လီဗာပူးတိုက်စစ်သမား ဖာမင်နိုဟာ လက်ရွေးစင်အသင်းမှာနဲ့ ကလပ်အသင်းမှာ မန်နေဂျာတွေက သူ့ကို တာဝန်ပေးပုံတွေ မတူညီဘူးလို့ ထုတ်ပြောလာခဲ့တယ်။

နိုင်ငံတကာသီတင်းပတ်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ကာ ဘိုလီဗီယာအသင်းဘက်ကို ၂ ဂိုးသွင်းခဲ့ပြီး ပီရူးနဲ့ပွဲမှာ အရေးပါတဲ့ ဂိုးထောက်ပံ့မှုကို လုပ်ခဲ့တဲ့ ဖာမင်နိုဟာ လက်ရွေးစင်အသင်းနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ ၂ ပွဲလုံး အနိုင်ရခဲ့တယ်။

သူဟာ လီဗာပူးအသင်းမှ deep-lying centre-forward အဖြစ် နောက်ကိုဆင်းပြီး ကစားရတာကြောင့် သူ့ထံက ဂိုးတွေကို မြင်ရဖို့ ပိုခက်ခဲ့တယ်။ ဘရာဇီးမှာတော့ မန်နေဂျာက နောက်ကိုဆင်းဖို့ တာဝန်မပေးဘဲ ဧရိယာထဲမှာပဲ ကစားခိုင်းတာကြောင့် ဂိုးရဖို့ လုပ်နိုင်စွမ်း မြင့်မားနေပါတယ်။ ဖာမင်နိုကတော့ ဘယ်လိုပဲ ကစားရပါစေ ပျော်ပါတယ်လို့ ဆိုပါတယ်။

ဖာမင်နိုက “ ဟုတ်ပါတယ်။ လက်ရွေးစင်မန်နေဂျာက ကျနော်ကို နောက်ကို ဆင်းကူဖို့ မမှာပါဘူး။ သူက ကျနော် ဧရိယာထဲမှာ ရှိနေတာကိုပဲ လိုချင်ပါတယ်။ ကျနော်က နောက်ကို ဆင်းပြီး လုပ်ရမယ့် ကိစ္စတွေကို လုပ်ပေးလိုပါတယ်။ ဒါပေမယ့် သူက နောက်ကို ဆင်းပြီး ဘောလုံးဆယ်ပေးတာထက် ဧရိယာထဲမှာပဲ ရှိနေစေလိုတယ်။

လီဗာပူးမှာ ပုံမှန်အားဖြင့် နောက်ကိုဆင်းပြီး ဘောလုံးဆယ်တယ်၊ ပြီးရင် တိုက်စစ်ကို ပြန်လာတယ်။ ဒါမျိုးကို ကစားခဲ့တယ်။ ဘရာဇီးမှာတော့ လက်ရွေးစင် မန်နေဂျာက စေခိုင်းတဲ့အတိုင်းပဲ ကစားပါတယ်။

သွင်းဂိုး ဖန်တီးမှုနဲ့ အသင်းရဲ့ ကစားဟန်မှာ ပါဝင်ရတာကို ပျော်ပါတယ်။ ဒါပေမယ့် ဧရိယာထဲမှာ နေပြီး ဂိုးသွင်းရတာလည်း ပျော်ပါတယ်။ ဘိုလီဗီယားပွဲမှာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တာက မယုံနိုင်လောက်တဲ့ ခံစားချက်ပါပဲ။ ကျနော် အခွင့်အရေးတွေ ပိုရခဲ့သေးပြီး ဂိုးလည်း ပိုသွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ပျော်ပါတယ်။ ” လို့ ဖွင့်ဟခဲ့သူ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဖာမင္ႏိုဟာ လက္ေရြးစင္အသင္းမွာနဲ႔ ကလပ္အသင္းမွာ မန္ေနဂ်ာေတြက သူ႔ကို တာဝန္ေပးပံုေတြ မတူညီဘူးလို႔ ထုတ္ေျပာလာခဲ့တယ္။

