လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းနဲ့ ပရိသတ်တွေကို စိတ်ဓါတ်တွေ ကျမနေဖို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲတွေက ထပ်ရောက်လာပြီလို့ အားပေးစကား ပြောဆိုခဲ့ပါတယ်။

လီဗာပူးက အနိုင်ရသင့်ပါလျက်နဲ့ VAR ဒိုင်လူကြီးရဲ့ မမျှတမှုမှာ လီဗာပူးက အနိုင်ရလဒ်အစား သရေရလဒ်ပဲ ရခဲ့တာပါ။ ရော်ဘတ်ဆန်က အားလုံးကို အကောင်းမြင်စရာတွေ တွေးပြီး ရောက်လာမယ့် ချန်ပီယံလိဂ်ပွဲကို အဆင်သင့်ဖြစ်နေရဦးမယ်လို့ သတိပေးမှုလည်း လုပ်ခဲ့တာဖြစ်တယ်။

ရော်ဘတ်ဆန်က “ အကောင်းမြင်လို့ ရစရာတွေအားလုံးကို ငါတို့ ယူကြဖို့ လိုတယ်။ ငါတို့ လုပ်ခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေကို လုပ်နိုင်ရင် ငါတို့က ရင်ဆိုင်ရ သိပ်ခက်တဲ့ အသင်းဆိုတာကို ကြည့်ကြဖို့လိုတယ်။

အက်စတွန်ဗီလာနဲ့ပွဲမှာ ငါတို့က ဖန်တီးမှုတွေ ချို့တဲ့ခဲ့ပြီး ကောင်တာ ဖိအားပေးတွေမှာ အနိုင်မရခဲ့ဘူး။ ဒုတိယဘောတွေကို ပြန်ယူရာမှာလည်း မနိုင်ဘူး။ အဲဗာတန်နဲ့ပွဲမှာ ဒါတွေကို ငါတို့ အနိုင်ရတယ်။ ဒီတော့ ကိစ္စ အများအပြားမှာ ကျေနပ်ဖို့ ကောင်းခဲ့တယ်။

ဟုတ်ပါတယ်လေ။ ဒါဘီပွဲကို ရလဒ်အတွက် သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ အဲ့ရလဒ်ကို မရခဲ့ဘူး။ ကိုယ်ဘာသာ စိတ်ဓါတ်တွေ ကျနေလို့ မဖြစ်ဘူး။ အရမ်းအလုပ်များတဲ့ ကာလတွေ ရောက်လာတော့မယ်။ ငါတို့ ရှေ့ဆက်သွားကြဖို့ လိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ခရီးကြမ်းက ပြန်လည် စတင်တော့မယ်။ ငါတို့ ရောက်နိုင်သလောက်ကို သွားရမယ်။ အဲ့အတွက် ငါတို့ရဲ့ ခြေထောက်တွေကို ပြင်ဆင်ထားဖို့လိုတယ်။ ပြီးရင် ပရီးမီးယားလိဂ်ကို ပြန်လည် ပြိုင်ဆိုင်ကြရအောင်ကွာ။

ခက်ခဲ များပြားတဲ့ နေ့စွဲတွေအတွက် ငါတို့တွေ အဆင်သင့်ဖြစ်နေရမယ်။ အဆင်သင့်ကို ဖြစ်နေရမယ်။ အားလုံးလည်း အဆင်သင့်ဖြစ်နေကြပါတယ်။ ချန်ပီယံလိဂ်ကို အာရုံစိုက်နေတယ်၊ ပိုကောင်းတဲ့ အကောင်းမြင်စရာ ရလဒ်တွေမြင်ရဖို့ မျှော်လင့်ပါတယ် ” လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းနဲ႔ ပရိသတ္ေတြကို စိတ္ဓါတ္ေတြ က်မေနဖို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြက ထပ္ေရာက္လာျပီလို႔ အားေပးစကား ေျပာဆိုခ့ဲပါတယ္။

