လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီပွဲအတွင်း ကြီးမားတဲ့ ပွဲရလဒ် နှစ်ခုအတွက် VAR ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် စုံစမ်းစစ်ဆေးပေးဖို့ အက်ဖ်အေကို တောင်းဆိုလိုက်ပါတယ်။

ဂူဒီဆင်ပါခ်မှာ လီဗာပူးက ၂-၂ သရေကျခဲ့စဉ် အတော်ဆိုးတဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို VAR က ပြုလုပ်ခဲ့တာပါ။ ပွဲချိန် ၆ မိနစ်မှာတင် အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်ဟာ ကွင်းထဲက ထွက်သွားရနိုင်တဲ့ ပြင်းထန် ရန်လိုတဲ့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်။ သူဟာ ဗန်ဒိုက်ကို ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ VAR ဒိုင်လူကြီး David Coote က ဖြစ်ရပ်ကို သုံးသပ်ရာမှာ ဗန်ဒိုက်က လူကျွံနေသလားဆိုတဲ့ အခြေအနေကိုပဲ သုံးသပ်နေခဲ့ပြီး သူဟာ ပစ်ဖိုဒ့်က အနီကဒ်ဖြစ်သင့်လားကိုတောင် မစစ်ဆေးခဲ့ဘူး။ ကွင်းလယ်ဒိုင်လူကြီး မိုင်ကယ်အိုလီဗာက ဖြစ်ရပ်အတွက် ကွင်းဘေး မော်နီတာကို ကြည့်ခွင့်တောင်းခဲ့ပေမယ့် Coote က လူကျွံဘောကိုပဲ အာရုံစိုက်နေတာကြောင့် မပြနိုင်ခဲ့ပါဘူး။

ဒီကိစ္စကို VAR ဘက်က တရားဝင် သတင်းထုတ်ပြန်ရာမှာ သူတို့ဟာ ဗန်ဒိုက်ကို ပစ်ဖိုဒ့်ရဲ့ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကို စစ်ဆေးခဲ့ခြင်း မရှိဘူးလို့ သိရတယ်။ ဒီဖြတ်ထုတ်မှုက အန္တရာယ်ကြီးလွန်းတာကြောင့် အခုဆိုရင် ဗန်ဒိုက်ဟာ ရာသီကုန်ထိ အနားယူရနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါပြီ။

တကယ်တော့ VAR ကို ဒီလို ကိစ္စတွေအတွက် ထားတာဖြစ်ပြီး ကစားသမားတစ်ယောက်ရဲ့ ကစားသမားဘဝ ကုန်ဆုံးသွားနိုင်တဲ့ ဖြစ်ရပ်ကို မကြည့်ပါဘဲ လူကျွံဘောကိုပဲ ကြည့်နေတာအတွက် လီဗာပူးက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခြင်းဖြစ်တယ်။

နောက်ထပ် ဖြစ်ရပ်အဖြစ် လီဗာပူးက အနိုင်ဂိုး သွင်းယူခဲ့စဉ်မှာလည်း မာနေးကို လူကျွံနေပါတယ်ဆိုပြီး ပယ်ဖျက်ခဲ့တယ်။ ဒါပေမယ့်လို့ အဆိုပါဖြစ်ရပ်က လူကျွံမနေတာကို ပွဲအပြီးမှာ လူတိုင်းက မေးခွန်းထုတ်လာခဲ့ကြတယ်။

လီဗာပူးက အက်ဖ်အေကို စုံစမ်းပေးဖို့ တောင်းဆိုမှုဟာ ပွဲရလဒ်ကို မပြောင်းလဲပေမယ့် ကွင်းတွင်း သိသာထင်ရှားလွန်းတဲ့ မမျှတမှုအတွက် ဆုံးဖြတ်ချက် တစ်ခုခု ထွက်လာဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မာေဆးဆိုဒ္ဒါဘီပြဲအတြင္း ၾကီးမားတဲ့ ပြဲရလဒ္ ႏွစ္ခုအတြက္ VAR ရဲ႕ ဆံုးျဖတ္ခ်က္ကို ျပန္လည္ စံုစမ္းစစ္ေဆးေပးဖို႔ အက္ဖ္ေအကို ေတာင္းဆိုလိုက္ပါတယ္။

