မာဆေးဆိုဒ်ဒါဘီရဲ့ အနိုင်ဂိုးရှင်ဖြစ်ခဲ့ဖို့ နီးစပ်ခဲ့တဲ့ ဟန်ဒါဆန်က VAR ကို မယုံကြည်တဲ့အကြောင်း ပွဲအပြီးမှာ အတိအလင်း ထုတ်ပြောလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးကစားသမားဘဝ ၁၀ နှစ်အတွင်းမှာ မာဆေးဆိုဒ်ဒါဘီကို ယှဉ်ပြိုင်ကစားပြီး တစ်ကြိမ်မှကို အရေးမနိမ့်ဖူးသူပါ။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ထူးချွန်တဲ့ အဆုံးသတ်မှုနဲ့အတူ အသင်းကို နိုင်ပွဲရအောင် ဆွဲတင်ပေးဖို့ ဖြစ်ခဲ့ပေမယ့် ကင်မရာနောက်ကွယ်က VAR
ဒိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

ပွဲအပြီးမှာတော့ ဟန်ဒါဆန်က မအောင့်အီးနိုင်ဘဲ VAR ကို တိုက်ရိုက် ဝေဖန်ခဲ့တယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဒိုင်တွေကို ဝေဖန်ရင် ပြစ်ဒဏ်ပေးခွင့်ရှိတာကြောင့် ဟန်ဒါဆန်က တစ်ခွန်းထပ်တော့ ပိုမပြောခဲ့ပါဘူး။

ဟန်ဒါဆန်က ” VAR နဲ့ကြည့်တော့ လူကျွံဘောဖြစ်ကိုဖြစ်မှရမယ်။ ဒါက လူတိုင်းလိုချင်တဲ့ အခြေအနေဖြစ်နေတယ်လေ။ သူတို့က တစ်ခါတစ်လေမှာ လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ။ ဒါက သူတို့လုပ်နေတာပဲ မဟုတ်လား?

သူတို့ ဘယ်လိုလုပ်လဲဆိုတာတော့ ငါလည်း မသိဘူး။ ဒီမတိုင်ခင်လည်း မြင်နေရတာပဲ။ အနိုင်မရခဲ့တာအတွက် စိတ်ပျက်ရတယ်။ စွမ်းဆောင်ရည်က ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ နိုင်ပွဲရဖို့ ထိုက်တန်ခဲ့တယ်။ သရေရလဒ်အတွက် အဲဗာတန်ကတော့ ပျော်နေတော့မှာပါ ” လို့ သရော်ခဲ့တာဖြစ်တယ်။

ဟန်ဒါဆန်ကပဲ တွစ်တာကနေလည်း ” အခုချိန်မှာ ငါပြောဖို့ စကားတွေတောင် ရှာမရဘူး။ ဒီတော့ အခြားသူတွေပဲ ဒီကိစ္စတွေကို ရှင်းပြခွင့်တွေ ပေးလိုက်ကြပါ။ သိပ်ကောင်းခဲ့ပါတယ် ညီကိုတို့ YNWA” လို့ အသင်းဖော်တွေကို အားပေးခဲ့ကြတယ်။

အသင်းဖော်တွေဖြစ်ကြတဲ့ မီလ်နာ၊ ရော်ဘတ်ဆန်တို့ကလည်း ၎င်းတို့ရဲ့ လူမှုကွန်ယက်ကနေ ပြောစရာမရှိတော့ပါဘူး၊ စွမ်းဆောင်ရည်အတွက် ကျေနပ်ပါတယ်လို့ဆိုကာ အသင်းဖော်ချင်းပဲ အားပေးခဲ့ကြပြီး VAR ကိစ္စကို လုံးဝ မပြောတော့ဖို့ သဘောညီခဲ့ကြပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီရဲ႕ အႏုိင္ဂိုးရွင္ျဖစ္ခဲ့ဖို႔ နီးစပ္ခဲ့တဲ့ ဟန္ဒါဆန္က VAR ကို မယံုၾကည္တဲ့အေၾကာင္း ပြဲအျပီးမွာ အတိအလင္း ထုတ္ေျပာလိုက္ပါတယ္။

