လီဗာပူးတိုက်စစ်သမားသစ် ဂျိုတာက ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပြောင်းလာခဲ့ခြင်းက သူ့ကစားသမားဘဝ အမြင့်ဆုံး အခြေအနေကို ရောက်လာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ဖြစ်တဲ့ ဂျိုတာဟာ အရင်နှစ်တွေတုန်းက လက်ရွေးစင်အသင်းမှာ လူစားဝင် ကစားသမားအဖြစ်လောက်ပဲ ပွဲထွက်ခွင့် ရခဲ့သူပါ။ အခုဆိုရင် ပေါ်တူဂီအသင်းက သူ့ကို ပွဲထွက်လူစာရင်းမှာပါ ထုတ်သုံးပြီး နေရာပေးလာခဲ့ပါပြီ။

လီဗာပူးကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေကို အောင်မြင်အောင် ကြိုးစားပေးနိုင်ခဲ့ပြီး ကမ္ဘာအကောင်းဆုံး မန်နေဂျာအဖြစ် ထင်ရှားတဲ့ ကလော့ပ်ရဲ့ ယုံကြည်မှုကို ခံရသူက ပေါ့သေးသေး ကစားသမား မဟုတ်ပါဘူး။ အခုဆိုရင် လက်ရွေးစင်အသင်းကပါ ဂျိုတာကို လေးလေးစားစား ရှိလာခဲ့ပြီဖြစ်ကာ နေရာပေးမှုတွေကို လုပ်လာခဲ့ပါပြီ။

ဂျိုတာက ” ကျနော် ကစားသမားဘဝ အမြင်ဆုံး အခိုက်အတန့်ဖြစ်ပါတယ်။ လီဗာပူးကို ပြောင်းလာခဲ့တာက ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ရပ်ကို လုပ်နိုင်ခဲ့တာပါ။ အခုဆိုရင် ကျနော်က လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားသမားအဖြစ်ပါ ကစားခွင့်တွေ စရနေပါပြီ။ ဂိုးသွင်းလိုက်နိုင်တာကတော့ ကျနော်ကို ပိုပြီး လေးစားလာပြီး ရွေးချယ်ဖို့ လုပ်ပြနိုင်ခဲ့တာပါပဲ ” လို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

လီဗာပူးဟာ လာမယ့် ၁၂ လအတွင်းမှာ ဂျိုတာအတွက် ဝုဗ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်းပဲ ကနဦးပေးမှာပါ။ ဒါပေမယ့်လို့ အာမခံချက်ပေးတဲ့ ပမာဏနဲ့ ဆုကြေးတွေ အပါအင် အမြင့်ဆုံး ပေါင် ၄၅ သန်းထိ ရောက်ရှိမှာပါ။

ဂျိုတာကို ကလော့ပ်က အတော်လေး သဘောကျပြီး ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ ပုံမှန်ပွဲထွက်ကို ကြီးကြီးမားမား စိန်ခေါ်နိုင်မယ်သူ့အဖြစ် မျှော်လင့်ထားတယ်။ ဒီရာသီမှာတော့ ဂျိုတာဟာ လီဗာပူးအတွက်ကော ပေါ်တူဂီအတွက်ပါ ပွဲထွက်ခွင့်တွေ အများအပြား ရလာဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားသစ္ ဂ်ိဳတာက ဒီေႏြမွာ ဝုဗ္ကေန လီဗာပူးကို ေျပာင္းလာခဲ့ျခင္းက သူ႔ကစားသမားဘဝ အျမင့္ဆံုး အေျခအေနကို ေရာက္လာေစတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ေပၚတူဂီ လက္ေရြးစင္ျဖစ္တဲ့ ဂ်ိဳတာဟာ အရင္ႏွစ္ေတြတုန္းက လက္ေရြးစင္အသင္းမွာ လူစားဝင္ ကစားသမားအျဖစ္ေလာက္ပဲ ပြဲထြက္ခြင့္ ရခဲ့သူပါ။ အခုဆိုရင္ ေပၚတူဂီအသင္းက သူ႔ကို ပြဲထြက္လူစာရင္းမွာပါ ထုတ္သံုးျပီး ေနရာေပးလာခဲ့ပါျပီ။

လီဗာပူးကို ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ေတြကို ေအာင္ျမင္ေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ျပီး ကမၻာအေကာင္းဆံုး မန္ေနဂ်ာအျဖစ္ ထင္ရွားတဲ့ ကေလာ့ပ္ရဲ႕ ယံုၾကည္မႈကို ခံရသူက ေပါ့ေသးေသး ကစားသမား မဟုတ္ပါဘူး။ အခုဆိုရင္ လက္ေရြးစင္အသင္းကပါ ဂ်ိဳတာကို ေလးေလးစားစား ရွိလာခဲ့ျပီျဖစ္ကာ ေနရာေပးမႈေတြကို လုပ္လာခဲ့ပါျပီ။

ဂ်ိဳတာက ” က်ေနာ္ ကစားသမားဘဝ အျမင္ဆံုး အခိုက္အတန္႔ျဖစ္ပါတယ္။ လီဗာပူးကို ေျပာင္းလာခဲ့တာက ၾကီးမားတဲ့ ေျခလွမ္းသစ္တစ္ရပ္ကို လုပ္ႏုိင္ခဲ့တာပါ။ အခုဆိုရင္ က်ေနာ္က လက္ေရြးစင္အသင္းမွာ ပြဲထြက္ကစားသမားအျဖစ္ပါ ကစားခြင့္ေတြ စရေနပါျပီ။ ဂိုးသြင္းလိုက္ႏုိင္တာကေတာ့ က်ေနာ္ကို ပိုျပီး ေလးစားလာျပီး ေရြးခ်ယ္ဖို႔ လုပ္ျပႏုိင္ခဲ့တာပါပဲ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္တယ္။

လီဗာပူးဟာ လာမယ့္ ၁၂ လအတြင္းမွာ ဂ်ိဳတာအတြက္ ဝုဗ္ကို ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၄.၅ သန္းပဲ ကနဦးေပးမွာပါ။ ဒါေပမယ့္လို႔ အာမခံခ်က္ေပးတဲ့ ပမာဏနဲ႔ ဆုေၾကးေတြ အပါအင္ အျမင့္ဆံုး ေပါင္ ၄၅ သန္းထိ ေရာက္ရွိမွာပါ။

ဂ်ိဳတာကို ကေလာ့ပ္က အေတာ္ေလး သေဘာက်ျပီး ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ ပံုမွန္ပြဲထြက္ကို ၾကီးၾကီးမားမား စိန္ေခၚႏုိင္မယ္သူ႔အျဖစ္ ေမွ်ာ္လင့္ထားတယ္။ ဒီရာသီမွာေတာ့ ဂ်ိဳတာဟာ လီဗာပူးအတြက္ေကာ ေပၚတူဂီအတြက္ပါ ပြဲထြက္ခြင့္ေတြ အမ်ားအျပား ရလာဖို႔ ရွိေနပါတယ္။