်ရဲ့ လုပ်ရပ်ဟာ ကလပ်ကို စော်ကားမှုလို့ ယူဆတာကြောင့် အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်။

လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးဖြစ်နေတဲ့ ဆွာရက်စ်ကို အာဆင်နယ်အသင်းကတော့ ပေါင် သန်း ၄၀ နဲ့ ၁ ပေါင်ကို ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ဒီကမ်းလှမ်းမှုက အဓိပ္ပာယ်မရှိခဲ့ပေမယ့် ဘာလို့ လုပ်ရလဲဆိုတာကို အာဆင်ဝင်းဂါးက ရှင်းပြပါတယ်။

အာဆင်ဝင်းဂါးက ‘ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လူးဝစ်ဆွာရက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ ကျနေ်ာတို့ ကစားသမား၊ သူ့ရဲ့အေးဂျင့်တို့နဲ့ သဘောတူညီမှု ရခဲ့တယ်။ ဒါပေမယ့် အေးဂျင့်က ဆွာရက်စ်ကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် သန်း ၄၀ ထက်တော့ ပိုပေးရမယ်လို့ ပြောခဲ့တယ်။ အဲ့လိုဆိုရင် လီဗာပူးက ဆွာရက်စ်ကို ထွက်ခွာခွင့်ပေးလိမ့်မယ်။

ဒါပေမယ့် အဲ့အချက်က တကယ်ကော ရှိရဲ့လားဆိုတာကို သိရဖို့ ခပ်ကြမ်းကြမ်း ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အဲ့မှာပဲ စာချုပ်ပါကြေးဆိုတာ တကယ် မရှိဘူးဆိုတာကို သိခဲ့ရတယ်။ သတင်းတွေက မှန်ပါတယ်။ ကျနေ်ာတို့က ဆွာရက်ကို ပေါင် သန်း ၄၀ ကိုမှ ၁ ပေါင် ပိုပေးပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါက သိပ်မကောင်းတဲ့ ကမ်းလှမ်းမှုဆိုတာလည်း ကျနော် ဝန်ခံပါတယ်။

ဒါပေမယ့် လီဗာပူးကလည်း ဆွာရက်စ်ကို မရောင်းလိုပါဘူး။ သူတို့က ဆွာရက်စ်ကို ဆက်ထိန်းထားလိုတာပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

အာဆင္ဝင္းဂါးက ၂၀၁၃ ခုႏွစ္တုန္းက လီဗာပူးတိုက္စစ္သမား ဆြာရက္စ္ကို စာခ်ဳပ္ပါေၾကးထက္ ၁ ေပါင္ ပိုေပးျပီး ကမ္းလွမ္းမႈက စိတ္ပ်က္စရာ ကမ္းလွမ္းမႈျဖစ္ေၾကာင္း ဝန္ခံပါတယ္။

ထိုစဥ္က အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္မွ အိုေဇးလို ကစားသမားကို ရရွိထားျပီျဖစ္ကာ တိုက္စစ္လိုအပ္ခ်က္အတြက္ ဆြာရက္စ္ကို ကမ္းလွမ္းခဲ့တာပါ။ လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီက အာဆင္နယ္ရဲ႕ လုပ္ရပ္ဟာ ကလပ္ကို ေစာ္ကားမႈလို႔ ယူဆတာေၾကာင့္ အေျပာင္းအေရႊ႔ကို ပယ္ခ်ခဲ့တယ္။

လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ အေကာင္းဆံုး တိုက္စစ္မွဴးျဖစ္ေနတဲ့ ဆြာရက္စ္ကို အာဆင္နယ္အသင္းကေတာ့ ေပါင္ သန္း ၄၀ နဲ႔ ၁ ေပါင္ကို ကမ္းလွမ္းခဲ့တာျဖစ္တယ္။ ဒီကမ္းလွမ္းမႈက အဓိပၸာယ္မရွိခဲ့ေပမယ့္ ဘာလို႔ လုပ္ရလဲဆိုတာကို အာဆင္ဝင္းဂါးက ရွင္းျပပါတယ္။

အာဆင္ဝင္းဂါးက ‘ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီမွာ လူးဝစ္ဆြာရက္စ္ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားခဲ့တယ္။ က်ေန္ာတို႔ ကစားသမား၊ သူ႔ရဲ႕ေအးဂ်င့္တို႔နဲ႔ သေဘာတူညီမႈ ရခဲ့တယ္။ ဒါေပမယ့္ ေအးဂ်င့္က ဆြာရက္စ္ကို ေခၚယူလိုတယ္ဆိုရင္ ေပါင္ သန္း ၄၀ ထက္ေတာ့ ပိုေပးရမယ္လို႔ ေျပာခဲ့တယ္။ အဲ့လိုဆိုရင္ လီဗာပူးက ဆြာရက္စ္ကို ထြက္ခြာခြင့္ေပးလိမ့္မယ္။

ဒါေပမယ့္ အဲ့အခ်က္က တကယ္ေကာ ရွိရဲ႕လားဆိုတာကို သိရဖို႔ ခပ္ၾကမ္းၾကမ္း ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။ အဲ့မွာပဲ စာခ်ဳပ္ပါေၾကးဆိုတာ တကယ္ မရွိဘူးဆိုတာကို သိခဲ့ရတယ္။ သတင္းေတြက မွန္ပါတယ္။ က်ေန္ာတုိ႔က ဆြာရက္ကို ေပါင္ သန္း ၄၀ ကိုမွ ၁ ေပါင္ ပိုေပးျပီး ကမ္းလွမ္းခဲ့တာပါ။ ဒါက သိပ္မေကာင္းတဲ့ ကမ္းလွမ္းမႈဆိုတာလည္း က်ေနာ္ ဝန္ခံပါတယ္။

ဒါေပမယ့္ လီဗာပူးကလည္း ဆြာရက္စ္ကို မေရာင္းလိုပါဘူး။ သူတို႔က ဆြာရက္စ္ကို ဆက္ထိန္းထားလိုတာပါ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။