အသင်းပရိသတ်တွေ ကြားလိုကြမယ့် ကိစ္စ မဟုတ်ပေမယ့် ဗန်ဒိုက်ရဲ့ အခြေအနေ နောက်ဆုံးရ သတင်းကို ဖော်ပြပေးပါမယ်။

ယာဂင်ကလော့ပ်က “ ဗန်ဒိုက်ရဲ့ ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ ဗန်ဒိုက်က နာကျင်နေရင်းနဲ့တောင်မှ ဘောလုံး ကစားနိုင်သူပါ။ သူတောင် ဆက်မကစားနိုင်ဘူးဆိုတော့ အခြေအနေ ဘယ်လောက်ထိ ဆိုးသလဲဆိုတာ မသိသေးပေမယ့် မကောင်းတာတော့ သေချာပါတယ်။” လို့ ပွဲပြီးမှာ အလေးအနက် ပြောဆိုတယ်။

ပွဲအပြီးမှာပဲ လီဗာပူးက ဗန်ဒိုက်ကော၊ သီယာဂိုကိုပါ ဆေးရုံကို တန်းပို့ခဲ့ပါတယ်။ ဆေးရုံကနေ ထွက်လာစဉ်မှာ ဗန်ဒိုင်ဟာ ချိုင်းထောက်တွေ အကူအညီနဲ့ ထွက်လာခဲ့ရပါတယ်။ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဒီလို ဖြတ်ထုတ်ခံရမှုအပေါ် အတွေ့အကြုံရှိသူတွေကတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာက အဆိုးဆုံးဆိုရင် ACL ဝင်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။

ACL ဝင်ရင်တော့ တချို့လည်း သိကြမယ်ထင်ပါတယ်။ ဒဏ်ရာ ပြန်သက်သာလာဖို့ကိုတောင် ၇ လ ၈ လလောက်ကြာပါတယ်။ ဆိုလိုတာက ဒီရာသီမှာ ဗန်ဒိုက်က ဘောလုံး လုံးဝ ပြန်မကစားနိုင်မယ့် အခြေအနေမျိုးထိ ရောက်သွားနိုင်ပါတယ်။

သတင်းထောက် ဂျိမ်းပီက်စ်က ” ဂူဒီပက်ခ်က ပွဲအပြီးမှာ ဗန်ဒိုက်နဲ့ သီယာဂိုတို့နှစ်ဦး ဒဏ်ရာတွေအတွက် စစ်ဆေးမှုတွေ ဝင်သွားခဲ့ပြီး လီဗာပူးအတွက်ကတော့ သူတို့ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရဖို့ အရမ်းကို စိုးရိမ်စွာ စောင့်နေရတဲ့ အခြေအနေပါ။ ” လို့ ဆိုခဲ့တယ်။

ဒါပေမယ့်လည်း ဒဏ်ရာရဲ့ ရလဒ်က ချက်ခြင်းထွက်လာမှာ မဟုတ်ပါဘူး။ သွေးအေးသွားတဲ့ အခြေအနေမှပဲ ကစားသမားရဲ့ နာကျင်မှုကို စောင့်ကြည့်ရမှာဖြစ်ကာ စကန်ဖတ်ထားတာကို စစ်ဆေးမှုတွေပြီးမှ ရလဒ် ထွက်လာမှာဖြစ်ပါတယ်။ အဆိုးဆုံး မဖြစ်လာဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

ZAWGYI

အသင္းပရိသတ္ေတြ ၾကားလိုၾကမယ့္ ကိစၥ မဟုတ္ေပမယ့္ ဗန္ဒိုက္ရဲ႕ အေျခအေန ေနာက္ဆံုးရ သတင္းကို ေဖာ္ျပေပးပါမယ္။

ယာဂင္ကေလာ့ပ္က “ ဗန္ဒိုက္ရဲ႕ ဒဏ္ရာက အေျခအေန မေကာင္းပါဘူး။ ဗန္ဒိုက္က နာက်င္ေနရင္းနဲ႔ေတာင္မွ ေဘာလံုး ကစားႏုိင္သူပါ။ သူေတာင္ ဆက္မကစားႏုိင္ဘူးဆိုေတာ့ အေျခအေန ဘယ္ေလာက္ထိ ဆိုးသလဲဆိုတာ မသိေသးေပမယ့္ မေကာင္းတာေတာ့ ေသခ်ာပါတယ္။” လို႔ ပြဲျပီးမွာ အေလးအနက္ ေျပာဆိုတယ္။

ပြဲအျပီးမွာပဲ လီဗာပူးက ဗန္ဒိုက္ေကာ၊ သီယာဂိုကိုပါ ေဆးရံုကို တန္းပို႔ခဲ့ပါတယ္။ ေဆးရံုကေန ထြက္လာစဥ္မွာ ဗန္ဒိုင္ဟာ ခ်ိဳင္းေထာက္ေတြ အကူအညီနဲ႔ ထြက္လာခဲ့ရပါတယ္။ ေဆးဘက္ဆိုင္ရာ ပုဂၢိဳလ္ေတြနဲ႔ ဒီလို ျဖတ္ထုတ္ခံရမႈအေပၚ အေတြ႔အၾကံဳရွိသူေတြကေတာ့ ဗန္ဒိုက္ရဲ႕ ဒဏ္ရာက အဆိုးဆံုးဆိုရင္ ACL ဝင္ရႏုိင္တယ္လို႔ သံုးသပ္ပါတယ္။

ACL ဝင္ရင္ေတာ့ တခ်ိဳ႔လည္း သိၾကမယ္ထင္ပါတယ္။ ဒဏ္ရာ ျပန္သက္သာလာဖို႔ကိုေတာင္ ၇ လ ၈ လေလာက္ၾကာပါတယ္။ ဆိုလိုတာက ဒီရာသီမွာ ဗန္ဒိုက္က ေဘာလံုး လံုးဝ ျပန္မကစားႏုိင္မယ့္ အေျခအေနမ်ိဳးထိ ေရာက္သြားႏိုင္ပါတယ္။

သတင္းေထာက္ ဂ်ိမ္းပီက္စ္က ” ဂူဒီပက္ခ္က ပြဲအျပီးမွာ ဗန္ဒိုက္နဲ႔ သီယာဂိုတို႔ႏွစ္ဦး ဒဏ္ရာေတြအတြက္ စစ္ေဆးမႈေတြ ဝင္သြားခဲ့ျပီး လီဗာပူးအတြက္ကေတာ့ သူတို႔ရဲ႕ အေျခအေနကို ရွင္းရွင္းလင္းလင္း သိရဖို႔ အရမ္းကို စိုးရိမ္စြာ ေစာင့္ေနရတဲ့ အေျခအေနပါ။ ” လို႔ ဆိုခဲ့တယ္။

ဒါေပမယ့္လည္း ဒဏ္ရာရဲ႕ ရလဒ္က ခ်က္ျခင္းထြက္လာမွာ မဟုတ္ပါဘူး။ ေသြးေအးသြားတဲ့ အေျခအေနမွပဲ ကစားသမားရဲ႕ နာက်င္မႈကို ေစာင့္ၾကည့္ရမွာျဖစ္ကာ စကန္ဖတ္ထားတာကို စစ္ေဆးမႈေတြျပီးမွ ရလဒ္ ထြက္လာမွာျဖစ္ပါတယ္။ အဆိုးဆံုး မျဖစ္လာဖို႔ ေမွ်ာ္လင့္ေနရမွာ ျဖစ္ပါတယ္။