မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲအဖြစ် လီဗာပူးအသင်းဟာ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ပြီး ဒါဘီပွဲ ကစားရပါမယ်။

အဲဗာတန်က ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ရနေတာဖြစ်ပြီး လီဗာပူးကတော့ ပြီးခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ထားတာပါ။ ဒါကြောင့် ဒီအပတ် တွေ့ဆုံမှုဟာ ရလဒ်အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ်။ ပွဲနဲ့ ပက်သက်လို့ လော်ရိုးကတော့ အောက်ပါအတိုင်း ခန့်မှန်းသွားပါတယ်။

လော်ရိုးက ” အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ဒီပွဲကို ယှဉ်ပြိုင်ဖို့ ဝင်ရောက်လာမှာပါ။ အဲ့ပွဲတုန်းကတော့ လီဗာပူးခံစစ် တစ်ခုလုံးက ဆိုးရွားခဲ့တာဖြစ်ပါတယ်။ လူတွေမေ့နေတာကလီဗာပူးက အရမ်း စုဖွဲ့မှုကောင်းပြီး ထိုးဖောက်ရ ခက်ခဲပါတယ်။ ဒါကြောင့်လည်း သူတို့က ခံစစ်မှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာပါ။

ဗီလာပက်ခ်မှာ လီဗာပူးက တောင်ပံတွေကို ဖွင့်ကစားခဲ့ပြီး ဗီလာက သူတို့ကို အိမ်စာတွေ ပြန်ပေးခဲ့တယ်။ လီဗာပူးခံစစ်မှာ ရုန်းကန်ရတဲ့နေရာလို့ ဆိုရမယ့် ထရန့်နဲ့ ဂိုးမက်စ်တို့ရဲ့ ညာခြမ်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်။

အဲဗာတန်က အခြေအနေကောင်းနေပြီး ပုံမှန်ဆိုရင် ဂူဒီဆန်မှာ ယှဉ်ပြိုင်ရမယ့် ဒီပွဲက ပြင်းထန် ပေါက်ကွဲနေတဲ့ ပွဲကောင်းဖြစ်မှာပါ။ ဒါပေမယ့်လို့ ဒီတစ်ကြိမ်မှာ ပရိသတ်မရှိ အာပေးသံတွေ ရှိမှာ မဟုတ်ဘူး။ အရင် ဒါဘီပွဲတွေလို ခံစားချက်မျိုး ရမှာတော့ မဟုတ်ဘူး။

လီဗာပူးက အဲဗာတန်ကွင်းလယ်ကို ရင်ဆိုင်ပြီး ဘယ်လို ကစားမလဲဆိုတာက စိတ်ဝင်စားစရာပါ။ လီဗာပူးခံစစ်ကကော ဖိအားတွေကို ရင်ဆိုင်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ခန့်မှန်းရခက်တဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ကျနော်ကတော့ သရေပွဲဖြစ်မယ်လို့ ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့တယ်။

မာဆေးဆိုဒ်ဒါဘီပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ တစ်ဘက်ကို ၁ ဂိုးစီနဲ့ သရေကျမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္မွာေတာ့ ပရီးမီးယားလိဂ္ အေစာပိုင္း ပြဲအျဖစ္ လီဗာပူးအသင္းဟာ အဲဗာတန္အသင္းရဲ႕ အိမ္ကြင္းကို သြားေရာက္ျပီး ဒါဘီပြဲ ကစားရပါမယ္။

အဲဗာတန္က ဒီရာသီ ရာႏႈန္းျပည့္ ႏုိင္ပြဲ ရေနတာျဖစ္ျပီး လီဗာပူးကေတာ့ ျပီးခဲ့တဲ့ပြဲမွာ အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ထားတာပါ။ ဒါေၾကာင့္ ဒီအပတ္ ေတြ႔ဆံုမႈဟာ ရလဒ္အတြက္ အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါမယ္။ ပြဲနဲ႔ ပက္သက္လို႔ ေလာ္ရိုးကေတာ့ ေအာက္ပါအတိုင္း ခန္႔မွန္းသြားပါတယ္။

ေလာ္ရိုးက ” အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့တဲ့ လီဗာပူးဟာ ဒီပြဲကို ယွဥ္ျပိဳင္ဖို႔ ဝင္ေရာက္လာမွာပါ။ အဲ့ပြဲတုန္းကေတာ့ လီဗာပူးခံစစ္ တစ္ခုလံုးက ဆိုးရြားခဲ့တာျဖစ္ပါတယ္။ လူေတြေမ့ေနတာကလီဗာပူးက အရမ္း စုဖြဲ႔မႈေကာင္းျပီး ထိုးေဖာက္ရ ခက္ခဲပါတယ္။ ဒါေၾကာင့္လည္း သူတို႔က ခံစစ္မွာ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားခဲ့တာပါ။

ဗီလာပက္ခ္မွာ လီဗာပူးက ေတာင္ပံေတြကို ဖြင့္ကစားခဲ့ျပီး ဗီလာက သူတို႔ကို အိမ္စာေတြ ျပန္ေပးခဲ့တယ္။ လီဗာပူးခံစစ္မွာ ရုန္းကန္ရတဲ့ေနရာလို႔ ဆိုရမယ့္ ထရန္႔နဲ႔ ဂိုးမက္စ္တို႔ရဲ႕ ညာျခမ္းကို ပစ္မွတ္ထားျပီး တိုက္ခိုက္ခဲ့တယ္။

အဲဗာတန္က အေျခအေနေကာင္းေနျပီး ပံုမွန္ဆိုရင္ ဂူဒီဆန္မွာ ယွဥ္ျပိဳင္ရမယ့္ ဒီပြဲက ျပင္းထန္ ေပါက္ကြဲေနတဲ့ ပြဲေကာင္းျဖစ္မွာပါ။ ဒါေပမယ့္လို႔ ဒီတစ္ၾကိမ္မွာ ပရိသတ္မရွိ အာေပးသံေတြ ရွိမွာ မဟုတ္ဘူး။ အရင္ ဒါဘီပြဲေတြလို ခံစားခ်က္မ်ိဳး ရမွာေတာ့ မဟုတ္ဘူး။

လီဗာပူးက အဲဗာတန္ကြင္းလယ္ကို ရင္ဆိုင္ျပီး ဘယ္လို ကစားမလဲဆိုတာက စိတ္ဝင္စားစရာပါ။ လီဗာပူးခံစစ္ကေကာ ဖိအားေတြကို ရင္ဆိုင္ႏုိင္မလားဆိုတာကလည္း စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ ခန္႔မွန္းရခက္တဲ့ ပြဲတစ္ပြဲ ျဖစ္လာမွာျဖစ္ျပီး က်ေနာ္ကေတာ့ သေရပြဲျဖစ္မယ္လို႔ ထင္ပါတယ္ ” လို႔ ခန္႔မွန္းခဲ့တယ္။

မာေဆးဆိုဒ္ဒါဘီပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ တစ္ဘက္ကို ၁ ဂိုးစီနဲ႔ သေရက်မယ္လို႔ ျဖစ္ပါတယ္။