လီဗာပူးအသင်းဟာ ပြည်တွင်းဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ လူငယ်ရေးရာ ကိစ္စတွေကို စီမံနေပြီး အီးလီးယော့၊ ဟယ်ရီဝဲလ်ဆန်နဲ့ ဟာဘီကိန်းတို့အတွက် သဘောတူညီမှု ရသွားခဲ့ပါပြီ။

ချန်ပီယံရှစ်ကလပ် ကာဒစ်အသင်းက ဝဲလ်ဆန်အတွက် လုပ်ခကို ကျခံပေးမှာဖြစ်ပြီး အငှားခေါ်ယူကြေး ပေါင် ၁.၂ သန်းဖြင့် လည်းကောင်း၊ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းက အီးလီးယော့ကို တစ်ရာသီအငှားဖြင့် လည်းကောင်း၊ ဟချန်ပီယံရှစ်ကလပ် ဘရန်စလေက ာဘီကိန်းကို ပေါင် ၁.၂၅ သန်းအပြင် အနာဂတ် အပြောင်းအရွှေ့ရဲ့ ၁၅%ကို ခံစားခွင့်ပါတဲ့ အပြီးသတ်ဖြင့် လည်းကောင်း ခေါ်ယူသွားပါတယ်။

မာဆေးဆိုဒ်ဒါဘီပွဲကြိုမှာပဲ မန်နေဂျာယာဂင်ကလော့ပ်က အသင်းရဲ့ ဒဏ်ရာကိစ္စတွေကို ထုတ်ပြောရင်းနဲ့ ကိုဗစ်စစ်ဆေးမှု ရလဒ်တွေက မနက်ဖြန်မှ သိရမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမားသစ် ဂျိုတာက ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပြောင်းလာခဲ့ခြင်းက သူ့ကစားသမားဘဝ အမြင့်ဆုံး အခြေအနေကို ရောက်လာစေကာ လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားသမားအဖြစ်ပါ နေရာပေးခံရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အဲဗာတန်နဲ့ပွဲကို ကိုဗစ်ကနေ သက်သာလာတဲ့ သီယာဂိုနဲ့ မာနေးတို့ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပေမယ့် အယ်လီဆန်နဲ့ ကိတ်တာတို့က ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

လီဗာပူးကစားသမားဟောင်း အင်းနရစ်က စတီဗင်ဂျရတ်ကို လီဗာပူး မန်နေဂျာဖြစ်လာစေလိုပေမယ့် ကလော့ပ်နေရာ တိုက်ရိုက် ဆက်ခံသူအစား အတွေ့အကြုံ ပိုရင့်လာမှ တာဝန်ယူတာမျိုး ဖြစ်စေလိုကြောင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမား ဖာမင်နိုက လက်ရွေးစင်အသင်းမှာနဲ့ ကလပ်အသင်းမှာ မန်နေဂျာတွေက သူ့ကို တာဝန်ပေးပုံတွေ မတူညီခြင်းကြောင့် ဂိုးသွင်းနိုင်မှုနှုန်းကွာပေမယ့် သူကတော့ နှစ်မျိုးလုံးကို ပျောျ်ရွှင်တယ်လို့ ဆိုလာပါတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ကစားသမားတွေကို ကိုဗစ်ကူးစက်မှုကနေ ကာကွယ်ဖို့ လီဗာပူးအသင်းက အဓိက ကစားသမား အများအပြားကို ကိုယ်ပိုင် လေယာဉ်တွေဖြင့် မဲဝုဒ်ကို ပြန်လည် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

မဲဝုဒ်မှာတော့ အဲဗာတန်ပွဲကြို နောက်ဆုံးလေ့ကျင့်မှုကို ဒီညမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ကလပ်ဟာ ကိုဗစ် စစ်ဆေးမှု ရလဒ်တွေနဲ့အတူ အဲဗာတန်ကွင်းကို သွားရောက်ပါမယ်။

ZAWGYI

လီဗာပူးအသင္းဟာ ျပည္တြင္းေစ်းကြက္ ေနာက္ဆံုးရက္ျဖစ္တဲ့ ဒီကေန႔မွာေတာ့ လူငယ္ေရးရာ ကိစၥေတြကို စီမံေနျပီး အီးလီးေယာ့၊ ဟယ္ရီဝဲလ္ဆန္နဲ႔ ဟာဘီကိန္းတို႔အတြက္ သေဘာတူညီမႈ ရသြားခဲ့ပါျပီ။

