လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်း သတင်းဆိုင်ရာ အကြီးအကဲ Ian Doyle က ဒီရာသီဟာ ဆာလက်၊ ဖာမင်နိုနဲ့ မာနေးတို့ အတူ တွဲကစားတာကို မြင်ရတဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းက ဝဲလ်ဆန်အတွက် အငှားကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အင်္ဂလန်ပြည်တွင်း ဈေးကွက်ဟာ သောကြာနေ့ညမှာ ပြီးဆုံးမှာဖြစ်ပြီး လောလောဆယ် အနေအထားအရ ဒါဘီအသင်းက ကစားသမားကို ခေါ်ယူနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဖိအားတွေများခဲ့တဲ့ လူငယ်လေး နီကိုး ဝီလီယမ်ဟာ ဒီအပတ် လက်ရွေးစင်ပွဲတွေမှာတော့ ခြေစွမ်းပြကစားနိုင်ခဲ့သလို ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း စတားရစ်ကတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာတွေအတွက် ကုသရင်းပဲ ငွေကြေးနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။

နိုင်ငံတကာသီတင်းပတ် လီဗာပူးအသင်း လေ့ကျင့်ရေးမှာတော့ စီနီယာဂိုးသမား အယ်လီဆန်နဲ့ တတိယဦးစားပေး ဂိုးသမား ဂလယ်ဟာတို့ မပါနိုင်ခဲ့ဘဲ ဂိုးသမားသစ် ပီတာလူးဂါအပြင် လူငယ်အသင်းမှ ဂိုးသမား ၂ ဦးကို ထပ်မံ ခေါ်ယူပြီး လေ့ကျင့်ရေးကို အားဖြည့်ခဲ့ရပါတယ်။

မနက်က ယှဉ်ပြိုင်ကစားတဲ့ ပေါ်တူဂီနဲ့ ဆွီဒင်ပွဲမှာတော့ တိုက်စစ်သမား ဂျိုတာ ခြေစွမ်းပြ ဂိုးတွေ သွင်းမှုနဲ့အတူ ပေါ်တူဂီက ၃-၀ နဲ့ အနိုင်ရသွားပါတယ်။ သူဟာ ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးခဲ့သလို သွင်းဂိုး ၂ ဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အက်စတွန်ဗီလာကို ၃-၂ လို မပြတ်မသား ရလဒ်နဲ့ မဟုတ်ဘဲ ၇-၂ နဲ့ အရေးနိမ့်ခဲ့တာကို ကြိုက်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒါက ပြင်ဆင်မှုတွေလုပ်ဖို့ ပိုမို အထောက်အကူ ဖြစ်ခဲ့ကြောင်းလည်း မန်နေဂျာက ဝန်ခံခဲ့တယ်။

အာဆင်ဝင်းဂါးက ၂၀၁၃ ခုနှစ်တုန်းက လီဗာပူးတိုက်စစ်သမား ဆွာရက်စ်ကို စာချုပ်ပါကြေးထက် ၁ ပေါင် ပိုပေးပြီး ကမ်းလှမ်းမှုက စိတ်ပျက်စရာ ကမ်းလှမ်းမှုဖြစ်ကြောင်း ဝန်ခံပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟောင်း ရက်နပ်က ဖန်တီးမှုမရှိဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်အတွက် ထရန့်ကို ပြောင်းကစားစေဖို့ အကြံပေးမှု လုပ်လာပါတယ်။

ZAWGYI

လီဗာပူးအေျခစိုက္ သတင္းဌာန Echo ရဲ႕ လီဗာပူးအသင္း သတင္းဆိုင္ရာ အၾကီးအကဲ Ian Doyle က ဒီရာသီဟာ ဆာလက္၊ ဖာမင္ႏိုနဲ႔ မာေနးတို႔ အတူ တြဲကစားတာကို ျမင္ရတဲ့ ေနာက္ဆံုး ေဘာလံုးရာသီ ျဖစ္လာမယ္လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းက ဝဲလ္ဆန္အတြက္ အငွားကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။ အဂၤလန္ျပည္တြင္း ေဈးကြက္ဟာ ေသာၾကာေန႔ညမွာ ၿပီးဆုံးမွာျဖစ္ၿပီး ေလာေလာဆယ္ အေနအထားအရ ဒါဘီအသင္းက ကစားသမားကို ေခၚယူႏုိင္ေခ် ရွိေနဆဲျဖစ္ပါတယ္။