လီဗာပူးက အႏုိင္ရသင့္ပါလ်က္နဲ႔ VAR ဒိုင္လူၾကီးရဲ႕ မမွ်တမႈမွာ လီဗာပူးက အႏိုင္ရလဒ္အစား သေရရလဒ္ပဲ ရခဲ့တာပါ။ ေရာ္ဘတ္ဆန္က အားလံုးကို အေကာင္းျမင္စရာေတြ ေတြးျပီး ေရာက္လာမယ့္ ခ်န္ပီယံလိဂ္ပြဲကို အဆင္သင့္ျဖစ္ေနရဦးမယ္လို႔ သတိေပးမႈလည္း လုပ္ခဲ့တာျဖစ္တယ္။

ေရာ္ဘတ္ဆန္က “ အေကာင္းျမင္လို႔ ရစရာေတြအားလံုးကို ငါတို႔ ယူၾကဖို႔ လိုတယ္။ ငါတို႔ လုပ္ခဲ့သလို အခြင့္အေရး ဖန္တီးမႈေတြကို လုပ္ႏုိင္ရင္ ငါတို႔က ရင္ဆိုင္ရ သိပ္ခက္တဲ့ အသင္းဆိုတာကို ၾကည့္ၾကဖို႔လိုတယ္။

အက္စတြန္ဗီလာနဲ႔ပြဲမွာ ငါတုိ႔က ဖန္တီးမႈေတြ ခ်ိဳ႔တဲ့ခဲ့ျပီး ေကာင္တာ ဖိအားေပးေတြမွာ အႏုိင္မရခဲ့ဘူး။ ဒုတိယေဘာေတြကို ျပန္ယူရာမွာလည္း မႏုိင္ဘူး။ အဲဗာတန္နဲ႔ပြဲမွာ ဒါေတြကို ငါတို႔ အႏုိင္ရတယ္။ ဒီေတာ့ ကိစၥ အမ်ားအျပားမွာ ေက်နပ္ဖို႔ ေကာင္းခဲ့တယ္။

ဟုတ္ပါတယ္ေလ။ ဒါဘီပြဲကို ရလဒ္အတြက္ သြားေရာက္ ယွဥ္ျပိဳင္ခဲ့တာပါ။ အဲ့ရလဒ္ကို မရခဲ့ဘူး။ ကိုယ္ဘာသာ စိတ္ဓါတ္ေတြ က်ေနလုိ႔ မျဖစ္ဘူး။ အရမ္းအလုပ္မ်ားတဲ့ ကာလေတြ ေရာက္လာေတာ့မယ္။ ငါတို႔ ေရွ႔ဆက္သြားၾကဖို႔ လိုပါတယ္။

ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ ခရီးၾကမ္းက ျပန္လည္ စတင္ေတာ့မယ္။ ငါတို႔ ေရာက္ႏုိင္သေလာက္ကို သြားရမယ္။ အဲ့အတြက္ ငါတို႔ရဲ႕ ေျခေထာက္ေတြကို ျပင္ဆင္ထားဖို႔လိုတယ္။ ျပီးရင္ ပရီးမီးယားလိဂ္ကို ျပန္လည္ ျပိဳင္ဆိုင္ၾကရေအာင္ကြာ။

ခက္ခဲ မ်ားျပားတဲ့ ေန႔စြဲေတြအတြက္ ငါတို႔ေတြ အဆင္သင့္ျဖစ္ေနရမယ္။ အဆင္သင့္ကို ျဖစ္ေနရမယ္။ အားလံုးလည္း အဆင္သင့္ျဖစ္ေနၾကပါတယ္။ ခ်န္ပီယံလိဂ္ကို အာရံုစိုက္ေနတယ္၊ ပိုေကာင္းတဲ့ အေကာင္းျမင္စရာ ရလဒ္ေတြျမင္ရဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။