မာဆေးဆိုဒ် ဒါဘီပွဲကတော့ လီဗာပူးအတွက် စိတ်ပျက်ဖွယ်ပွဲလို့ ဆိုနိုင်ပြီး VAR ဆုံးဖြတ်ချက်ကြောင့် ရမှတ် ၂ မှတ် နစ်နာခဲ့သလို ဗန်ဒိုက်နဲ့ သီယာဂိုတို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့ ပွဲအစောပိုင်းမှာတင် ပစ်ဖိုဒ့်ရဲ့ ခြေစုံပစ် ဝင်မှုကြောင့် လူစားလဲခဲ့ရခြင်းဖြစ်ကာ သီယာဂိုကိုတော့ ရစ်ချာလီဆန်က ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကဒ် ပြခဲ့တယ်။ သီယာဂိုက ဆက်ကစားခဲ့ပေမယ့် ဒဏ်ရာရသွားတယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။

ယာဂင်ကလော့ပ်က “ ဗန်ဒိုက်ရဲ့ ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ ဂိုးသမားတစ်ယောက်အနေနဲ့ ပစ်ဖိုဒ့် ဒီလို ထိပ်တိုက်တွေ့မှုမျိုးကို လုပ်ခွင့် မရသင့်ပါဘူး ” က အလေးအနက် ပြောဆိုတယ်။

ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပက်သက်လို့ “ ဗန်ဒိုက်က နာကျင်နေရင်းနဲ့တောင်မှ ဘောလုံး ကစားနိုင်သူပါ။ ဘယ်နှစ်ပွဲဆက်တိုက် ကစားခဲ့နိုင်လဲ မမှတ်မိပေမယ့် သူက တစ်ပွဲမှကို မလွဲဘဲ ကစားထားသူဖြစ်တယ်။ သူလို ကစားတောင် ဆက်မကစားနိုင်ဘူးဆိုတော့ အခြေအနေ ဘယ်လောက်ထိ ဆိုးသလဲဆိုတာ မသိသေးပေမယ့် အခြေအနေ မကောင်းတာတော့ သေချာပါတယ်။

ကွင်းထဲက ထွက်လာချိန်မှာ သီယာဂိုက ရစ်ချာလီဆန်နဲ့ ထိခိုက်မှုမှာ သူ ဒဏ်ရာရခဲ့တယ်ထင်တယ်လို့ ကျနော်ကို ပြောခဲ့တယ်။ ဒါကို ပွဲပြီးမှ စစ်ဆေးရပါမယ်။ သီယာဂိုက ဒဏ်ရာရနေတယ်လို့ ထင်နေတာကြောင့် ကျနေ်ာတို့ ကြည့်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ကြားရက်မှာ ချန်ပီယံလိဂ်နဲ့ သီတင်းပတ် အကုန်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေကို ယှဉ်ပြိုင်ကစားရမှာပါ။ မနက်ဖြန်မှာတော့ သီယာဂိုနဲ့ ဗန်ဒိုက်တို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်မလား သိရမှာ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ဒါဘီပြဲကေတာ့ လီဗာပူးအတြက္ စိတ္ပ်က္ဖြယ္ပြဲလို႔ ဆိုႏုိင္ျပီး VAR ဆံုးျဖတ္ခ်က္ေၾကာင့္ ရမွတ္ ၂ မွတ္ နစ္နာခဲ့သလို ဗန္ဒိုက္နဲ႔ သီယာဂိုတို႔ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ခဲ့ရျပီျဖစ္ပါတယ္။

ဗန္ဒိုက္ကေတာ့ ပြဲအေစာပိုင္းမွာတင္ ပစ္ဖိုဒ့္ရဲ႕ ေျခစံုပစ္ ဝင္မႈေၾကာင့္ လူစားလဲခဲ့ရျခင္းျဖစ္ကာ သီယာဂိုကိုေတာ့ ရစ္ခ်ာလီဆန္က ျဖတ္ထုတ္မႈ ၾကမ္းတမ္းခဲ့တာေၾကာင့္ တိုက္ရိုက္ အနီကဒ္ ျပခဲ့တယ္။ သီယာဂိုက ဆက္ကစားခဲ့ေပမယ့္ ဒဏ္ရာရသြားတယ္လို႔ ကေလာ့ပ္က ပြဲအျပီးမွာ ေျပာပါတယ္။

ယာဂင္ကေလာ့ပ္က “ ဗန္ဒိုက္ရဲ႕ ဒဏ္ရာက အေျခအေန မေကာင္းပါဘူး။ ဂိုးသမားတစ္ေယာက္အေနနဲ႔ ပစ္ဖိုဒ့္ ဒီလို ထိပ္တိုက္ေတြ႔မႈမ်ိဳးကို လုပ္ခြင့္ မရသင့္ပါဘူး ” က အေလးအနက္ ေျပာဆိုတယ္။

ဗန္ဒိုက္ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ ပက္သက္လို႔ “ ဗန္ဒိုက္က နာက်င္ေနရင္းနဲ႔ေတာင္မွ ေဘာလံုး ကစားႏုိင္သူပါ။ ဘယ္ႏွစ္ပြဲဆက္တုိက္ ကစားခဲ့ႏုိင္လဲ မမွတ္မိေပမယ့္ သူက တစ္ပြဲမွကို မလြဲဘဲ ကစားထားသူျဖစ္တယ္။ သူလို ကစားေတာင္ ဆက္မကစားႏုိင္ဘူးဆိုေတာ့ အေျခအေန ဘယ္ေလာက္ထိ ဆိုးသလဲဆိုတာ မသိေသးေပမယ့္ အေျခအေန မေကာင္းတာေတာ့ ေသခ်ာပါတယ္။

ကြင္းထဲက ထြက္လာခ်ိန္မွာ သီယာဂိုက ရစ္ခ်ာလီဆန္နဲ႔ ထိခိုက္မႈမွာ သူ ဒဏ္ရာရခဲ့တယ္ထင္တယ္လို႔ က်ေနာ္ကို ေျပာခဲ့တယ္။ ဒါကို ပြဲျပီးမွ စစ္ေဆးရပါမယ္။ သီယာဂုိက ဒဏ္ရာရေနတယ္လုိ႔ ထင္ေနတာေၾကာင့္ က်ေန္ာတို႔ ၾကည့္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္နဲ႔ သီတင္းပတ္ အကုန္မွာေတာ့ ပရီးမီးယားလိဂ္ပြဲေတြကို ယွဥ္ျပိဳင္ကစားရမွာပါ။ မနက္ျဖန္မွာေတာ့ သီယာဂိုနဲ႔ ဗန္ဒိုက္တို႔ရဲ႕ အေျခအေနေပၚ မူတည္ျပီး ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ႏုိင္မလား သိရမွာ ျဖစ္ပါတယ္။