လီဗာပူးအသင်းဟာ အဓိက ကစားသမား အစုံအလင် ပွဲထုတ်လာခဲ့ပြီး ကိုဗစ်ကနေ သက်သာလာတဲ့ မာနေး၊ သီယာဂိုနဲ့တကွ ဒဏ်ရာက ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်လည်း ပါလာခဲ့တယ်။

ဒါပေမယ့်လို့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ VAR ရဲ့ ဆုံးဖြတ်ချက် အမှားကနေ ရလဒ် ထိခိုက်ခဲ့ရပါတယ်။ ဗန်ဒိုက်ရဲ့ အနေအထားမှာ လူကျွံဘော ကြည့်နေပေမယ့် စည်းကြပ်ဒိုင်က VAR ဆုံးဖြတ်ချက် စောင့်နေခဲ့ပြီး အလံမထောင်ထားဘူး အဲ့အချိန်မှာ ပစ်ဖိုဒ့်က ဗန်ဒိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ချချိန်မှာတော့ လူကျွံနေလို့ဆိုကာ အင်္ဂလန်ဂိုးသမား ပစ်ဖိုဒ့်ကို ဘာပြစ်ဒဏ်မှ မပေးခဲ့ပါဘူး။

ယာဂင်ကလော့ပ်က ” စွမ်းဆောင်ရည်ကောင်းတွေအတွက် ပျော်ပါတယ်။ လီဗာပူးကို ကျနော် ကိုင်တွယ်ကတည်းက အကောင်းဆုံး အဝေးကွင်း စွမ်းဆောင်ရည်လို့ ပြောလို့ရတယ်။ ဗန်ဒိုက်ကို လူစားလဲခဲ့ရတာကြောင့် ကစားပုံ ပြောင်းခဲ့ရအပြီးမှာ တည်ကန်ဘောတွေကနေ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရတယ်။

ခြေအရမ်းတက်နေတဲ့ အသင်းကို ရင်ဆိုင်ကစားပြီး ကျနေ်ာတို့က လွှမ်းမိုး ကစားခဲ့ပါတယ်။ ဒီကနေ့မှာ ခြားနားတဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ ဗာဂျယ်နဲ့ ပစ်ဖိုဒ့်တို့ရဲ့ ဖြစ်ရပ်လို လူကျွံဘောမျိုးကို လုံးဝကို မမြင်ဖူးတာပါ။ ပစ်ဖိုဒ့်က ဗန်ဒိုက်ကို ရည်ရွယ်ပြီး ကန်ထည့်လိုက်တာပါ။ အဲ့တာကို ပြန်ကြည့်ရဦးမယ်။ ဘာတွေဖြစ်ကုန်တာလဲ တစ်ယောက်ယောက်က ရှင်းပြနိုင်မလား။ ” ဆိုပြီး ဒိုင်တွေကို မေးခွန်းထုတ်ခဲ့တယ်။

မိနစ် ၉၀ နာကျင် အချိန်ပိုမှာ ဟန်ဒါဆန်က ဂိုးသွင်းခဲ့ပေမယ့် ဘောလုံးပေးခဲ့တဲ့ မာနေးကို လူကျွံပါတယ်ဆိုကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ကလော့ပ်က မကျေနပ်ဘဲ ဘယ်နေရာကိုကြည့်ပြီး လူကျွံလိုင်း ဆွဲပြခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။

ကလော့ပ်က ” ဟန်ဒါဆန်ရဲ့ ဂိုးကိုလည်း လူကျွံပါတယ်လို့ ခင်ဗျားတို့ ဘယ်နေရာကြည့်ပြီး ဆွဲခဲ့တာလဲ ကျနော် နားမလည်တော့ဘူး။ ဒီပွဲက ကျနေ်ာတို့ နိုင်ခဲ့သင့်တဲ့ပွဲပါ။ အသင်းသားတွေက ယုံကြည်မှုရှိနေတဲ့ အသင်းကို အရမ်းကောင်းကောင်း ရင်ဆိုင်ကစားပြခဲ့တယ်။ အသင်းရဲ့ လွှမ်းမိုး ကစားနိုင်မှုက သိပ်ကောင်းပါတယ်။

သီယာဂိုကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုအတွက် အနီကဒ်ရခဲ့တဲ့ ဖြစ်ရပ်ကိုလည်း ” ရစ်ချာလီဆန်က သီယာဂိုကိုလည်း ခပ်ကြမ်းကြမ်းကို ဖျက်ထုတ်ခဲ့တာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အဓိက ကစားသမား အစံုအလင္ ပြဲထုတ္လာခဲ့ျပီး ကိုဗစ္ကေန သက္သာလာတဲ့ မာေနး၊ သီယာဂိုနဲ႔တကြ ဒဏ္ရာက ျပန္သက္သာလာတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္လည္း ပါလာခဲ့တယ္။

