လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း စတားရစ်ကတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာတွေအတွက် ကုသရင်းပဲ ငွေကြေးနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ လက်ရှိအချိန်ထိ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရပေမယ့် မည်သည့်ကလပ်ကမှ မခေါ်ယူသေးပါဘူး။ အဓိကအားဖြင့် သူ့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းကြောင့် ကလပ်တွေက ခေါ်ယူဖို့ လက်တွန့်နေကြတာပါ။

စတားရစ် ကိုယ်တိုင်ကလည်း ဒဏ်ရာတွေရဲ့ သားကောင်ဖြစ်ရမှုကို ဝန်ခံခဲ့သလို ဒါတွေကို ကုဖို့ ငွေသုံးရင်းနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ဖွင့်ဟခဲ့တယ်။

စတားရစ်က “ မာကိုးရုစ်က သူရတဲ့ ငွေကြေးတွေကို ဒဏ်ရာကနေ သက်သာလာဖို့နဲ့ နောက်ထပ် ဒဏ်ရာမရဖို့ သုံးလိုက်ရတယ်လို့ ပြောဆိုတာကို ကျနော် မြင်ခဲ့ပါတယ်။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော်လည်း တူတူပါပဲ။ ကျန်းမာကြံ့ခိုင်နေဖို့အတွက် ကွင်းပြင်ပမှာလည်း သီးခြား ဆေးပညာရှင်တွေရဲ့ အကူအညီတွေအတွက် ငွေတွေအများကြီး သုံးခဲ့ရပါတယ်။ သိန်းဂဏန်းလောက်ရှိတဲ့ ငွေကြေးတွေကို အဲ့အတွက်ပဲ သုံးရတာဖြစ်ပါတယ်။

ကျနော်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး ပုံစံမှာ ရှိနေအောင် နာရီအတန်ကြာ လှုပ်ရှားနိုင်အောင် ကျနော် လုပ်နိုင်တာတွေ အားလုံးကို ကြိုးစားခဲ့ရတယ်။ ဒါပေမယ့် အဲ့တာက ကံဆိုးတာပါပဲ။

အခက်ခဲဆုံး အပိုင်းကတော့ စိတ်ဓါတ်ပိုင်း ဖြစ်ပါတယ်။ ကြံ့ခိုင်ဖို့ ကောင်းကောင်းကစားတယ်၊ ကောင်းကောင်းအိပ်တယ်၊ အားလုံးကို ပေးဆပ်ခဲ့တယ်။ ကုသဖို့ လိုတဲ့ ကိစ္စတွေအားလုံးကိုလည်း လုပ်ဆောင်တယ်။ အားလုံးကို လုပ်ခဲ့တာပါ။ တစ်စက်လေးမှ မချန်ဘဲ ကြိုးစားပေမယ့် ဒဏ်ရာရလာတဲ့အခါ စိတ်ဓါတ်ပိုင်းက အရမ်းကို ခက်ခဲပါတယ်။

ဒဏ်ရာက ကိုယ်ကို နှိပ်စက်နိုင်ဆဲ ဖြစ်တယ်။ ကျနော်က ဒဏ်ရာတွေ အများကြီးနဲ့ ဘောလုံးကစားခဲ့ရသူဖြစ်တယ်။ မကြာခဏ ဒဏ်ရာရနိုင်ချေတွေနဲ့အတူ အသင်းအတွက် ကျနော်က ကိုယ်ဘာသာ တွန်းအားပေး ကျော်ဖြတ်ခဲ့ရတယ်။ ခက်ခဲတဲ့ အချိန်တိုင်းကို ကျော်ဖြတ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း တိုက္စစ္မွဴးေဟာင္း စတားရစ္ကေတာ့ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ရင္ဆိုင္ခဲ့ရတဲ့ ဒဏ္ရာေတြအတြက္ ကုသရင္းပဲ ေငြေၾကးနဲ႔ အခ်ိန္ေတြ ကုန္ခဲ့ရတယ္လို႔ ထုတ္ေျပာလာပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ တိုက္စစ္သမားဟာ လက္ရွိအခ်ိန္ထိ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူခြင့္ရေပမယ့္ မည္သည့္ကလပ္ကမွ မေခၚယူေသးပါဘူး။ အဓိကအားျဖင့္ သူ႔ရဲ႕ ဆိုးရြားတဲ့ ဒဏ္ရာမွတ္တမ္းေၾကာင့္ ကလပ္ေတြက ေခၚယူဖို႔ လက္တြန္႔ေနၾကတာပါ။