ႏုိင္ငံတကာသီတင္းပတ္မွာ ေျခစြမ္းေကာင္းေတြ ျပသခဲ့ကာ ဘိုလီဗီယာအသင္းဘက္ကို ၂ ဂိုးသြင္းခဲ့ျပီး ပီရူးနဲ႔ပြဲမွာ အေရးပါတဲ့ ဂိုးေထာက္ပံ့မႈကို လုပ္ခဲ့တဲ့ ဖာမင္ႏိုဟာ လက္ေရြးစင္အသင္းနဲ႔ ကမၻာဖလား ေျခစစ္ပြဲမွာ ၂ ပြဲလံုး အႏုိင္ရခဲ့တယ္။

သူဟာ လီဗာပူးအသင္းမွ deep-lying centre-forward အျဖစ္ ေနာက္ကိုဆင္းျပီး ကစားရတာေၾကာင့္ သူ႔ထံက ဂိုးေတြကို ျမင္ရဖို႔ ပိုခက္ခဲ့တယ္။ ဘရာဇီးမွာေတာ့ မန္ေနဂ်ာက ေနာက္ကိုဆင္းဖို႔ တာဝန္မေပးဘဲ ဧရိယာထဲမွာပဲ ကစားခုိင္းတာေၾကာင့္ ဂိုးရဖို႔ လုပ္ႏုိင္စြမ္း ျမင့္မားေနပါတယ္။ ဖာမင္ႏိုကေတာ့ ဘယ္လိုပဲ ကစားရပါေစ ေပ်ာ္ပါတယ္လို႔ ဆိုပါတယ္။

ဖာမင္ႏိုက “ ဟုတ္ပါတယ္။ လက္ေရြးစင္မန္ေနဂ်ာက က်ေနာ္ကို ေနာက္ကို ဆင္းကူဖို႔ မမွာပါဘူး။ သူက က်ေနာ္ ဧရိယာထဲမွာ ရွိေနတာကိုပဲ လိုခ်င္ပါတယ္။ က်ေနာ္က ေနာက္ကို ဆင္းျပီး လုပ္ရမယ့္ ကိစၥေတြကို လုပ္ေပးလိုပါတယ္။ ဒါေပမယ့္ သူက ေနာက္ကို ဆင္းျပီး ေဘာလံုးဆယ္ေပးတာထက္ ဧရိယာထဲမွာပဲ ရွိေနေစလိုတယ္။

လီဗာပူးမွာ ပံုမွန္အားျဖင့္ ေနာက္ကိုဆင္းျပီး ေဘာလံုးဆယ္တယ္၊ ျပီးရင္ တိုက္စစ္ကို ျပန္လာတယ္။ ဒါမ်ိဳးကို ကစားခဲ့တယ္။ ဘရာဇီးမွာေတာ့ လက္ေရြးစင္ မန္ေနဂ်ာက ေစခိုင္းတဲ့အတိုင္းပဲ ကစားပါတယ္။

သြင္းဂိုး ဖန္တီးမႈနဲ႔ အသင္းရဲ႕ ကစားဟန္မွာ ပါဝင္ရတာကို ေပ်ာ္ပါတယ္။ ဒါေပမယ့္ ဧရိယာထဲမွာ ေနျပီး ဂိုးသြင္းရတာလည္း ေပ်ာ္ပါတယ္။ ဘိုလီဗီယားပြဲမွာ သြင္းဂိုး ၂ ဂိုး ရယူႏုိင္ခဲ့တာက မယံုႏုိင္ေလာက္တဲ့ ခံစားခ်က္ပါပဲ။ က်ေနာ္ အခြင့္အေရးေတြ ပိုရခဲ့ေသးျပီး ဂိုးလည္း ပိုသြင္းႏုိင္ခဲ့သင့္တယ္။ ဒါေပမယ့္ ေပ်ာ္ပါတယ္။ ” လို႔ ဖြင့္ဟခဲ့သူ ျဖစ္ပါတယ္။