ဟန္ဒါဆန္ဟာ လီဗာပူးကစားသမားဘဝ ၁၀ ႏွစ္အတြင္းမွာ မာေဆးဆိုဒ္ဒါဘီကို ယွဥ္ျပိဳင္ကစားျပီး တစ္ၾကိမ္မွကို အေရးမနိမ့္ဖူးသူပါ။ ဒီတစ္ၾကိမ္မွာေတာ့ သူ႔ရဲ႕ ထူးခၽြန္တဲ့ အဆံုးသတ္မႈနဲ႔အတူ အသင္းကို ႏုိင္ပြဲရေအာင္ ဆြဲတင္ေပးဖို႔ ျဖစ္ခဲ့ေပမယ့္ ကင္မရာေနာက္ကြယ္က VAR
ဒိုင္ေတြက ခြင့္မျပဳခဲ့ပါဘူး။

ပြဲအျပီးမွာေတာ့ ဟန္ဒါဆန္က မေအာင့္အီးႏုိင္ဘဲ VAR ကို တိုက္ရိုက္ ေဝဖန္ခဲ့တယ္။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ဒိုင္ေတြကို ေဝဖန္ရင္ ျပစ္ဒဏ္ေပးခြင့္ရွိတာေၾကာင့္ ဟန္ဒါဆန္က တစ္ခြန္းထပ္ေတာ့ ပိုမေျပာခဲ့ပါဘူး။

ဟန္ဒါဆန္က ” VAR နဲ႔ၾကည့္ေတာ့ လူကၽြံေဘာျဖစ္ကိုျဖစ္မွရမယ္။ ဒါက လူတိုင္းလိုခ်င္တဲ့ အေျခအေနျဖစ္ေနတယ္ေလ။ သူတို႔က တစ္ခါတစ္ေလမွာ လူကၽြံေဘာကို လိုသလိုမ်ဥ္းေတြနဲ႔ ဆြဲေကြးလိုက္ၾကတာပဲေလ။ ဒါက သူတို႔လုပ္ေနတာပဲ မဟုတ္လား?

သူတို႔ ဘယ္လိုလုပ္လဲဆိုတာေတာ့ ငါလည္း မသိဘူး။ ဒီမတိုင္ခင္လည္း ျမင္ေနရတာပဲ။ အႏုိင္မရခဲ့တာအတြက္ စိတ္ပ်က္ရတယ္။ စြမ္းေဆာင္ရည္က ေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ ႏုိင္ပြဲရဖို႔ ထိုက္တန္ခဲ့တယ္။ သေရရလဒ္အတြက္ အဲဗာတန္ကေတာ့ ေပ်ာ္ေနေတာ့မွာပါ ” လို႔ သေရာ္ခဲ့တာျဖစ္တယ္။

ဟန္ဒါဆန္ကပဲ တြစ္တာကေနလည္း ” အခုခ်ိန္မွာ ငါေျပာဖို႔ စကားေတြေတာင္ ရွာမရဘူး။ ဒီေတာ့ အျခားသူေတြပဲ ဒီကိစၥေတြကို ရွင္းျပခြင့္ေတြ ေပးလိုက္ၾကပါ။ သိပ္ေကာင္းခဲ့ပါတယ္ ညီကိုတို႔ YNWA” လို႔ အသင္းေဖာ္ေတြကို အားေပးခဲ့ၾကတယ္။

အသင္းေဖာ္ေတြျဖစ္ၾကတဲ့ မီလ္နာ၊ ေရာ္ဘတ္ဆန္တို႔ကလည္း ၄င္းတို႔ရဲ႕ လူမႈကြန္ယက္ကေန ေျပာစရာမရွိေတာ့ပါဘူး၊ စြမ္းေဆာင္ရည္အတြက္ ေက်နပ္ပါတယ္လို႔ဆိုကာ အသင္းေဖာ္ခ်င္းပဲ အားေပးခဲ့ၾကျပီး VAR ကိစၥကို လံုးဝ မေျပာေတာ့ဖို႔ သေဘာညီခဲ့ၾကပါတယ္။