လီဗာပူးဟာ ခံစစ်မှူး ဗန်ဒိုက်ရဲ့ ဒဏ်ရာကို အထူးစိုးရိမ်တာကြောင့် စပရှယ်လစ်တစ်ဦးနဲ့ ဒီကနေ့မှာ ပြသသွားမှာဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ဒဏ်ရာက ကာလရှည် နားရသွားရမှာလားဆိုတာကို ပိုမို တိကျစွာ စစ်ဆေးနိုင်ဖို့ အထူး ပါရဂူဖြင့် ပြသွားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုကို လုံးဝ ပြောနိုင်ခြင်း မရှိသေးကာ မနက်ဖြန်လောက်မှ စစ်ဆေးမှုရဲ့ ရလဒ်ကို သိရဖွယ် ရှိပါတယ်။

အဲဗာတန်နဲ့ပွဲအပြီးမှာ ဗန်ဒိုက်ကို ဒေသခံ ဆေးရုံကို တန်းပို့ခဲ့ပြီး ဒဏ်ရာကို စကန်ဖတ်ခဲ့တယ်။ ညာဘက် ဒူးမှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ဆေးရုံက ထွက်လာတဲ့ ဗန်ဒိုက်ဟာ ချိုင်းထောက်အကူအညီ ယူခဲ့ရပါတယ်။

ကမ္ဘာဈေးအကြီးဆုံး ခံစစ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးတဲ့ ဗန်ဒိုက်ဟာ ကုန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ဒဏ်ရာ ကြီးကြီးမားမား လုံးဝ မရှိခဲ့ဘဲ ပရီးမီးယားလိဂ်မှာလည်း ၂ ရာသီဆက်တိုက် ၁ မိနစ်တောင် မလွဲဘဲ ကစားပေးခဲ့သူဖြစ်တယ်။

ဒီကြားထဲမှာ ဆက်တိုက် ထွက်ပေါ်နေတဲ့ ဗန်ဒိုက်က ရာသီကုန်ထိ နားရနိုင်ကြောင်းနဲ့ ယူရိုပြိုင်ပွဲကိုပါ လွဲနိုင်ကြောင်းတွေက ခန့်မှန်းသတင်းတွေပဲဖြစ်ပြီး လီဗာပူးအသင်းဘက်ကတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာ ဘယ်လောက် ကြာနိုင်တယ်ဆိုတာကို ထုတ်ပြောဖို့ ငြင်းဆန်ထားပါတယ်။

ဗန်ဒိုက်ရဲ့ ဒဏ်ရာ အခြေအနေ မကောင်းပေမယ့်လို့ သီယာဂိုရဲ့ ဒဏ်ရာနဲ့ ပက်သက်လို့ကတော့ အကောင်းမြင်နိုင်စရာ ရှိနေပါတယ်။ စပိန်လက်ရွေးစင်ဟာ အဲဗာတန်တိုက်စစ်သမား ရစ်ချာလီဆန်ရဲ့ ဥပဒေပ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တာဖြစ်ကာ ပွဲအပြီးမှာ စစ်ဆေးမှု ခံယူခဲ့ရပါတယ်။

သီယာဂိုရဲ့ ဒဏ်ရာက အရမ်း မပြင်းထန်ဘူးလို့ သိရပေမယ့် ဒဏ်ရာကြောင့် ဘယ်လောက် နားရမယ်တော့ မသိရသေးပါဘူး။

ZAWGYI

လီဗာပူးဟာ ခံစစ္မွဴး ဗန္ဒိုက္ရဲ႕ ဒဏ္ရာကို အထူးစိုးရိမ္တာေၾကာင့္ စပရွယ္လစ္တစ္ဦးနဲ႔ ဒီကေန႔မွာ ျပသသြားမွာျဖစ္ပါတယ္။

ဗန္ဒိုက္ရဲ႕ ဒဏ္ရာက ကာလရွည္ နားရသြားရမွာလားဆိုတာကို ပိုမို တိက်စြာ စစ္ေဆးႏုိင္ဖို႔ အထူး ပါရဂူျဖင့္ ျပသြားတာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ဗန္ဒိုက္ရဲ႕ ၾကံ႕ခိုင္မႈကို လံုးဝ ေျပာႏုိင္ျခင္း မရွိေသးကာ မနက္ျဖန္ေလာက္မွ စစ္ေဆးမႈရဲ႕ ရလဒ္ကို သိရဖြယ္ ရွိပါတယ္။

အဲဗာတန္နဲ႔ပြဲအျပီးမွာ ဗန္ဒိုက္ကို ေဒသခံ ေဆးရံုကို တန္းပို႔ခဲ့ျပီး ဒဏ္ရာကို စကန္ဖတ္ခဲ့တယ္။ ညာဘက္ ဒူးမွာ ဒဏ္ရာရခဲ့ျခင္းျဖစ္ကာ ေဆးရံုက ထြက္လာတဲ့ ဗန္ဒိုက္ဟာ ခ်ိဳင္းေထာက္အကူအညီ ယူခဲ့ရပါတယ္။

ကမၻာေစ်းအၾကီးဆံုး ခံစစ္မွဴးအျဖစ္ မွတ္တမ္းဝင္ခဲ့ဖူးတဲ့ ဗန္ဒိုက္ဟာ ကုန္ခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ ဒဏ္ရာ ၾကီးၾကီးမားမား လံုးဝ မရွိခဲ့ဘဲ ပရီးမီးယားလိဂ္မွာလည္း ၂ ရာသီဆက္တိုက္ ၁ မိနစ္ေတာင္ မလြဲဘဲ ကစားေပးခဲ့သူျဖစ္တယ္။

ဒီၾကားထဲမွာ ဆက္တုိက္ ထြက္ေပၚေနတဲ့ ဗန္ဒိုက္က ရာသီကုန္ထိ နားရႏုိင္ေၾကာင္းနဲ႔ ယူရိုျပိဳင္ပြဲကိုပါ လြဲႏုိင္ေၾကာင္းေတြက ခန္႔မွန္းသတင္းေတြပဲျဖစ္ျပီး လီဗာပူးအသင္းဘက္ကေတာ့ ဗန္ဒိုက္ရဲ႕ ဒဏ္ရာ ဘယ္ေလာက္ ၾကာႏုိင္တယ္ဆိုတာကို ထုတ္ေျပာဖို႔ ျငင္းဆန္ထားပါတယ္။

ဗန္ဒိုက္ရဲ႕ ဒဏ္ရာ အေျခအေန မေကာင္းေပမယ့္လို႔ သီယာဂိုရဲ႕ ဒဏ္ရာနဲ႔ ပက္သက္လို႔ကေတာ့ အေကာင္းျမင္ႏုိင္စရာ ရွိေနပါတယ္။ စပိန္လက္ေရြးစင္ဟာ အဲဗာတန္တိုက္စစ္သမား ရစ္ခ်ာလီဆန္ရဲ႕ ဥပေဒပ ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရရွိခဲ့တာျဖစ္ကာ ပြဲအျပီးမွာ စစ္ေဆးမႈ ခံယူခဲ့ရပါတယ္။

သီယာဂိုရဲ႕ ဒဏ္ရာက အရမ္း မျပင္းထန္ဘူးလို႔ သိရေပမယ့္ ဒဏ္ရာေၾကာင့္ ဘယ္ေလာက္ နားရမယ္ေတာ့ မသိရေသးပါဘူး။