ဂူဒီဆင္ပါခ္မွာ လီဗာပူးက ၂-၂ သေရက်ခဲ့စဥ္ အေတာ္ဆိုးတဲ့ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြကို VAR က ျပဳလုပ္ခဲ့တာပါ။ ပြဲခ်ိန္ ၆ မိနစ္မွာတင္ အဲဗာတန္ဂိုးသမား ပစ္ဖိုဒ့္ဟာ ကြင္းထဲက ထြက္သြားရႏုိင္တဲ့ ျပင္းထန္ ရန္လိုတဲ့ တိုက္ခိုက္မႈကို ျပဳလုပ္ခဲ့တယ္။ သူဟာ ဗန္ဒိုက္ကို ေျခစံုပစ္ျပီး ဝင္ေရာက္ခဲ့ျခင္း ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ VAR ဒိုင္လူၾကီး David Coote က ျဖစ္ရပ္ကို သံုးသပ္ရာမွာ ဗန္ဒိုက္က လူကၽြံေနသလားဆိုတဲ့ အေျခအေနကိုပဲ သံုးသပ္ေနခဲ့ျပီး သူဟာ ပစ္ဖိုဒ့္က အနီကဒ္ျဖစ္သင့္လားကိုေတာင္ မစစ္ေဆးခဲ့ဘူး။ ကြင္းလယ္ဒိုင္လူၾကီး မုိင္ကယ္အိုလီဗာက ျဖစ္ရပ္အတြက္ ကြင္းေဘး ေမာ္နီတာကို ၾကည့္ခြင့္ေတာင္းခဲ့ေပမယ့္ Coote က လူကၽြံေဘာကိုပဲ အာရံုစိုက္ေနတာေၾကာင့္ မျပႏုိင္ခဲ့ပါဘူး။

ဒီကိစၥကို VAR ဘက္က တရားဝင္ သတင္းထုတ္ျပန္ရာမွာ သူတို႔ဟာ ဗန္ဒိုက္ကို ပစ္ဖိုဒ့္ရဲ႕ ၾကမ္းတမ္းစြာ ျဖတ္ထုတ္မႈကို စစ္ေဆးခဲ့ျခင္း မရွိဘူးလို႔ သိရတယ္။ ဒီျဖတ္ထုတ္မႈက အႏၱရာယ္ၾကီးလြန္းတာေၾကာင့္ အခုဆိုရင္ ဗန္ဒိုက္ဟာ ရာသီကုန္ထိ အနားယူရႏုိင္တယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါျပီ။

တကယ္ေတာ့ VAR ကို ဒီလို ကိစၥေတြအတြက္ ထားတာျဖစ္ျပီး ကစားသမားတစ္ေယာက္ရဲ႕ ကစားသမားဘဝ ကုန္ဆံုးသြားႏုိင္တဲ့ ျဖစ္ရပ္ကို မၾကည့္ပါဘဲ လူကၽြံေဘာကိုပဲ ၾကည့္ေနတာအတြက္ လီဗာပူးက စံုစမ္းစစ္ေဆးေပးဖို႔ ေတာင္းဆိုျခင္းျဖစ္တယ္။

ေနာက္ထပ္ ျဖစ္ရပ္အျဖစ္ လီဗာပူးက အႏုိင္ဂိုး သြင္းယူခဲ့စဥ္မွာလည္း မာေနးကို လူကၽြံေနပါတယ္ဆိုျပီး ပယ္ဖ်က္ခဲ့တယ္။ ဒါေပမယ့္လို႔ အဆိုပါျဖစ္ရပ္က လူကၽြံမေနတာကို ပြဲအျပီးမွာ လူတိုင္းက ေမးခြန္းထုတ္လာခဲ့ၾကတယ္။

လီဗာပူးက အက္ဖ္ေအကို စံုစမ္းေပးဖို႔ ေတာင္းဆိုမႈဟာ ပြဲရလဒ္ကို မေျပာင္းလဲေပမယ့္ ကြင္းတြင္း သိသာထင္ရွားလြန္းတဲ့ မမွ်တမႈအတြက္ ဆံုးျဖတ္ခ်က္ တစ္ခုခု ထြက္လာဖြယ္ ရွိပါတယ္။vvvvvvvvvvvv