စတားရစ္ ကိုယ္တိုင္ကလည္း ဒဏ္ရာေတြရဲ႔ သားေကာင္ျဖစ္ရမႈကို ဝန္ခံခဲ့သလို ဒါေတြကို ကုဖို႔ ေငြသံုးရင္းနဲ႔ပဲ အခ်ိန္ကုန္ခဲ့တယ္လို႔ ဖြင့္ဟခဲ့တယ္။

စတားရစ္က “ မာကိုးရုစ္က သူရတဲ့ ေငြေၾကးေတြကို ဒဏ္ရာကေန သက္သာလာဖို႔နဲ႔ ေနာက္ထပ္ ဒဏ္ရာမရဖို႔ သံုးလိုက္ရတယ္လို႔ ေျပာဆိုတာကို က်ေနာ္ ျမင္ခဲ့ပါတယ္။

ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ က်ေနာ္လည္း တူတူပါပဲ။ က်န္းမာၾကံ႕ခိုင္ေနဖို႔အတြက္ ကြင္းျပင္ပမွာလည္း သီးျခား ေဆးပညာရွင္ေတြရဲ႕ အကူအညီေတြအတြက္ ေငြေတြအမ်ားၾကီး သံုးခဲ့ရပါတယ္။ သိန္းဂဏန္းေလာက္ရွိတဲ့ ေငြေၾကးေတြကို အဲ့အတြက္ပဲ သံုးရတာျဖစ္ပါတယ္။

က်ေနာ္ရဲ႕ ခႏၶာကိုယ္ကို အေကာင္းဆံုး ပံုစံမွာ ရွိေနေအာင္ နာရီအတန္ၾကာ လႈပ္ရွားႏုိင္ေအာင္ က်ေနာ္ လုပ္ႏုိင္တာေတြ အားလံုးကို ၾကိဳးစားခဲ့ရတယ္။ ဒါေပမယ့္ အဲ့တာက ကံဆိုးတာပါပဲ။

အခက္ခဲဆံုး အပိုင္းကေတာ့ စိတ္ဓါတ္ပိုင္း ျဖစ္ပါတယ္။ ၾကံ႕ခိုင္ဖို႔ ေကာင္းေကာင္းကစားတယ္၊ ေကာင္းေကာင္းအိပ္တယ္၊ အားလံုးကို ေပးဆပ္ခဲ့တယ္။ ကုသဖို႔ လိုတဲ့ ကိစၥေတြအားလံုးကိုလည္း လုပ္ေဆာင္တယ္။ အားလံုးကို လုပ္ခဲ့တာပါ။ တစ္စက္ေလးမွ မခ်န္ဘဲ ၾကိဳးစားေပမယ့္ ဒဏ္ရာရလာတဲ့အခါ စိတ္ဓါတ္ပိုင္းက အရမ္းကို ခက္ခဲပါတယ္။

ဒဏ္ရာက ကိုယ္ကို ႏွိပ္စက္ႏုိင္ဆဲ ျဖစ္တယ္။ က်ေနာ္က ဒဏ္ရာေတြ အမ်ားၾကီးနဲ႔ ေဘာလံုးကစားခဲ့ရသူျဖစ္တယ္။ မၾကာခဏ ဒဏ္ရာရႏုိင္ေခ်ေတြနဲ႔အတူ အသင္းအတြက္ က်ေနာ္က ကိုယ္ဘာသာ တြန္းအားေပး ေက်ာ္ျဖတ္ခဲ့ရတယ္။ ခက္ခဲတဲ့ အခ်ိန္တိုင္းကို ေက်ာ္ျဖတ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။