မာဆေးဆိုဒ်ဒါဘီပွဲကြိုမှာပဲ မန်နေဂျာယာဂင်ကလော့ပ်က အသင်းရဲ့ ဒဏ်ရာကိစ္စတွေကို ထုတ်ပြောရင်းနဲ့ ကိုဗစ်စစ်ဆေးမှု ရလဒ်တွေက မနက်ဖြန်မှ သိရမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရွေးစင်တာဝန်တွေအတွက် စေလွှတ်ထားရတဲ့ တောင်အမေရိက ကစားသမားတွေနဲ့ ဥရောပကို ထွက်ပြီး ယှဉ်ပြိုင်ထားတဲ့ အသင်းသားတွေကို မဲဝုဒ်ကို ပြန်ခေါ်ထားပါပြီ။ ဒါ့အပြင် သီယာဂို၊ မာနေးနဲ့ ရှာကွီရီလို ကစားသမားတွေကလည်း အသင်းလေ့ကျင့်ရေးမှာ ပါဝင်ထားပြီဖြစ်တယ်။

သူတို့တွေက ကြံ့ခိုင်မှု ကောင်းနေပေမယ့် ပုံမှန် လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်ဟာ မနက်ဖြန်မှာ သိရမှာဖြစ်ပြီး အသင်းဘက်ကတော့ အကောင်းမြင်ထားတယ်လို့ ကလော့ပ်က ပြောပြလာပါတယ်။

ကလော့ပ်ကပဲ ” နှစ်သင်းလုံးက တူညီတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။ နှစ်သင်းလုံးဟာ ကစားသမားတွေကို လက်လွတ်ထားရတာဖြစ်လို့ မျှတတယ်လို့ ပြောလို့ရပါတယ်။ ဆုံးဖြတ်ချက်တွေ လုပ်လာရာမှာလည်း ဘယ်သူ ဘယ်သူက သားနေတယ်ဆိုပြီး ဖြစ်မှာ မဟုတ်ပါဘူး။

စိန်ခေါ်မှုကတော့ ကျနေ်ာတို့ သိထားတဲ့ အသိပညာတွေနဲ့အတူ ဆုံးဖြတ်ချကတွေ လုပ်ရမှာဖြစ်တယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်ဆုံးဖြတ်ရမှာကို ပြန်ပြန်ပြီး စဉ်းစားဖို့ လိုပါတယ်။ ဘောလုံးအဖွဲ့ချုပ်တွေက ပရိုဂရမ်တွေကို စမ်းသပ်ရာမှာ အလေးထား လုပ်ဆောင်ထားကြတယ်။

ကျနေ်ာတို့က ကိုယ်အသင်းသားတွေကို သီးသန့် လေယာဉ်တွေနဲ့ ပြန်ခေါ်လာခဲ့တာပါ။ ဒါကြောင့် သူတို့က ထိတွေ့မှုတွေ အများကြီး ရှိမထားပါဘူး။ မနက်ဖြန်မှာ အကောင်းမြင်စရာ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ် ” လို့ ရှင်းပြသွားပါတယ်။

အဲဗာတန်အသင်းကလည်း တောင်အမေရိ ကစားသမားတွေကို နိုင်ငံတကာ သီတင်းပတ်မှာ လက်လွတ်ထားရပြီး ကိုဗစ် စစ်ဆေးမှုရလဒ်ကို စောင့်မျှော်နေရဆဲဖြစ်တယ်။ အင်္ဂလန်အနောက်မြောက်ပိုင်းဖြစ်တဲ့ မာဆေးဆိုဒ်မှာတော့ ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာခြင်းကြောင့် တင်းကြပ်မှုတွေ ပြန်လည် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲၾကိဳမွာပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္က အသင္းရဲ႕ ဒဏ္ရာကိစၥေတြကို ထုတ္ေျပာရင္းနဲ႔ ကိုဗစ္စစ္ေဆးမႈ ရလဒ္ေတြက မနက္ျဖန္မွ သိရမွာျဖစ္တယ္လုိ႔ အတည္ျပဳလိုက္ပါတယ္။