ခ်န္ပီယံရွစ္ကလပ္ ကာဒစ္အသင္းက ဝဲလ္ဆန္အတြက္ လုပ္ခကို က်ခံေပးမွာျဖစ္ျပီး အငွားေခၚယူေၾကး ေပါင္ ၁.၂ သန္းျဖင့္ လည္းေကာင္း၊ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းက အီးလီးေယာ့ကို တစ္ရာသီအငွားျဖင့္ လည္းေကာင္း၊ ဟခ်န္ပီယံရွစ္ကလပ္ ဘရန္စေလက ာဘီကိန္းကို ေပါင္ ၁.၂၅ သန္းအျပင္ အနာဂတ္ အေျပာင္းအေရႊ႔ရဲ႕ ၁၅%ကို ခံစားခြင့္ပါတဲ့ အျပီးသတ္ျဖင့္ လည္းေကာင္း ေခၚယူသြားပါတယ္။

မာေဆးဆိုဒ္ဒါဘီပြဲၾကိဳမွာပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္က အသင္းရဲ႕ ဒဏ္ရာကိစၥေတြကို ထုတ္ေျပာရင္းနဲ႔ ကိုဗစ္စစ္ေဆးမႈ ရလဒ္ေတြက မနက္ျဖန္မွ သိရမွာျဖစ္တယ္လုိ႔ အတည္ျပဳလိုက္ပါတယ္။

လီဗာပူးတိုက္စစ္သမားသစ္ ဂ်ိဳတာက ဒီေႏြမွာ ဝုဗ္ကေန လီဗာပူးကို ေျပာင္းလာခဲ့ျခင္းက သူ႔ကစားသမားဘဝ အျမင့္ဆံုး အေျခအေနကို ေရာက္လာေစကာ လက္ေရြးစင္အသင္းမွာ ပြဲထြက္ကစားသမားအျဖစ္ပါ ေနရာေပးခံရတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

အဲဗာတန္နဲ႔ပြဲကို ကိုဗစ္ကေန သက္သာလာတဲ့ သီယာဂိုနဲ႔ မာေနးတို႔ ပါဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ အယ္လီဆန္နဲ႔ ကိတ္တာတို႔က ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။

လီဗာပူးကစားသမားေဟာင္း အင္းနရစ္က စတီဗင္ဂ်ရတ္ကို လီဗာပူး မန္ေနဂ်ာျဖစ္လာေစလိုေပမယ့္ ကေလာ့ပ္ေနရာ တိုက္ရိုက္ ဆက္ခံသူအစား အေတြ႔အၾကံဳ ပိုရင့္လာမွ တာဝန္ယူတာမ်ိဳး ျဖစ္ေစလိုေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးတိုက္စစ္သမား ဖာမင္ႏိုက လက္ေရြးစင္အသင္းမွာနဲ႔ ကလပ္အသင္းမွာ မန္ေနဂ်ာေတြက သူ႔ကို တာဝန္ေပးပံုေတြ မတူညီျခင္းေၾကာင့္ ဂိုးသြင္းႏိုင္မႈႏႈန္းကြာေပမယ့္ သူကေတာ့ ႏွစ္မ်ိဳးလံုးကို ေပ်ာ်္ရႊင္တယ္လို႔ ဆိုလာပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ ကစားသမားေတြကို ကိုဗစ္ကူးစက္မႈကေန ကာကြယ္ဖို႔ လီဗာပူးအသင္းက အဓိက ကစားသမား အမ်ားအျပားကို ကိုယ္ပိုင္ ေလယာဥ္ေတြျဖင့္ မဲဝုဒ္ကို ျပန္လည္ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။

မဲဝုဒ္မွာေတာ့ အဲဗာတန္ပြဲၾကိဳ ေနာက္ဆံုးေလ့က်င့္မႈကို ဒီညမွာ ျပဳလုပ္မွာျဖစ္ပါတယ္။ မနက္ျဖန္မွာေတာ့ ကလပ္ဟာ ကိုဗစ္ စစ္ေဆးမႈ ရလဒ္ေတြနဲ႔အတူ အဲဗာတန္ကြင္းကို သြားေရာက္ပါမယ္။