လီဗာပူးကစားသမားဟောင်း အင်းနရစ်က သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ စတီဗင်ဂျရတ်ကို လီဗာပူး မန်နေဂျာအဖြစ် မြင်လိုပေမယ့် ကလော့ပ်နေရာ ဆက်ခံသူအဖြစ် မမြင်လိုဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းအတွက် သစ္စာရှင် ကစားသမားဖြစ်ခဲ့ပြီး ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်လို ဆုဖလားအောင်မြင်ဖို့ သေချာတဲ့ ကလပ်တွေက ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး လီဗာပူးမှာ ဆက်နေခဲ့သူပါ။ စတီဗင်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ၂ ကြိမ်တိုင် ကြိုးစားခဲ့ပေမယ့် လီဗာပူးသားကြီးကတော့ တစ်ကိုယ်ရည်အောင်မြင်မှုထက် သူချစ်ရတဲ့ ကလပ်မှာပဲ ဆက်နေခဲ့တယ်။

အန်းနရစ်က စတီဗင်ဟာ လီဗာပူးအတွက်ဆိုရင် အရာအားလုံး ပေးဆပ်ကစားခဲ့ပေမယ့် ကလော့ပ်နေရာ အစားဝင်လာရင် ဖိအားများမှာကို စိုးရိမ်နေပါတယ်။ အထူးသဖြင့် နောက်ပိုင်း ပရိသတ်အချို့က စတီဗင်ကို ဂန္တဝင်တစ်ဦးထက် ကလော့ပ်လို အောင်မြင်မှုကို ရယူပေးရမယ့် မန်နေဂျာအဖြစ်ပဲ မြင်မှာဖြစ်ပြီး ဒါမျိုးကို သူမမြင်လိုဘူးလို့ အန်းနရစ်က ဆိုခဲ့တာဖြစ်တယ်။

အင်းနရစ်က “ ကလော့ပ်နေရာ ဘယ်သူနဲ့ အစားထိုးမယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် အဲ့တာကို သိပ်မကြာခင် လုပ်ရတာမျိုး ဖြစ်မလာဖို့တော့ ကျနော် မျှော်လင့်ပါတယ်။ ” ဆိုကာ ကလော့ပ်ကို လီဗာပူးမှာပဲ ဆက်ရှိနေသေးဖို့ မျှော်လင့်ကြောင်းကို ဝန်ခံတယ်။

သူကပဲ “ တစ်ရက်မှာတော့ စတီဗင်က ကလပ်ကို ကိုင်တွယ်ခွင့်ရမယ်ဆိုတာကို ကျနော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်နေရာမှာ ချက်ခြင်းကြီး အစားဝင်လာတာကတော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။

စတီဗင်က လီဗာပူးရဲ့ အမြဲတမ်းအတွက် အကောင်းဆုံး ကစားသမားလို့တောင် ပြောလို့ရပါတယ်။ သူ့ကို လူတိုင်းက ဒီလိုပဲ အမြဲတမ်း အမှတ်ရကြမှာပါ။ ဒါပေမယ့်လို့ ကလော့ပ်နေရာမှာ စတီဗင်ဝင်လာရင် ကလော့ပ်ပရိသတ်တွေက အောင်မြင်မှုတွေကို ချက်ခြင်းယူပေးတာမျိုးကိုပဲ လိုချင်ကြမှာပါ။ အဲ့တာက လွယ်မှာ မဟုတ်ပါဘူး။

မန်နေဂျာတစ်ယောက်အဖြစ် စတီဗင် အလုပ်လုပ်နေတာကို ကျနော် သဘောကျတယ်။ ရိန်းဂျားအသင်းမှာ သူ အကောင်းဆုံး အလုပ်လုပ်နေတယ်။ ဒါပေမယ့်လို့ ကလေ့ာပ်နေရာ ဆက်ခံသူအဖြစ် လီဗာပူးကို ချက်ခြင်း ဝင်ရောက်လာမှာက အရမ်းကို ခက်ခဲပါလိမ့်မယ်။ တစ်ရက်မှာတော့ စတီဗင် လီဗာပူးကို ကိုင်တွယ်တာကို ကျနော် မြင်လိုပါတယ် ” လို့ ပြောခဲ့ပါတယ်။

