လီဗာပူးအသင်းဟာ မနက်ဖြန်မှာတော့ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ သီတင်းပတ်ဟာ ပြီးဆုံးခဲ့တာဖြစ်ပြီး မဲဝုဒ်ကို အသင်းသားတွေ ပြန်လာနေကြပြီဖြစ်တယ်။ သတင်းကောင်းကတော့ ကစားသမား အားလုံးဟာ ကြာသပတေးနေ့ နောက်ဆုံးနာရီလောက်မှာတင် မဲဝုဒ်ကို ပြန်ရောက်လာခဲ့ကြပြီး ကိုဗစ်စစ်ဆေးမှုတွေမှာလည်း ရလဒ်ကောင်း ထွက်ခဲ့ကြပါတယ်။

ပြန်ရောက်လာတဲ့ ကစားသမားတွေထဲမှာ ထရန့်၊ ဟန်ဒို၊ ဂိုးမက်စ်လို အင်္ဂလန်ကစားသမားတွေ ဝိုက်နယ်ဒမ်နဲ့ ဗန်ဒိုက်လို နယ်သာလန်သားတွေ ပြန်ပါလာခဲ့တယ်။ သူတို့ဟာ လေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ ဆာလက်၊ မာနေး၊ သီယာဂို၊ မာတစ်တို့နဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်ရေးကိုတောင် စတင်ထားခဲ့ပါပြီ။

ဒါ့အပြင် အာရှသား မီနာမီနိုနဲ့ ဘရာဇီးသားတွေဖြစ်တဲ့ ဖာမင်နို၊ ဖာဘင်ဟိုတို့ကလည်း မဲဝုဒ်ကို ပြန်ရောက်ခဲ့ပါပြီ။ အစောတုန်းက သူတို့ နှစ်ဦးဟာ သောကြာနေ့ နောက်ဆုံးနာရီတွေမှ ပြန်ရောက်မယ်လို့ ယူဆထားကြပေမယ့် ၂၄ နာရီလောက်စောပြီး အသင်းက ပြန်ခေါ်နိုင်ခဲ့ပါတယ်။

ဒီကနေ့ မနက်မှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးမတိုင်ခင် ကိုဗစ် စစ်ဆေးမှုကလည်း ရလဒ်ကောင်းတွေ ရခဲ့ကာ တစ်ဦးမှာမှ ပိုးမတွေ့ပါဘူး။ ရှာကွီရီ လူစာရင်းထဲ ပြန်ပါလာခဲ့ပြီး ကွင်းလယ်လူ ကိတ်တာကိုတော့ လေ့ကျင့်ရေးမှာ မတွေ့ထားရပါဘူး။

ဂိုးသမား အယ်လီဆန် တစ်ဦးပဲ ပုခုံးဒဏ်ရာကြောင့် အဲဗာတန်ပွဲကို လွဲမှာဖြစ်ပြီး ကျန် အဓိက ကစားသမား အားလုံးနီးပါးက မနက်ဖြန်မှာ ပွဲထွက်ကစားပေးဖို့ ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မနက္ျဖန္မွာေတာ့ မာေဆးဆိုဒ္ဒါဘီအျဖစ္ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ ကို ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာ ႏုိင္ငံတကာ သီတင္းပတ္ဟာ ျပီးဆံုးခဲ့တာျဖစ္ျပီး မဲဝုဒ္ကို အသင္းသားေတြ ျပန္လာေနၾကျပီျဖစ္တယ္။ သတင္းေကာင္းကေတာ့ ကစားသမား အားလံုးဟာ ၾကာသပေတးေန႔ ေနာက္ဆံုးနာရီေလာက္မွာတင္ မဲဝုဒ္ကို ျပန္ေရာက္လာခဲ့ၾကျပီး ကိုဗစ္စစ္ေဆးမႈေတြမွာလည္း ရလဒ္ေကာင္း ထြက္ခဲ့ၾကပါတယ္။

ျပန္ေရာက္လာတဲ့ ကစားသမားေတြထဲမွာ ထရန္႔၊ ဟန္ဒို၊ ဂိုးမက္စ္လို အဂၤလန္ကစားသမားေတြ ဝိုက္နယ္ဒမ္နဲ႔ ဗန္ဒိုက္လို နယ္သာလန္သားေတြ ျပန္ပါလာခဲ့တယ္။ သူတို႔ဟာ ေလ့က်င့္ေရးကြင္းမွာ ရွိေနတဲ့ ဆာလက္၊ မာေနး၊ သီယာဂို၊ မာတစ္တို႔နဲ႔အတူ ပူးေပါင္းျပီး ေလ့က်င့္ေရးကိုေတာင္ စတင္ထားခဲ့ပါျပီ။

ဒါ့အျပင္ အာရွသား မီနာမီႏိုနဲ႔ ဘရာဇီးသားေတြျဖစ္တဲ့ ဖာမင္ႏို၊ ဖာဘင္ဟိုတို႔ကလည္း မဲဝုဒ္ကို ျပန္ေရာက္ခဲ့ပါျပီ။ အေစာတုန္းက သူတို႔ ႏွစ္ဦးဟာ ေသာၾကာေန႔ ေနာက္ဆံုးနာရီေတြမွ ျပန္ေရာက္မယ္လို႔ ယူဆထားၾကေပမယ့္ ၂၄ နာရီေလာက္ေစာျပီး အသင္းက ျပန္ေခၚႏုိင္ခဲ့ပါတယ္။

ဒီကေန႔ မနက္မွာ ျပဳလုပ္တဲ့ ေလ့က်င့္ေရးမတိုင္ခင္ ကိုဗစ္ စစ္ေဆးမႈကလည္း ရလဒ္ေကာင္းေတြ ရခဲ့ကာ တစ္ဦးမွာမွ ပိုးမေတြ႔ပါဘူး။ ရွာကီြရီ လူစာရင္းထဲ ျပန္ပါလာခဲ့ျပီး ကြင္းလယ္လူ ကိတ္တာကိုေတာ့ ေလ့က်င့္ေရးမွာ မေတြ႔ထားရပါဘူး။

ဂိုးသမား အယ္လီဆန္ တစ္ဦးပဲ ပုခံုးဒဏ္ရာေၾကာင့္ အဲဗာတန္ပြဲကို လြဲမွာျဖစ္ျပီး က်န္ အဓိက ကစားသမား အားလံုးနီးပါးက မနက္ျဖန္မွာ ပြဲထြက္ကစားေပးဖို႔ ေရြးခ်ယ္ႏုိင္ျပီ ျဖစ္ပါတယ္။