ဒီအင်တာဗျူးကို လုပ်ခဲ့တာက ၂၀၁၅ ခုနှစ်က RTE Radio One အစီအစဉ်မှာ ဖြစ်ပါတယ်။ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းကနေ မထွက်ခင်မှာ ဒီအင်တာဗျူးကို ဖြေပေးခဲ့ပါတယ်။

စတီဗင် ဂျရတ်ဟာ လီဗာပူးကစားသမားဘဝမှာ ပြိုင်ဘက်ပေါင်း များစွာနဲ့ ဂျာစီလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူ့ကစားသမားဘဝမှာ လုံးဝ မလဲခဲ့တဲ့ ဂျာစီကတော့ ယူနိုက်တက် အသင်းသားတွေရဲ့ ဂျာစီဖြစ်ပါတယ်။

” ငါက ဘာလို့လဲရမှာလဲ?” လို့ စတီဗင်က ခပ်ပြတ်ပြတ် ပြောပါတယ်။ ” ဘာလို့ ငါ့အိမ်မှာ ယူနိုက်တက်ဂျာစီ တစ်ထည်ကို ထားရမှာလဲ၊ သူတို့က ငါတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်နေတာကြောင့်နဲ့လား?” လို့ ထိုစဉ် လီဗာပူး အသင်းခေါင်းဆောင်က ဆိုခဲ့တယ်။

လီဗာပူးအသင်းအတွက် ၁၇ နှစ်ကြာ ကစားပေးခဲ့တဲ့ စတီဗင်ဟာ သူ့ကစားသမားဘဝမှာ ပြိုင်ဘက်ပေါင်း များစွာကို ရင်ဆိုင်ခဲ့တယ်။ RTE မှ အစီအစဉ် တင်ဆက်သူ O’Rourke က ယူနိုက်တက်ရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ရိုင်ကိန်းလို ကစားသမားနဲ့ကော ဂျာစီမလဲခဲ့ဘူးလားလို့ မေးခဲ့တယ်။

စတီဗင်ဂျရတ်က ” ရိုင်ကိန်းက ငါအကြိုက်ဆုံး ကစားသမားတွေထဲက တစ်ယောက်ပါပဲ။ သူနဲ့ ရင်ဆိုင်ကစားရတာကို ငါ သိပ်နှစ်သက်ရတယ်။ ဒီဘဲအတွက် ငါ့မှာ လေးစားမှု အပြည့်ရှိတယ်။ ကစားသမား အနေနဲ့ သူ့ကို ငါ သိပ်လေးစားတယ်။ ဒါပေမယ့် ငါက လီဗာပူးပရိသတ်အဖြစ် မွေးဖွားလာခဲ့ပြီးကတည်းက ငါ့အိမ်မှာ ယူနိုက်တက်ဂျာစီတစ်ထည် ရှိနေဖို့ မလိုတော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီကနေ့မှာတော့ အရင် ဆယ်စုနှစ်ကလို အသင်းအတွက် ပြင်းထန်စွာ ပေါက်ကွဲ ကစားကြတဲ့ စတီဗင်နဲ့ ရိုင်ကိန်းလို ကစားသမားတွေ နည်းပါးခဲ့ပြီ ဖြစ်ကာ ပရိသတ်တွေကို သွေးဆူလောက်အောင် ဆွဲဆောင်နိုင်တဲ့ ကြမ်းတမ်းပြင်းထန်တဲ့ ရန်လို ကစားမှုမျိုးတွေလည်း လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဒီအင္တာဗ်ဴးကို လုပ္ခဲ့တာက ၂၀၁၅ ခုႏွစ္က RTE Radio One အစီအစဥ္မွာ ျဖစ္ပါတယ္။ စတီဗင္ဂ်ရတ္ဟာ လီဗာပူးအသင္းကေန မထြက္ခင္မွာ ဒီအင္တာဗ်ဴးကို ေျဖေပးခဲ့ပါတယ္။

စတီဗင္ ဂ်ရတ္ဟာ လီဗာပူးကစားသမားဘဝမွာ ျပိဳင္ဘက္ေပါင္း မ်ားစြာနဲ႔ ဂ်ာစီလဲမႈေတြ လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ သူ႔ကစားသမားဘဝမွာ လံုးဝ မလဲခဲ့တဲ့ ဂ်ာစီကေတာ့ ယူႏုိက္တက္ အသင္းသားေတြရဲ႕ ဂ်ာစီျဖစ္ပါတယ္။

” ငါက ဘာလို႔လဲရမွာလဲ?” လို႔ စတီဗင္က ခပ္ျပတ္ျပတ္ ေျပာပါတယ္။ ” ဘာလို႔ ငါ့အိမ္မွာ ယူႏိုက္တက္ဂ်ာစီ တစ္ထည္ကို ထားရမွာလဲ၊ သူတို႔က ငါတို႔ရဲ႕ အၾကီးမားဆံုး ျပိဳင္ဘက္ျဖစ္ေနတာေၾကာင့္နဲ႔လား?” လို႔ ထိုစဥ္ လီဗာပူး အသင္းေခါင္းေဆာင္က ဆိုခဲ့တယ္။

လီဗာပူးအသင္းအတြက္ ၁၇ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ စတီဗင္ဟာ သူ႔ကစားသမားဘဝမွာ ျပိဳင္ဘက္ေပါင္း မ်ားစြာကို ရင္ဆိုင္ခဲ့တယ္။ RTE မွ အစီအစဥ္ တင္ဆက္သူ O’Rourke က ယူႏုိက္တက္ရဲ႕ အေကာင္းဆံုး အသင္းေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္တဲ့ ရိုင္ကိန္းလို ကစားသမားနဲ႔ေကာ ဂ်ာစီမလဲခဲ့ဘူးလားလို႔ ေမးခဲ့တယ္။

စတီဗင္ဂ်ရတ္က ” ရိုင္ကိန္းက ငါအၾကိဳက္ဆံုး ကစားသမားေတြထဲက တစ္ေယာက္ပါပဲ။ သူနဲ႔ ရင္ဆိုင္ကစားရတာကို ငါ သိပ္ႏွစ္သက္ရတယ္။ ဒီဘဲအတြက္ ငါ့မွာ ေလးစားမႈ အျပည့္ရွိတယ္။ ကစားသမား အေနနဲ႔ သူ႔ကို ငါ သိပ္ေလးစားတယ္။ ဒါေပမယ့္ ငါက လီဗာပူးပရိသတ္အျဖစ္ ေမြးဖြားလာခဲ့ျပီးကတည္းက ငါ့အိမ္မွာ ယူႏုိက္တက္ဂ်ာစီတစ္ထည္ ရွိေနဖို႔ မလိုေတာ့ပါဘူး ” လို႔ ဆိုခ့ဲတာျဖစ္တယ္။

ဒီကေန႔မွာေတာ့ အရင္ ဆယ္စုႏွစ္ကလို အသင္းအတြက္ ျပင္းထန္စြာ ေပါက္ကြဲ ကစားၾကတဲ့ စတီဗင္နဲ႔ ရိုင္ကိန္းလို ကစားသမားေတြ နည္းပါးခဲ့ျပီ ျဖစ္ကာ ပရိသတ္ေတြကို ေသြးဆူေလာက္ေအာင္ ဆြဲေဆာင္ႏုိင္တဲ့ ၾကမ္းတမ္းျပင္းထန္တဲ့ ရန္လို ကစားမႈမ်ိဳးေတြလည္း ေလ်ာ့နည္းသြားခဲ့ျပီျဖစ္ပါတယ္။