မန်နေဂျာ ယာဂင်ကလော့ပ်က အဲဗာတန်နဲ့ပွဲကို ကိုဗစ်ကနေ သက်သာလာတဲ့ သီယာဂိုနဲ့ မာနေးတို့ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။

ဂူနီယာအသင်းကနေ ပြန်ရောက်လာတဲ့ ကိတ်တာကတော့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပုခုံးဒဏ်ရာ ရနေတဲ့ အယ်လီဆန်ကလည်း အခြေအနေ အတော်လေး ကောင်းနေပေမယ့် ပါဝင်သွားမှာ မဟုတ်ပါဘူး။ ကလော့ပ်ရဲ့ ပြောပုံအရတော့ အယ်လီဆန်ရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုမြန်မြန် သက်သာလာပုံ ရပါတယ်။

ကလော့ပ်က ” အယ်လီက အရမ်းကို အခြေအနေ ကောင်းနေပါတယ်။ အတော်လေး အကောင်းမြင်စရာ အနေအထားဖြစ်သလို တိုးတက်မှုနဲ့ ပက်သက်လို့ ခြေလှမ်းကြီးတွေ လုပ်ထားနိုင်တယ်။ ဘယ်အချိန် ပြန်ကောင်းလာမလဲတော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် သူ့ကြည့်ရတာ အတော်လေးကို အခြေအနေ ကောင်းပါတယ်။

နာဘီကတော့ ပါနိုင်မှာ မဟုတ်ပါဘူး။ သူကလွဲရင် လက်ရွေးစင်အသင်းကနေ အသင်းသားတွေ အားလုံးက ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ရဲ့ ဒဏ်ရာကလည်း စောင့်ရပါဦးမယ်။

သီယာဂို၊ မာနေးတို့ရဲ့ နေ့စဉ် အခြေအနေကို ကျနေ်ာတို့ စစ်ဆေး စောင့်ကြည့်နေတယ်။ သူတို့ဟာ လေ့ကျင့်ရေးကို ပြန်ဝင်လာနိုင်ခဲ့တာ ၅ ရက်၊ ၆ ရက်လောက် ရှိနေပါပြီ။ ကျနေ်ာတို့ နေ့တိုင်းမှာ စစ်ဆေးမှုတွေ လုပ်ထားပြီး ပုံမှန်ထက် ပိုမောပန်းနေသလားဆိုတဲ့ အနေအထားကို အထူး စောင့်ကြည့်နေပါတယ်။

သီယာဂိုနဲ့ မာနေးတို့က အခြေအနေ ကောင်းပါတယ်။ ကျနေ်ာတို့က ကစားသမားတွေကို စွန့်စားပြီး ထုတ်သုံးတာတွေ ဘယ်တော့မှ မလုပ်ပါဘူး။ သူတို့ နှစ်ဦးက အဆင်သင့် ဖြစ်နေပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အဲဗာတန္နဲ႔ပြဲကို ကိုဗစ္ကေန သက္သာလာတဲ့ သီယာဂိုနဲ႔ မာေနးတို႔ ပါဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနပါျပီလို႔ ပြဲၾကိဳမွာ ထုတ္ေျပာလိုက္ပါတယ္။

ဂူနီယာအသင္းကေန ျပန္ေရာက္လာတဲ့ ကိတ္တာကေတာ့ အဲဗာတန္နဲ႔ပြဲမွာ ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ပုခံုးဒဏ္ရာ ရေနတဲ့ အယ္လီဆန္ကလည္း အေျခအေန အေတာ္ေလး ေကာင္းေနေပမယ့္ ပါဝင္သြားမွာ မဟုတ္ပါဘူး။ ကေလာ့ပ္ရဲ႕ ေျပာပံုအရေတာ့ အယ္လီဆန္ရဲ႕ ဒဏ္ရာက ေမွ်ာ္လင့္ထားတာထက္ ပိုျမန္ျမန္ သက္သာလာပံု ရပါတယ္။

ကေလာ့ပ္က ” အယ္လီက အရမ္းကို အေျခအေန ေကာင္းေနပါတယ္။ အေတာ္ေလး အေကာင္းျမင္စရာ အေနအထားျဖစ္သလို တိုးတက္မႈနဲ႔ ပက္သက္လို႔ ေျခလွမ္းၾကီးေတြ လုပ္ထားႏုိင္တယ္။ ဘယ္အခ်ိန္ ျပန္ေကာင္းလာမလဲေတာ့ ေျပာလို႔မရေသးဘူး။ ဒါေပမယ့္ သူ႔ၾကည့္ရတာ အေတာ္ေလးကို အေျခအေန ေကာင္းပါတယ္။

နာဘီကေတာ့ ပါႏုိင္မွာ မဟုတ္ပါဘူး။ သူကလြဲရင္ လက္ေရြးစင္အသင္းကေန အသင္းသားေတြ အားလံုးက ၾကံ႕ခိုင္မႈ ေကာင္းေကာင္းနဲ႔ ျပန္လာခဲ့ၾကတာ ျဖစ္ပါတယ္။ ခ်ိန္ဘာလိန္ရဲ႕ ဒဏ္ရာကလည္း ေစာင့္ရပါဦးမယ္။

သီယာဂို၊ မာေနးတို႔ရဲ႕ ေန႔စဥ္ အေျခအေနကို က်ေန္ာတို႔ စစ္ေဆး ေစာင့္ၾကည့္ေနတယ္။ သူတို႔ဟာ ေလ့က်င့္ေရးကို ျပန္ဝင္လာႏုိင္ခဲ့တာ ၅ ရက္၊ ၆ ရက္ေလာက္ ရွိေနပါျပီ။ က်ေန္ာတုိ႔ ေန႔တိုင္းမွာ စစ္ေဆးမႈေတြ လုပ္ထားျပီး ပံုမွန္ထက္ ပိုေမာပန္းေနသလားဆိုတဲ့ အေနအထားကို အထူး ေစာင့္ၾကည့္ေနပါတယ္။

သီယာဂိုနဲ႔ မာေနးတို႔က အေျခအေန ေကာင္းပါတယ္။ က်ေန္ာတို႔က ကစားသမားေတြကို စြန္႔စားျပီး ထုတ္သံုးတာေတြ ဘယ္ေတာ့မွ မလုပ္ပါဘူး။ သူတို႔ ႏွစ္ဦးက အဆင္သင့္ ျဖစ္ေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။