လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်း သတင်းဆိုင်ရာ အကြီးအကဲ Ian Doyle က ဒီကနေ့မှာ လူပြောများနေတဲ့ ကလပ်ရဲ့ ကိစ္စကြီးတွေအတွက် မေးမြန်း ဖြေဆိုမှုအချို့ လုပ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ Project Big Picture ကို စတင်ခဲ့တဲ့ ကလပ်ဖြစ်ပြီး ဒီကိစ္စကြောင့်လည်း အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းက ကြီးကြီးမားမား လှုပ်ခတ်မှုတွေ ရှိလာခဲ့တယ်။ ဒါပေမယ့်လို့ ကလပ် ၂၀ က အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကာ အဆိုပါ ပရော်ဂျက်ကို ပယ်ချခဲ့ပါတယ်။

ဂျွန်ဟင်နရီက ၎င်းတို့ရဲ့ အားကစားလုပ်ငန်းစုဖြစ်တဲ့ FSG ရဲ့ ရှယ်ယာ ၂၅% ကို Redball ထံ ရောင်းထုတ်ပြီး ပူးပေါင်းမှုတွေ လုပ်ဖို့ ပြင်ဆင်မှုတွေလည်း ရှိနေတယ်။ အားကစားအင်ပါယာ ချဲ့ထွင်ဖို့အတွက် နောက်ထပ် ဥရောပကလပ်ကိုလည်း ဝယ်ယူမှုတွေ ရှိပါလိမ့်မယ်။ ကစားကွင်း နောက်ကွယ်က ဒီ အပြောင်းအလဲတွေနည်းတူ အသင်းလူစာရင်းကလည်း ပြောင်းလဲမှုတွေ ရှိလာမှာပါ။

FSG ဟာ လီဗာပူးအသင်းကို တာဝန်ယူမှု ၁၀ နှစ် ရောက်ရှိခဲ့ပြီဖြစ်ကာ ဒီနှစ်တွေအတွင်း အသုံးစရိတ် ပေါင် ၉၀၆.၅၈ သန်း သုံးထားပြီး ပြန်လည် ရောင်းထုတ်မှုကနေ ပေါင် ၆၅၆.၃၅ သန်း ရထားခဲ့တယ်။ အသာတင် သုံးမှုက ပေါင် သန်း ၂၅၀.၂၃ သန်းဖြစ်ကာ တစ်နှစ်ကို ပေါင် ၂၅.၂၃ သန်းဝန်းကျင် အသာတင် အသုံးပြုပါတယ်။

အထက်ပါ ကိစ္စတွေအပြင် Ian Doyle က ကလပ်မှာ ဂျိုတာနဲ့ မီနာမီနိုတို့ဟာ အရန်အဖြစ်ကော ပွဲထွက်လူစာရင်းကပါ နေရာ စတင်ရလာတော့မယ်လို့ ဆိုခဲ့တယ်။ သူကပဲ ဒီရာသီဟာ ဆာလက်၊ ဖာမင်နိုနဲ့ မာနေးတို့ အတူ တွဲကစားတာကို မြင်ရတဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

Doyle ကတော့ ဒါက သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်တယ်လို့ ဆိုခဲ့ပြီး သုံးဦးထဲက ဘယ်တစ်ဦးကို ရောင်းထုတ်မယ်ကတော့ မပြောတတ်ဘူးလို့ ဆိုပါတယ်။ သူကတော့ သုံးဦးထဲက တစ်ဦးကို ရောင်းထုတ်မယ်ဆိုရင် မာနေးကို ရောင်းထုတ်စေလိုပြီး ဈေးကောင်းအရဆုံး တိုက်စစ်သမား ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ အဓိက တိုက်စစ်သမား သုံးဦးကို ကာလရှည် ဆက်ထိန်းလာခဲ့ပေမယ့် တိုက်စစ်ကို ပြန်လည် တည်ဆောက်မှုတွေအတွက် ဒီနွေမှာတော့ တစ်ဦးဦးကို လက်လွတ်ရနိုင်တယ်။ ဒီအတွက်လည်း ကလပ်က ပြင်ဆင်ထားမှုတွေ ရှိကာ အစားထိုးစရာ ရှာဖွေထားမှုတဲ့ သတင်းတွေ ထွက်ပေါ်ထားဖူးပါတယ်။

အသင်းဘက် ပြင်ဆင်နေမှုတွေမှာတော့ ဆာလက်၊ မာနေးတို့နေရာမှာ အစားဝင်မယ့် ကစားသမားအတွက်တင် မဟုတ်ဘဲ ၂၀၂၄ ခုနှစ်မှာ ယာဂင်ကလော့ပ် အသင်းနဲ့ လမ်းခွဲခဲ့ရင်ဆိုတဲ့ အနေအထားအတွက်လည်း ပါဝင်ကြောင်း Ian Doyle က ပြောသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအေျခစိုက္ သတင္းဌာန Echo ရဲ႕ လီဗာပူးအသင္း သတင္းဆိုင္ရာ အၾကီးအကဲ Ian Doyle က ဒီကေန႔မွာ လူေျပာမ်ားေနတဲ့ ကလပ္ရဲ႕ ကိစၥၾကီးေတြအတြက္ ေမးျမန္း ေျဖဆိုမႈအခ်ိဳ႔ လုပ္သြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ Project Big Picture ကို စတင္ခဲ့တဲ့ ကလပ္ျဖစ္ျပီး ဒီကိစၥေၾကာင့္လည္း အဂၤလန္ေဘာလံုးအသိုင္းအဝိုင္းက ၾကီးၾကီးမားမား လႈပ္ခတ္မႈေတြ ရွိလာခဲ့တယ္။ ဒါေပမယ့္လို႔ ကလပ္ ၂၀ က အေရးေပၚ အစည္းအေဝး လုပ္ခဲ့ကာ အဆိုပါ ပေရာ္ဂ်က္ကို ပယ္ခ်ခဲ့ပါတယ္။

