မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရအပြီးမှာ သူတို့အသင်းက လီဗာပူးကို အသာစီးပေးပြီး ယှဉ်ပြိုင်နေရတာပါလို့ ဆွဲထည့် ပြောဆိုသွားပါတယ်။

ဂွာဒီယိုလာက သူတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲအပြီးမှာ လီဗာပူးအကြောင်း ထည့်ထည့်ပြောတာက အခုမှ မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာလည်း သူ့ကစားသမားတွေက ရာသီကြိုကို လီဗာပူးလို ခပ်စောစော မစနိုင်ခဲ့ကြောင်းနဲ့ ကိုဗစ် ကူးစက်ခံရမှုတွေ ရှိနေတာကလည်း ပြင်ဆင်ချိန်တွေကို နောက်ကျစေတယ်လို့ ဆိုပါတယ်။

ဂွာဒီယိုလာက ” ပွဲတွေကို နိုင်တာက နိုင်ပွဲတွေအတွက် အကူအညီဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲမှာ ကျနေ်ာတို့ အစကောင်းခဲ့ပေမယ့် လက်စတာနဲ့ပွဲမှာ ပင်နယ်တီ ၃ ကြိမ်ပေးခဲ့ရပြီး ကြီးကြီးမားမား ထိခိုက်ခဲ့တယ်။ လိဒ်နဲ့ပွဲမှာလည်း အစောပိုင်း မိနစ် ၃၀ နဲ့ နောက်ဆုံး ၁၀-၁၅ မိနစ်တို့မှာ ကစားပုံကောင်းခဲ့ပြီး ပွဲချိန် မိနစ် ၉၀ လုံးမှာတော့ အပြည့်အဝ မကောင်းခဲ့ဘူး။

ကျျနေ်ာတို့ ပြင်ဆင်ချိန် မရခဲ့ပါဘူး။ လီဗာပူးနဲ့ အာဆင်နယ်တို့ဆိုရင် ကျျနေ်ာတို့ မတိုင်ခင် သုံးပတ်လောက်တည်းက စပြင်ဆင်နေတာပါ။ ကျနေ်ာတို့မှာက ကစားသမား သုံးယောက်လောက်က ကိုဗစ်ဖြစ်နေပြီး ဘရူနိုကလည်း ဒဏ်ရာရနေခဲ့တယ်။

ကျနေ်ာတို့ရဲ့ အခြေအနေတွေအရ ပွဲတွေကို အနိုင်ရဖို့ လိုပါတယ်။ အခု လာပေါ်တေးကလည်း ဒဏ်ရာထပ်ရသွားတယ်။ မန်ဒီ ဒဏ်ရာရသွားပြန်တယ်၊ ဒီဘရိုင်း ဒဏ်ရာရနေတယ်။ မိနစ် ၉၀ အပြည့် အကောင်းဆုံး ကစားနိုင်ဖို့ မဖြစ်နိုင်ပေမယ့် ကျနေ်ာတို့ အကောင်းဆုံး ကစားခဲ့ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာ ပြိုင်ဘက်တွေက သူတို့အသင်းထက် ပြင်ဆင်ချိန် ပိုရတယ်ဆိုပေမယ့် တစ်ဘက်မှာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့က ရာသီကြိုပြင်ဆင်ဖို့ နားချိန် အပြည့်အဝ မရခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ရာသီသစ်ကို တစ်ပတ်နောက်ကျပြီး စတင်ခွင့် ရခဲ့ချိန်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့က ကွန်မြူနတီဒိုင်း ပြိုင်ဆိုင်ရမှာဖြစ်လို့ မနှစ်က ရာသီကုန်အပြီး နားရက်တောင် ကောင်းကောင်းမရခဲ့ဘဲ ရာသီသစ်ကို ပြန်စတင်ခဲ့ရတာဖြစ်တယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက အာဆင္နယ္ကို ၁-၀ နဲ႔ အႏုိင္ရအျပီးမွာ သူတို႔အသင္းက လီဗာပူးကို အသာစီးေပးျပီး ယွဥ္ျပိဳင္ေနရတာပါလို႔ ဆြဲထည့္ ေျပာဆိုသြားပါတယ္။

