နိုင်ငံတကာသီတင်းပတ် လီဗာပူးအသင်း လေ့ကျင့်ရေးမှာတော့ စီနီယာဂိုးသမား အယ်လီဆန်နဲ့ တတိယဦးစားပေး ဂိုးသမား ဂလယ်ဟာတို့ မပါနိုင်ခဲ့ပါဘူး။

အယ်လီဆန်က ပုခုံးဒဏ်ရာကြောင့် အနားယူနေရခဲ့တာဖြစ်ပြီး ဂလယ်ဟာကတော့ အိုင်ယာလန်အသင်း လူစာရင်းမှာ ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးနည်းပြ အက်ချ်တာဘတ်က စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့်ရထားတဲ့ ပီတာလူးဂါအပြင် လူငယ်အသင်းမှ ဂိုးသမား ၂ ဦးကို ထပ်မံ ခေါ်ယူပြီး လေ့ကျင့်ရေးကို အားဖြည့်ခဲ့ရပါတယ်။

ဒီအပတ် မဲဝုဒ်လေ့ကျင့်ရေးမှာတော့ စီနီယာကစားသမားတွေဖြစ်တဲ့ မာတစ်၊ သီယာဂိုနဲ့ မာနေးတို့ ပါဝင်လာခဲ့တယ်။ ဒါပေမယ့်လို့ ကစားသမား ၂၀ ကျော်ကို လက်လွတ်ထားရတဲ့ လီဗာပူးအသင်းက အုပ်စုငယ် ပုံစံဖြစ်ပဲ လေ့ကျင့်နိုင်ခဲ့တယ်။ လေ့ကျင့်မှုမှာတော့ ဆာလက်အပြင် ဂျိမ်းမီလ်နာ၊ အီးလီးယော့နဲ့ နက်ဖီလစ်တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒုတိယဦးစားပေး ဂိုးသမား အတ်ဒရီယန်ကိုလည်း မန်နေဂျာကလော့ပ်ရဲ့ ကြီးကြပ်မှုနဲ့ လေ့ကျင့်ရေးမှာ အဆုံးသတ်ပိုင်း ပိတ်သွင်းမှုတွေကို ကာကွယ်နေစေတာ မြင်ခဲ့ရတယ်။ လူငယ်အသင်းကနေ ပါဝင်လာစေခဲ့သူတွေကတော့ ဂိုးသမားသစ် ပီတာလူးဂါ အပြင် ယူ-၁၈ နဲ့ ယူ-၂၃ အသင်းမှ ဂိုးသမားတွေဖြစ်တဲ့ Jaros (၁၉ နှစ်) နဲ့ Ojrzynski (၁၇ နှစ်) တို့ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ကတော့ ကွင်းလယ်လူ သီယာဂိုဟာ အတ်ဒရီယန်ရဲ့ ကူညီမှုနဲ့အတူ အသင်းနဲ့ အမြန်ဆုံး အထိုင်ကျနေတယ်လို့ ဆိုထားတယ်။ အဲဗာတန်ပွဲမှာတော့ အတ်ဒရီယန်ကို ဂိုးဖမ်းစေပြီး လက်ရွေးစင်က ပြန်လာမယ့် ဂလယ်ဟာက အရန်ခုံမှာ ထိုင်ရဖွယ် ရှိပါတယ်။

လက်ရွေးစင်အသင်းကနေ ပြန်လာမယ့် အသင်းသားတွေ အားလုံးနဲ့အတူ အဲဗာတန်ပွဲကြို လေ့ကျင့်ချိန်က ၁ ချိန်ပဲရမှာဖြစ်ပြီး သောကြာနေ့မှာ လေ့ကျင့်မှာဖြစ်တယ်။ ဥရောပမှာ ယှဉ်ပြိုင်နေတဲ့ အသင်းသားတွေက ကြာသပတေးနေ့မှာ မဲဝုဒ်ကို ပြန်လာမှာဖြစ်ပြီး တောင်အမေရိကတိုက်မှာ ကစားနေတဲ့ ကစားသမားတွေကတော့ သောကြာနေ့မှ ပြန်ရောက်ပါမယ်။