ဂၽြန္ဟင္နရီက ၄င္းတို႔ရဲ႕ အားကစားလုပ္ငန္းစုျဖစ္တဲ့ FSG ရဲ႕ ရွယ္ယာ ၂၅% ကို Redball ထံ ေရာင္းထုတ္ျပီး ပူးေပါင္းမႈေတြ လုပ္ဖို႔ ျပင္ဆင္မႈေတြလည္း ရွိေနတယ္။ အားကစားအင္ပါယာ ခ်ဲ႔ထြင္ဖို႔အတြက္ ေနာက္ထပ္ ဥေရာပကလပ္ကိုလည္း ဝယ္ယူမႈေတြ ရွိပါလိမ့္မယ္။ ကစားကြင္း ေနာက္ကြယ္က ဒီ အေျပာင္းအလဲေတြနည္းတူ အသင္းလူစာရင္းကလည္း ေျပာင္းလဲမႈေတြ ရွိလာမွာပါ။

FSG ဟာ လီဗာပူးအသင္းကို တာဝန္ယူမႈ ၁၀ ႏွစ္ ေရာက္ရွိခဲ့ျပီျဖစ္ကာ ဒီႏွစ္ေတြအတြင္း အသံုးစရိတ္ ေပါင္ ၉၀၆.၅၈ သန္း သံုးထားျပီး ျပန္လည္ ေရာင္းထုတ္မႈကေန ေပါင္ ၆၅၆.၃၅ သန္း ရထားခဲ့တယ္။ အသာတင္ သံုးမႈက ေပါင္ သန္း ၂၅၀.၂၃ သန္းျဖစ္ကာ တစ္ႏွစ္ကို ေပါင္ ၂၅.၂၃ သန္းဝန္းက်င္ အသာတင္ အသံုးျပဳပါတယ္။

အထက္ပါ ကိစၥေတြအျပင္ Ian Doyle က ကလပ္မွာ ဂ်ိဳတာနဲ႔ မီနာမီႏိုတို႔ဟာ အရန္အျဖစ္ေကာ ပြဲထြက္လူစာရင္းကပါ ေနရာ စတင္ရလာေတာ့မယ္လို႔ ဆိုခဲ့တယ္။ သူကပဲ ဒီရာသီဟာ ဆာလက္၊ ဖာမင္ႏိုနဲ႔ မာေနးတို႔ အတူ တြဲကစားတာကို ျမင္ရတဲ့ ေနာက္ဆံုး ေဘာလံုးရာသီ ျဖစ္လာမယ္လို႔ ဆိုခဲ့ပါတယ္။

Doyle ကေတာ့ ဒါက သူ႔ရဲ႕ ပုဂၢိဳလ္ေရး အျမင္သာျဖစ္တယ္လို႔ ဆိုခဲ့ျပီး သံုးဦးထဲက ဘယ္တစ္ဦးကို ေရာင္းထုတ္မယ္ကေတာ့ မေျပာတတ္ဘူးလို႔ ဆိုပါတယ္။ သူကေတာ့ သံုးဦးထဲက တစ္ဦးကို ေရာင္းထုတ္မယ္ဆိုရင္ မာေနးကို ေရာင္းထုတ္ေစလိုျပီး ေစ်းေကာင္းအရဆံုး တိုက္စစ္သမား ျဖစ္ပါလိမ့္မယ္လို႔ ေျပာပါတယ္။

လီဗာပူးအသင္းဟာ အဓိက တိုက္စစ္သမား သံုးဦးကို ကာလရွည္ ဆက္ထိန္းလာခဲ့ေပမယ့္ တိုက္စစ္ကို ျပန္လည္ တည္ေဆာက္မႈေတြအတြက္ ဒီေႏြမွာေတာ့ တစ္ဦးဦးကို လက္လြတ္ရႏုိင္တယ္။ ဒီအတြက္လည္း ကလပ္က ျပင္ဆင္ထားမႈေတြ ရွိကာ အစားထိုးစရာ ရွာေဖြထားမႈတဲ့ သတင္းေတြ ထြက္ေပၚထားဖူးပါတယ္။

အသင္းဘက္ ျပင္ဆင္ေနမႈေတြမွာေတာ့ ဆာလက္၊ မာေနးတို႔ေနရာမွာ အစားဝင္မယ့္ ကစားသမားအတြက္တင္ မဟုတ္ဘဲ ၂၀၂၄ ခုႏွစ္မွာ ယာဂင္ကေလာ့ပ္ အသင္းနဲ႔ လမ္းခြဲခဲ့ရင္ဆိုတဲ့ အေနအထားအတြက္လည္း ပါဝင္ေၾကာင္း Ian Doyle က ေျပာသြားခဲ့ပါတယ္။