ဒါေပမယ့္လို႔ အေရးပါတဲ့ အခိုက္အတန္႔ေတြမွာ VAR ရဲ႕ ဆံုးျဖတ္ခ်က္ အမွားကေန ရလဒ္ ထိခိုက္ခဲ့ရပါတယ္။ ဗန္ဒိုက္ရဲ႕ အေနအထားမွာ လူကၽြံေဘာ ၾကည့္ေနေပမယ့္ စည္းၾကပ္ဒိုင္က VAR ဆံုးျဖတ္ခ်က္ ေစာင့္ေနခဲ့ျပီး အလံမေထာင္ထားဘူး အဲ့အခ်ိန္မွာ ပစ္ဖိုဒ့္က ဗန္ဒိုက္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ဆံုးျဖတ္ခ်က္ခ်ခ်ိန္မွာေတာ့ လူကၽြံေနလို႔ဆိုကာ အဂၤလန္ဂိုးသမား ပစ္ဖိုဒ့္ကို ဘာျပစ္ဒဏ္မွ မေပးခဲ့ပါဘူး။

ယာဂင္ကေလာ့ပ္က ” စြမ္းေဆာင္ရည္ေကာင္းေတြအတြက္ ေပ်ာ္ပါတယ္။ လီဗာပူးကို က်ေနာ္ ကိုင္တြယ္ကတည္းက အေကာင္းဆံုး အေဝးကြင္း စြမ္းေဆာင္ရည္လို႔ ေျပာလို႔ရတယ္။ ဗန္ဒိုက္ကို လူစားလဲခဲ့ရတာေၾကာင့္ ကစားပံု ေျပာင္းခဲ့ရအျပီးမွာ တည္ကန္ေဘာေတြကေန သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳခဲ့ရတယ္။

ေျခအရမ္းတက္ေနတဲ့ အသင္းကို ရင္ဆိုင္ကစားျပီး က်ေန္ာတို႔က လႊမ္းမိုး ကစားခဲ့ပါတယ္။ ဒီကေန႔မွာ ျခားနားတဲ့ ကိစၥေတြ ျဖစ္ခ့ဲတယ္။ ဗာဂ်ယ္နဲ႔ ပစ္ဖိုဒ့္တို႔ရဲ႕ ျဖစ္ရပ္လို လူကၽြံေဘာမ်ိဳးကို လံုးဝကို မျမင္ဖူးတာပါ။ ပစ္ဖိုဒ့္က ဗန္ဒိုက္ကို ရည္ရြယ္ျပီး ကန္ထည့္လိုက္တာပါ။ အဲ့တာကို ျပန္ၾကည့္ရဦးမယ္။ ဘာေတြျဖစ္ကုန္တာလဲ တစ္ေယာက္ေယာက္က ရွင္းျပႏုိင္မလား။ ” ဆိုျပီး ဒိုင္ေတြကို ေမးခြန္းထုတ္ခဲ့တယ္။

မိနစ္ ၉၀ နာက်င္ အခ်ိန္ပိုမွာ ဟန္ဒါဆန္က ဂိုးသြင္းခဲ့ေပမယ့္ ေဘာလံုးေပးခဲ့တဲ့ မာေနးကို လူကၽြံပါတယ္ဆိုကာ သြင္းဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ကိုလည္း ကေလာ့ပ္က မေက်နပ္ဘဲ ဘယ္ေနရာကိုၾကည့္ျပီး လူကၽြံလိုင္း ဆြဲျပခဲ့တာလဲလို႔ ေမးခြန္းထုတ္ခဲ့တယ္။

ကေလာ့ပ္က ” ဟန္ဒါဆန္ရဲ႕ ဂိုးကိုလည္း လူကၽြံပါတယ္လို႔ ခင္ဗ်ားတို႔ ဘယ္ေနရာၾကည့္ျပီး ဆြဲခဲ့တာလဲ က်ေနာ္ နားမလည္ေတာ့ဘူး။ ဒီပြဲက က်ေန္ာတို႔ ႏုိင္ခဲ့သင့္တဲ့ပြဲပါ။ အသင္းသားေတြက ယံုၾကည္မႈရွိေနတဲ့ အသင္းကို အရမ္းေကာင္းေကာင္း ရင္ဆိုင္ကစားျပခဲ့တယ္။ အသင္းရဲ႕ လႊမ္းမိုး ကစားႏုိင္မႈက သိပ္ေကာင္းပါတယ္။

သီယာဂိုကို ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္မႈအတြက္ အနီကဒ္ရခဲ့တဲ့ ျဖစ္ရပ္ကိုလည္း ” ရစ္ခ်ာလီဆန္က သီယာဂိုကိုလည္း ခပ္ၾကမ္းၾကမ္းကို ဖ်က္ထုတ္ခဲ့တာပါ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။