ကြန္ျမဴနတီဒိုင္းပြဲမွာ ေျခစြမ္းမျပႏုိင္ျခင္းေၾကာင့္ ဖိအားေတြမ်ားခဲ့တဲ့ လူငယ္ေလး နီကိုး ဝီလီယမ္ဟာ ဒီအပတ္ လက္ေရြးစင္ပြဲေတြမွာေတာ့ ေျခစြမ္းျပကစားႏုိင္ခဲ့သလို ဂိုးလည္း သြင္းယူႏုိင္ခဲ့ပါတယ္။

လီဗာပူးအသင္း တိုက္စစ္မွဴးေဟာင္း စတားရစ္ကေတာ့ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ရင္ဆိုင္ခဲ့ရတဲ့ ဒဏ္ရာေတြအတြက္ ကုသရင္းပဲ ေငြေၾကးနဲ႔ အခ်ိန္ေတြ ကုန္ခဲ့ရတယ္လို႔ ထုတ္ေျပာလာပါတယ္။

ႏုိင္ငံတကာသီတင္းပတ္ လီဗာပူးအသင္း ေလ့က်င့္ေရးမွာေတာ့ စီနီယာဂိုးသမား အယ္လီဆန္နဲ႔ တတိယဦးစားေပး ဂိုးသမား ဂလယ္ဟာတို႔ မပါႏုိင္ခဲ့ဘဲ ဂိုးသမားသစ္ ပီတာလူးဂါအျပင္ လူငယ္အသင္းမွ ဂိုးသမား ၂ ဦးကို ထပ္မံ ေခၚယူျပီး ေလ့က်င့္ေရးကို အားျဖည့္ခဲ့ရပါတယ္။

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ေပၚတူဂီနဲ႔ ဆီြဒင္ပြဲမွာေတာ့ တိုက္စစ္သမား ဂ်ိဳတာ ေျခစြမ္းျပ ဂိုးေတြ သြင္းမႈနဲ႔အတူ ေပၚတူဂီက ၃-၀ နဲ႔ အႏုိင္ရသြားပါတယ္။ သူဟာ ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ေပးခဲ့သလို သြင္းဂိုး ၂ ဂိုးကိုလည္း ရယူေပးခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ အက္စတြန္ဗီလာကို ၃-၂ လို မျပတ္မသား ရလဒ္နဲ႔ မဟုတ္ဘဲ ၇-၂ နဲ႔ အေရးနိမ့္ခဲ့တာကို ၾကိဳက္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ ဒါက ျပင္ဆင္မႈေတြလုပ္ဖို႔ ပိုမို အေထာက္အကူ ျဖစ္ခဲ့ေၾကာင္းလည္း မန္ေနဂ်ာက ဝန္ခံခဲ့တယ္။

အာဆင္ဝင္းဂါးက ၂၀၁၃ ခုႏွစ္တုန္းက လီဗာပူးတိုက္စစ္သမား ဆြာရက္စ္ကို စာခ်ဳပ္ပါေၾကးထက္ ၁ ေပါင္ ပိုေပးျပီး ကမ္းလွမ္းမႈက စိတ္ပ်က္စရာ ကမ္းလွမ္းမႈျဖစ္ေၾကာင္း ဝန္ခံပါတယ္။

အဂၤလန္ကြင္းလယ္လူေဟာင္း ရက္နပ္က ဖန္တီးမႈမရွိျဖစ္ေနတဲ့ အဂၤလန္ကြင္းလယ္အတြက္ ထရန္႔ကို ေျပာင္းကစားေစဖို႔ အၾကံေပးမႈ လုပ္လာပါတယ္။