ယာဂင်ကလော့ပ်ကော စတီဗင်ပါ သက်ဆိုင်ရာ ကလပ်တွေနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်တွေ ရှိထားခဲ့တာဖြစ်ကာ အဆိုပါ ကာလနောက်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း အင္းနရစ္က သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ စတီဗင္ဂ်ရတ္ကို လီဗာပူး မန္ေနဂ်ာအျဖစ္ ျမင္လိုေပမယ့္ ကေလာ့ပ္ေနရာ ဆက္ခံသူအျဖစ္ မျမင္လိုဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ လီဗာပူးအသင္းအတြက္ သစၥာရွင္ ကစားသမားျဖစ္ခဲ့ျပီး ခ်ယ္ဆီး၊ ရီးရဲလ္မက္ဒရစ္လို ဆုဖလားေအာင္ျမင္ဖို႔ ေသခ်ာတဲ့ ကလပ္ေတြက ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး လီဗာပူးမွာ ဆက္ေနခဲ့သူပါ။ စတီဗင္ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္က ၂ ၾကိမ္တိုင္ ၾကိဳးစားခဲ့ေပမယ့္ လီဗာပူးသားၾကီးကေတာ့ တစ္ကိုယ္ရည္ေအာင္ျမင္မႈထက္ သူခ်စ္ရတဲ့ ကလပ္မွာပဲ ဆက္ေနခဲ့တယ္။

အန္းနရစ္က စတီဗင္ဟာ လီဗာပူးအတြက္ဆိုရင္ အရာအားလံုး ေပးဆပ္ကစားခဲ့ေပမယ့္ ကေလာ့ပ္ေနရာ အစားဝင္လာရင္ ဖိအားမ်ားမွာကို စိုးရိမ္ေနပါတယ္။ အထူးသျဖင့္ ေနာက္ပိုင္း ပရိသတ္အခ်ိဳ႔က စတီဗင္ကို ဂႏၱဝင္တစ္ဦးထက္ ကေလာ့ပ္လို ေအာင္ျမင္မႈကို ရယူေပးရမယ့္ မန္ေနဂ်ာအျဖစ္ပဲ ျမင္မွာျဖစ္ျပီး ဒါမ်ိဳးကို သူမျမင္လိုဘူးလို႔ အန္းနရစ္က ဆိုခဲ့တာျဖစ္တယ္။

အင္းနရစ္က “ ကေလာ့ပ္ေနရာ ဘယ္သူနဲ႔ အစားထိုးမယ္ဆိုတာေတာ့ က်ေနာ္ မသိပါဘူး။ ဒါေပမယ့္ အဲ့တာကို သိပ္မၾကာခင္ လုပ္ရတာမ်ိဳး ျဖစ္မလာဖို႔ေတာ့ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ” ဆိုကာ ကေလာ့ပ္ကို လီဗာပူးမွာပဲ ဆက္ရွိေနေသးဖို႔ ေမွ်ာ္လင့္ေၾကာင္းကို ဝန္ခံတယ္။

သူကပဲ “ တစ္ရက္မွာေတာ့ စတီဗင္က ကလပ္ကို ကိုင္တြယ္ခြင့္ရမယ္ဆိုတာကို က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္လို႔ ကေလာ့ပ္ေနရာမွာ ခ်က္ျခင္းၾကီး အစားဝင္လာတာကေတာ့ သိပ္ေကာင္းမွာ မဟုတ္ပါဘူး။

စတီဗင္က လီဗာပူးရဲ႕ အျမဲတမ္းအတြက္ အေကာင္းဆံုး ကစားသမားလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူ႔ကို လူတိုင္းက ဒီလိုပဲ အျမဲတမ္း အမွတ္ရၾကမွာပါ။ ဒါေပမယ့္လို႔ ကေလာ့ပ္ေနရာမွာ စတီဗင္ဝင္လာရင္ ကေလာ့ပ္ပရိသတ္ေတြက ေအာင္ျမင္မႈေတြကို ခ်က္ျခင္းယူေပးတာမ်ိဳးကိုပဲ လိုခ်င္ၾကမွာပါ။ အဲ့တာက လြယ္မွာ မဟုတ္ပါဘူး။

မန္ေနဂ်ာတစ္ေယာက္အျဖစ္ စတီဗင္ အလုပ္လုပ္ေနတာကို က်ေနာ္ သေဘာက်တယ္။ ရိန္းဂ်ားအသင္းမွာ သူ အေကာင္းဆံုး အလုပ္လုပ္ေနတယ္။ ဒါေပမယ့္လို႔ ကေလ့ာပ္ေနရာ ဆက္ခံသူအျဖစ္ လီဗာပူးကို ခ်က္ျခင္း ဝင္ေရာက္လာမွာက အရမ္းကို ခက္ခဲပါလိမ့္မယ္။ တစ္ရက္မွာေတာ့ စတီဗင္ လီဗာပူးကို ကိုင္တြယ္တာကို က်ေနာ္ ျမင္လိုပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ေကာ စတီဗင္ပါ သက္ဆုိင္ရာ ကလပ္ေတြနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ေတြ ရွိထားခဲ့တာျဖစ္ကာ အဆိုပါ ကာလေနာက္မွာေတာ့ အေျပာင္းအလဲေတြ ျဖစ္လာဖြယ္ ရွိေနပါတယ္။