ဂြာဒီယိုလာက သူတို႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲအျပီးမွာ လီဗာပူးအေၾကာင္း ထည့္ထည့္ေျပာတာက အခုမွ မဟုတ္ပါဘူး။ ဒီတစ္ၾကိမ္မွာလည္း သူ႔ကစားသမားေတြက ရာသီၾကိဳကို လီဗာပူးလို ခပ္ေစာေစာ မစႏုိင္ခဲ့ေၾကာင္းနဲ႔ ကိုဗစ္ ကူးစက္ခံရမႈေတြ ရွိေနတာကလည္း ျပင္ဆင္ခ်ိန္ေတြကို ေနာက္က်ေစတယ္လို႔ ဆိုပါတယ္။

ဂြာဒီယိုလာက ” ပြဲေတြကို ႏုိင္တာက ႏုိင္ပြဲေတြအတြက္ အကူအညီျဖစ္ပါတယ္။ ဝုဗ္နဲ႔ပြဲမွာ က်ေန္ာတို႔ အစေကာင္းခဲ့ေပမယ့္ လက္စတာနဲ႔ပြဲမွာ ပင္နယ္တီ ၃ ၾကိမ္ေပးခဲ့ရျပီး ၾကီးၾကီးမားမား ထိခိုက္ခဲ့တယ္။ လိဒ္နဲ႔ပြဲမွာလည္း အေစာပိုင္း မိနစ္ ၃၀ နဲ႔ ေနာက္ဆံုး ၁၀-၁၅ မိနစ္တို႔မွာ ကစားပံုေကာင္းခဲ့ျပီး ပြဲခ်ိန္ မိနစ္ ၉၀ လံုးမွာေတာ့ အျပည့္အဝ မေကာင္းခဲ့ဘူး။

က််ေန္ာတို႔ ျပင္ဆင္ခ်ိန္ မရခဲ့ပါဘူး။ လီဗာပူးနဲ႔ အာဆင္နယ္တို႔ဆိုရင္ က််ေန္ာတို႔ မတိုင္ခင္ သံုးပတ္ေလာက္တည္းက စျပင္ဆင္ေနတာပါ။ က်ေန္ာတို႔မွာက ကစားသမား သံုးေယာက္ေလာက္က ကိုဗစ္ျဖစ္ေနျပီး ဘရူႏိုကလည္း ဒဏ္ရာရေနခဲ့တယ္။

က်ေန္ာတို႔ရဲ႕ အေျခအေနေတြအရ ပြဲေတြကို အႏုိင္ရဖို႔ လိုပါတယ္။ အခု လာေပၚေတးကလည္း ဒဏ္ရာထပ္ရသြားတယ္။ မန္ဒီ ဒဏ္ရာရသြားျပန္တယ္၊ ဒီဘရိုင္း ဒဏ္ရာရေနတယ္။ မိနစ္ ၉၀ အျပည့္ အေကာင္းဆံုး ကစားႏုိင္ဖို႔ မျဖစ္ႏုိင္ေပမယ့္ က်ေန္ာတို႔ အေကာင္းဆံုး ကစားခဲ့ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဂြာဒီယိုလာ ျပိဳင္ဘက္ေတြက သူတို႔အသင္းထက္ ျပင္ဆင္ခ်ိန္ ပိုရတယ္ဆိုေပမယ့္ တစ္ဘက္မွာ လီဗာပူးနဲ႔ အာဆင္နယ္အသင္းတို႔က ရာသီၾကိဳျပင္ဆင္ဖို႔ နားခ်ိန္ အျပည့္အဝ မရခဲ့တာျဖစ္ပါတယ္။

မန္စီးတီးက ရာသီသစ္ကို တစ္ပတ္ေနာက္က်ျပီး စတင္ခြင့္ ရခဲ့ခ်ိန္မွာ လီဗာပူးနဲ႔ အာဆင္နယ္တို႔က ကြန္ျမဴနတီဒိုင္း ျပိဳင္ဆုိင္ရမွာျဖစ္လို႔ မႏွစ္က ရာသီကုန္အျပီး နားရက္ေတာင္ ေကာင္းေကာင္းမရခဲ့ဘဲ ရာသီသစ္ကို ျပန္စတင္ခဲ့ရတာျဖစ္တယ္။