မာဆေးဆိုဒ်ဒါဘီမှာ သီယာဂိုကို ဥပဒေပ ကစားခဲ့တာကြောင့် တိုက်ရိုက် အနီကဒ်ထိခဲ့တဲ့ ရစ်ချာလီဆန်က ပွဲအပြီးမှာတော့ ဖြေရှင်းချက် ပေးသွားပါတယ်။

ရစ်ချာလီဆန်က ” ကျနော်ရဲ့ နောက်ခံနဲ့ ကျနော်က ဘယ်တော့မှ ခပ်ကြမ်းကြမ်း မကစားတတ်တဲ့သူဆိုတာ အားလုံးလည်း သိကြပါတယ်။ ပွဲမှာ ဖြစ်ခဲ့တာက အာရုံစိုက် ကစားနေရင်း ရုတ်တရတ် တိမ်းရှောင်ရတဲ့အခါ ဖြစ်သွားတဲ့ ထိခိုက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

သီယာဂိုကို နာကျင်အောင်လုပ်မယ်ဆိုပြီး ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို ထိတော့မယ်ဆိုတာကို သိတဲ့နောက်မှာ ကျနော်က ခြေထောက်ကို ပြန်ရုတ်ခဲ့ပြီး ဒူးနဲ့ သူ့ကို တိုက်ခဲ့မိတာဖြစ်ပါတယ်။ အရှိန်နဲ့ ကစားတဲ့ ပွဲတွေမှာ ဖြတ်လေ့ဖြတ်ထရှိတဲ့ ကိစ္စလောက်ပါပဲ ” လို့ ဆိုသွားခဲ့တယ်။

ဒီရာသီ အဲဗာတန်အတွက် ၇ ပွဲကစား ၄ ဂိုးသွင်းထားတဲ့ ရစ်ချာလီဆန်က သူဟာ သီယာဂိုထံ ပုဂ္ဂိုလ်ရေး တောင်းပန်စာကိုလည်း ပို့ထားကြောင်း ပြောပါတယ်။ သီယာဂိုဟာ အဆိုပါ ဖြတ်ထုတ်မှုကြောင့် ဆက်ကစားခဲ့ပေမယ့် ပွဲအပြီးမှာတော့ မသက်သာတာကြောင့် ဆေးရုံမှာ စကန်သွားဖတ်ထားရတာ ဖြစ်တယ်။

ရစ်ချာလီဆန်ကပဲ သူ့ရဲ့ လူမှုကွန်ယက်ကနေ တစ်ဆင့် ” သီယာဂိုကို တောင်းပန်တဲ့ အကြောင်းကြားစာ ပို့ထားပါတယ်။ လူမြင်ကွင်းကနေလည်း တောင်းပန်ပါတယ်။ သူ မနာကျင်ဖို့နဲ့ အရာအားလုံး အဆင်ပြေစေဖို့ကို ကျနော် မျှော်လင့်ပါတယ်။

အသင်းဖော်တွေ၊ အဲဗာတန်အသင်းနဲ့ ပရိသတ်တွေကိုလည်း အနီကဒ်ကြောင့် ပွဲလွဲရတော့မှာအတွက် တောင်းပန်ပါတယ်။ ကံမကောင်းစွာပဲ ဖြစ်သွားတာကို ကျနော် ပြန်ပြင်လို့ မရတော့ဘဲ ဖြစ်လာမှာတွေကို ရင်ဆိုင်ယုံပဲ ရှိပါတယ်။ ကြိုးစားပြီး ဆက်သွားရအောင်ပါ ” လို့ ရေးသားသွားခဲ့ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီမွာ သီယာဂိုကို ဥပေဒပ ကစားခဲ့တာေၾကာင့္ တိုက္ရိုက္ အနီကဒ္ထိခဲ့တဲ့ ရစ္ခ်ာလီဆန္က ပြဲအျပီးမွာေတာ့ ေျဖရွင္းခ်က္ ေပးသြားပါတယ္။

ရစ္ခ်ာလီဆန္က ” က်ေနာ္ရဲ႕ ေနာက္ခံနဲ႔ က်ေနာ္က ဘယ္ေတာ့မွ ခပ္ၾကမ္းၾကမ္း မကစားတတ္တဲ့သူဆိုတာ အားလံုးလည္း သိၾကပါတယ္။ ပြဲမွာ ျဖစ္ခ့ဲတာက အာရံုစိုက္ ကစားေနရင္း ရုတ္တရတ္ တိမ္းေရွာင္ရတဲ့အခါ ျဖစ္သြားတဲ့ ထိခိုက္မႈတစ္ခုပဲ ျဖစ္ပါတယ္။

သီယာဂိုကို နာက်င္ေအာင္လုပ္မယ္ဆိုျပီး ဝင္ေရာက္ခဲ့တာ မဟုတ္ပါဘူး။ သူ႔ကို ထိေတာ့မယ္ဆိုတာကို သိတဲ့ေနာက္မွာ က်ေနာ္က ေျခေထာက္ကို ျပန္ရုတ္ခဲ့ျပီး ဒူးနဲ႔ သူ႔ကို တိုက္ခဲ့မိတာျဖစ္ပါတယ္။ အရွိန္နဲ႔ ကစားတဲ့ ပြဲေတြမွာ ျဖတ္ေလ့ျဖတ္ထရွိတဲ့ ကိစၥေလာက္ပါပဲ ” လို႔ ဆိုသြားခဲ့တယ္။

ဒီရာသီ အဲဗာတန္အတြက္ ၇ ပြဲကစား ၄ ဂိုးသြင္းထားတဲ့ ရစ္ခ်ာလီဆန္က သူဟာ သီယာဂိုထံ ပုဂၢိဳလ္ေရး ေတာင္းပန္စာကိုလည္း ပို႔ထားေၾကာင္း ေျပာပါတယ္။ သီယာဂိုဟာ အဆိုပါ ျဖတ္ထုတ္မႈေၾကာင့္ ဆက္ကစားခဲ့ေပမယ့္ ပြဲအျပီးမွာေတာ့ မသက္သာတာေၾကာင့္ ေဆးရံုမွာ စကန္သြားဖတ္ထားရတာ ျဖစ္တယ္။

ရစ္ခ်ာလီဆန္ကပဲ သူ႔ရဲ႕ လူမႈကြန္ယက္ကေန တစ္ဆင့္ ” သီယာဂိုကို ေတာင္းပန္တဲ့ အေၾကာင္းၾကားစာ ပို႔ထားပါတယ္။ လူျမင္ကြင္းကေနလည္း ေတာင္းပန္ပါတယ္။ သူ မနာက်င္ဖို႔နဲ႔ အရာအားလံုး အဆင္ေျပေစဖို႔ကို က်ေနာ္ ေမွ်ာ္လင့္ပါတယ္။

အသင္းေဖာ္ေတြ၊ အဲဗာတန္အသင္းနဲ႔ ပရိသတ္ေတြကိုလည္း အနီကဒ္ေၾကာင့္ ပြဲလြဲရေတာ့မွာအတြက္ ေတာင္းပန္ပါတယ္။ ကံမေကာင္းစြာပဲ ျဖစ္သြားတာကို က်ေနာ္ ျပန္ျပင္လို႔ မရေတာ့ဘဲ ျဖစ္လာမွာေတြကို ရင္ဆိုင္ယံုပဲ ရွိပါတယ္။ ၾကိဳးစားျပီး ဆက္သြားရေအာင္ပါ ” လို႔ ေရးသားသြားခဲ့ပါတယ္။