လီဗာပူးအသင္းဟာ လက္ေရြးစင္တာဝန္ေတြအတြက္ ေစလႊတ္ထားရတဲ့ ေတာင္အေမရိက ကစားသမားေတြနဲ႔ ဥေရာပကို ထြက္ျပီး ယွဥ္ျပိဳင္ထားတဲ့ အသင္းသားေတြကို မဲဝုဒ္ကို ျပန္ေခၚထားပါျပီ။ ဒါ့အျပင္ သီယာဂို၊ မာေနးနဲ႔ ရွာကီြရီလို ကစားသမားေတြကလည္း အသင္းေလ့က်င့္ေရးမွာ ပါဝင္ထားျပီျဖစ္တယ္။

သူတို႔ေတြက ၾကံ႕ခိုင္မႈ ေကာင္းေနေပမယ့္ ပံုမွန္ လုပ္ရိုးလုပ္စဥ္ျဖစ္တဲ့ ကိုဗစ္ စစ္ေဆးမႈရလဒ္ဟာ မနက္ျဖန္မွာ သိရမွာျဖစ္ျပီး အသင္းဘက္ကေတာ့ အေကာင္းျမင္ထားတယ္လို႔ ကေလာ့ပ္က ေျပာျပလာပါတယ္။

ကေလာ့ပ္ကပဲ ” ႏွစ္သင္းလံုးက တူညီတဲ့ အေျခအေနကို ရင္ဆိုင္ေနရတာပါ။ ႏွစ္သင္းလံုးဟာ ကစားသမားေတြကို လက္လြတ္ထားရတာျဖစ္လုိ႔ မွ်တတယ္လို႔ ေျပာလို႔ရပါတယ္။ ဆံုးျဖတ္ခ်က္ေတြ လုပ္လာရာမွာလည္း ဘယ္သူ ဘယ္သူက သားေနတယ္ဆိုျပီး ျဖစ္မွာ မဟုတ္ပါဘူး။

စိန္ေခၚမႈကေတာ့ က်ေန္ာတုိ႔ သိထားတဲ့ အသိပညာေတြနဲ႔အတူ ဆံုးျဖတ္ခ်ကေတြ လုပ္ရမွာျဖစ္တယ္။ တစ္ခါတစ္ေလမွာေတာ့ ကိုယ္ဆံုးျဖတ္ရမွာကို ျပန္ျပန္ျပီး စဥ္းစားဖို႔ လိုပါတယ္။ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြက ပရိုဂရမ္ေတြကို စမ္းသပ္ရာမွာ အေလးထား လုပ္ေဆာင္ထားၾကတယ္။

က်ေန္ာတို႔က ကိုယ္အသင္းသားေတြကို သီးသန္႔ ေလယာဥ္ေတြနဲ႔ ျပန္ေခၚလာခဲ့တာပါ။ ဒါေၾကာင့္ သူတို႔က ထိေတြ႔မႈေတြ အမ်ားၾကီး ရွိမထားပါဘူး။ မနက္ျဖန္မွာ အေကာင္းျမင္စရာ ရလဒ္ေတြ ထြက္ေပၚလာမယ္လို႔ ယံုၾကည္ပါတယ္ ” လို႔ ရွင္းျပသြားပါတယ္။

အဲဗာတန္အသင္းကလည္း ေတာင္အေမရိ ကစားသမားေတြကို ႏုိင္ငံတကာ သီတင္းပတ္မွာ လက္လြတ္ထားရျပီး ကိုဗစ္ စစ္ေဆးမႈရလဒ္ကို ေစာင့္ေမွ်ာ္ေနရဆဲျဖစ္တယ္။ အဂၤလန္အေနာက္ေျမာက္ပိုင္းျဖစ္တဲ့ မာေဆးဆိုဒ္မွာေတာ့ ကိုဗစ္ကူးစက္မႈ ျပန္လည္ ျမင့္တက္လာျခင္းေၾကာင့္ တင္းၾကပ္မႈေတြ ျပန္လည္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။