ZAWGYI

ႏုိင္ငံတကာသီတင္းပတ္ လီဗာပူးအသင္း ေလ့က်င့္ေရးမွာေတာ့ စီနီယာဂိုးသမား အယ္လီဆန္နဲ႔ တတိယဦးစားေပး ဂိုးသမား ဂလယ္ဟာတို႔ မပါႏုိင္ခဲ့ပါဘူး။

အယ္လီဆန္က ပုခံုးဒဏ္ရာေၾကာင့္ အနားယူေနရခဲ့တာျဖစ္ျပီး ဂလယ္ဟာကေတာ့ အုိင္ယာလန္အသင္း လူစာရင္းမွာ ပါဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂိုးနည္းျပ အက္ခ်္တာဘတ္က စီနီယာအသင္းနဲ႔ ေလ့က်င့္ခြင့္ရထားတဲ့ ပီတာလူးဂါအျပင္ လူငယ္အသင္းမွ ဂိုးသမား ၂ ဦးကို ထပ္မံ ေခၚယူျပီး ေလ့က်င့္ေရးကို အားျဖည့္ခဲ့ရပါတယ္။

ဒီအပတ္ မဲဝုဒ္ေလ့က်င့္ေရးမွာေတာ့ စီနီယာကစားသမားေတြျဖစ္တဲ့ မာတစ္၊ သီယာဂိုနဲ႔ မာေနးတို႔ ပါဝင္လာခဲ့တယ္။ ဒါေပမယ့္လို႔ ကစားသမား ၂၀ ေက်ာ္ကို လက္လြတ္ထားရတဲ့ လီဗာပူးအသင္းက အုပ္စုငယ္ ပံုစံျဖစ္ပဲ ေလ့က်င့္ႏုိင္ခဲ့တယ္။ ေလ့က်င့္မႈမွာေတာ့ ဆာလက္အျပင္ ဂ်ိမ္းမီလ္နာ၊ အီးလီးေယာ့နဲ႔ နက္ဖီလစ္တို႔လည္း ပါဝင္ခဲ့ပါတယ္။

ဒုတိယဦးစားေပး ဂိုးသမား အတ္ဒရီယန္ကိုလည္း မန္ေနဂ်ာကေလာ့ပ္ရဲ႕ ၾကီးၾကပ္မႈနဲ႔ ေလ့က်င့္ေရးမွာ အဆံုးသတ္ပိုင္း ပိတ္သြင္းမႈေတြကို ကာကြယ္ေနေစတာ ျမင္ခဲ့ရတယ္။ လူငယ္အသင္းကေန ပါဝင္လာေစခဲ့သူေတြကေတာ့ ဂိုးသမားသစ္ ပီတာလူးဂါ အျပင္ ယူ-၁၈ နဲ႔ ယူ-၂၃ အသင္းမွ ဂိုးသမားေတြျဖစ္တဲ့ Jaros (၁၉ ႏွစ္) နဲ႔ Ojrzynski (၁၇ ႏွစ္) တို႔ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ကြင္းလယ္လူ သီယာဂိုဟာ အတ္ဒရီယန္ရဲ႕ ကူညီမႈနဲ႔အတူ အသင္းနဲ႔ အျမန္ဆံုး အထိုင္က်ေနတယ္လို႔ ဆိုထားတယ္။ အဲဗာတန္ပြဲမွာေတာ့ အတ္ဒရီယန္ကို ဂိုးဖမ္းေစျပီး လက္ေရြးစင္က ျပန္လာမယ့္ ဂလယ္ဟာက အရန္ခံုမွာ ထိုင္ရဖြယ္ ရွိပါတယ္။

လက္ေရြးစင္အသင္းကေန ျပန္လာမယ့္ အသင္းသားေတြ အားလံုးနဲ႔အတူ အဲဗာတန္ပြဲၾကိဳ ေလ့က်င့္ခ်ိန္က ၁ ခ်ိန္ပဲရမွာျဖစ္ျပီး ေသာၾကာေန႔မွာ ေလ့က်င့္မွာျဖစ္တယ္။ ဥေရာပမွာ ယွဥ္ျပိဳင္ေနတဲ့ အသင္းသားေတြက ၾကာသပေတးေန႔မွာ မဲဝုဒ္ကို ျပန္လာမွာျဖစ္ျပီး ေတာင္အေမရိကတိုက္မွာ ကစားေနတဲ့ ကစားသမားေတြကေတာ့ ေသာၾကာေန႔မွ ျပန္ေရာက္ပါမယ္။