လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တာကို ကြိုက်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ ရာသီသစ်ကို အကောင်းဆုံး စတင်လာခဲ့ပြီး အဖွင့် ၃ ပွဲမှာ ရမှတ် ၉ မှတ် အပြည့်ရခဲ့ပေမယ့် အက်စတွန်ဗီလာနဲ့ပွဲကို ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တာပါ။ ၁၉၆၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရံှူးပွဲလည်း ဖြစ်ခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ကတော့ ဆင်ခြေပေးစရာမရှိ ပြတ်ပြတ်သားသား အရေးနိမ့်တာကို ကြိုက်တယ်လို့ ဖွင့်ဟခဲ့တယ်။ ထိုပွဲနဲ့ ပက်သက်လို့ များပြားတဲ့ အားနည်းချက်တွေကိုလည်း နိုင်ငံတကာ သီတင်းပတ်မှာ ကလော့ပ်နဲ့ နည်းပြအဖွဲ့က လေ့လာမှု လုပ်ထားပြီး လာမယ့် စနေနေ့မှာတော့ အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ကလော့ပ်က ” လေးစားသမှုနဲ့ ပြောရမယ်ဆိုရင် အဲ့လို ရံှူးလိုက်တာကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ရံှူးတာထက် ပိုကြိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ရလဒ်က ရှင်းသွားတယ်လေ။ အဲ့ပွဲကို ၃-၂ လောက်နဲ့ ရံှူးခဲ့မယ်ဆိုရင် ပွဲအပြီး အိမ်ပြန်ရမှာပါပဲ။ ကောင်လေးတွေက နိုင်ငံတကာ သီတင်းပတ်အတွက် အဝေးကို သွားရမှာပါပဲ။

ကျနေ်ာတို့ နည်းပြအဖွဲ့ကတော့ စိစစ်မှုတွေ သုံးသပ်မှုတွေ အများကြီးကို လုပ်ကြရမယ်။ အခုလို ဂိုးပြတ်ရံှူးလိုက်တာက အသုံးဝင်ပါတယ်။ ကောင်လေးတွေအတွက် ဒီအရံှူးရလဒ်ကိုပဲ တစ်ချိန်လုံး စိတ်ထဲမှာထည့်နေလို့ မရတာကလည်း အရေးကြီးပါတယ်။ သူတို့က နိုင်ငံအသင်းနဲ့အတူ အများဆုံး သုံးပွဲလောက် ကစားရမှာဖြစ်တယ်။ သူတို့ လီဗာပူးက အကြောင်းကို တွေးနေလို့မရဘူး။ သူတို့ရဲ့ ပွဲတွေကို သူတို့ အာရုံစိုက်နေတာကို လိုချင်တယ်။

ဒါပေမယ့် ပွဲနဲ့ပက်သက်လို့ ကျနော် တွေးမိတာတွေ အားလုံးကို ချရေးထားပါပြီ။ ဒီအခြေအနေမှာတော့ အဲ့ကိစ္စက ပြီးသွားပါပြီ။ စိတ်ခေါ်မှုက အခုမှ စမှာပါ။ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ ပွဲတွေ ပြီးသွားပါပြီ ကြာသပတေးနေ့မှာတော့ သူတို့တွေ ပင်ပန်းစွာနဲ့ ပြန်ရောက်လာကြပါပြီ။ အားပြန်ဖြည့်မယ်။ သောကြာနေ့မှာ လေ့ကျင့်ရေး တစ်ခုကို ပြုလုပ်မယ်။ ပြီးရင် အဲဗာတန်နဲ့ ယှဉ်ပြိုင်ပါမယ်။

ဒါပါပဲ။ ဒါက ကျနေ်ာတို့ရဲ့ အခြေအနေပါပဲ။ ဒါကို ပြောင်းလဲလို့လည်း မရပါဘူး။ ပြောင်းလဲ မပြောင်းလဲလိုပါဘူး။ နောက်ထပ် စိန်ခေါ်မှုအသစ် လာပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့တာကို ၾကိဳက္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ ရာသီသစ္ကို အေကာင္းဆံုး စတင္လာခဲ့ျပီး အဖြင့္ ၃ ပြဲမွာ ရမွတ္ ၉ မွတ္ အျပည့္ရခဲ့ေပမယ့္ အက္စတြန္ဗီလာနဲ႔ပြဲကို ဆိုးဆိုးရြားရြား အေရးနိမ့္ခဲ့တာပါ။ ၁၉၆၃ ခုႏွစ္ေနာက္ပိုင္း အဆိုးရြားဆံုး ရံွဴးပြဲလည္း ျဖစ္ခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ဆင္ေျခေပးစရာမရွိ ျပတ္ျပတ္သားသား အေရးနိမ့္တာကို ၾကိဳက္တယ္လို႔ ဖြင့္ဟခဲ့တယ္။ ထိုပြဲနဲ႔ ပက္သက္လို႔ မ်ားျပားတဲ့ အားနည္းခ်က္ေတြကိုလည္း ႏုိင္ငံတကာ သီတင္းပတ္မွာ ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔က ေလ့လာမႈ လုပ္ထားျပီး လာမယ့္ စေနေန႔မွာေတာ့ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားမွာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” ေလးစားသမႈနဲ႔ ေျပာရမယ္ဆိုရင္ အဲ့လို ရံွဴးလိုက္တာကို ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ ရံွဴးတာထက္ ပိုၾကိဳက္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ရလဒ္က ရွင္းသြားတယ္ေလ။ အဲ့ပြဲကို ၃-၂ ေလာက္နဲ႔ ရံွဴးခဲ့မယ္ဆိုရင္ ပြဲအျပီး အိမ္ျပန္ရမွာပါပဲ။ ေကာင္ေလးေတြက ႏုိင္ငံတကာ သီတင္းပတ္အတြက္ အေဝးကို သြားရမွာပါပဲ။

က်ေန္ာတို႔ နည္းျပအဖြဲ႔ကေတာ့ စိစစ္မႈေတြ သံုးသပ္မႈေတြ အမ်ားၾကီးကို လုပ္ၾကရမယ္။ အခုလို ဂိုးျပတ္ရံွဴးလိုက္တာက အသံုးဝင္ပါတယ္။ ေကာင္ေလးေတြအတြက္ ဒီအရံွဴးရလဒ္ကိုပဲ တစ္ခ်ိန္လံုး စိတ္ထဲမွာထည့္ေနလို႔ မရတာကလည္း အေရးၾကီးပါတယ္။ သူတို႔က ႏုိင္ငံအသင္းနဲ႔အတူ အမ်ားဆံုး သံုးပြဲေလာက္ ကစားရမွာျဖစ္တယ္။ သူတို႔ လီဗာပူးက အေၾကာင္းကို ေတြးေနလို႔မရဘူး။ သူတို႔ရဲ႕ ပြဲေတြကို သူတို႔ အာရံုစိုက္ေနတာကို လိုခ်င္တယ္။

ဒါေပမယ့္ ပြဲနဲ႔ပက္သက္လို႔ က်ေနာ္ ေတြးမိတာေတြ အားလံုးကို ခ်ေရးထားပါျပီ။ ဒီအေျခအေနမွာေတာ့ အဲ့ကိစၥက ျပီးသြားပါျပီ။ စိတ္ေခၚမႈက အခုမွ စမွာပါ။ ဗုဒၶဟူးေန႔မွာ ႏိုင္ငံတကာ ပြဲေတြ ျပီးသြားပါျပီ ၾကာသပေတးေန႔မွာေတာ့ သူတို႔ေတြ ပင္ပန္းစြာနဲ႔ ျပန္ေရာက္လာၾကပါျပီ။ အားျပန္ျဖည့္မယ္။ ေသာၾကာေန႔မွာ ေလ့က်င့္ေရး တစ္ခုကို ျပဳလုပ္မယ္။ ျပီးရင္ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ပါမယ္။

ဒါပါပဲ။ ဒါက က်ေန္ာတို႔ရဲ႕ အေျခအေနပါပဲ။ ဒါကို ေျပာင္းလဲလို႔လည္း မရပါဘူး။ ေျပာင္းလဲ မေျပာင္းလဲလိုပါဘူး။ ေနာက္ထပ္ စိန္ေခၚမႈအသစ္ လာပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။။