မာဆေးဆိုဒ်ဒါဘီပွဲမှာ ဆုံးဖြတ်ခဲ့တဲ့ VAR အခြေအနေတွေကို မေးခွန်းထုတ်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အက်ဖ်အေရဲ့ အရေးယူခြင်းကို ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပွဲအပြီးမှာ ဟန်ဒါဆန်က ” VAR နဲ့ကြည့်တော့ လူကျွံဘောဖြစ်ကိုဖြစ်မှရမယ်။ ဒါက လူတိုင်းလိုချင်တဲ့ အခြေအနေဖြစ်နေတယ်လေ။ သူတို့က တစ်ခါတစ်လေမှာ လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ။ ဒါက သူတို့လုပ်နေတာပဲ မဟုတ်လား? ” လို့ ဆိုခဲ့တာပါ။

ဒါပေမယ့်လို့ ဟန်ဒါဆန် အပါအဝင် အသင်းသား အားလုံးက ပွဲအပြီး လူမှုကွန်ယက်တွေမှာတော့ VAR ကိစ္စကို မပြောလိုတော့ဘဲ တာဝန်ရှိသူတွေဘာသာပဲ ပြောကြပါစေလို့ မှတ်ချက်ပြုခဲ့ကြတာဖြစ်တယ်။

အက်ဖ်အေဘက်ကတော့ ဒိုင်လူကြီးတွေက လူကျွံဘော သက်မှတ်တဲ့ ကိစ္စကို ‘လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ’ ဆိုတဲ့ မှတ်ချက်ကို အရေးယူမလားဆိုတာကို သုံးသပ်သွားမှာဖြစ်တယ်။ ပွဲအပြီးမှာ BT Sport နဲ့ အင်တာဗျူးအတွင်း ဟန်ဒါဆန် ပြောခဲ့တာကို အက်ဖ်အေက ၎င်းတို့ရဲ့ ပွဲပြီး သုံးသပ်မှုမှာ ထည့်သွင်း စဉ်းစားခြင်းဖြစ်တယ်။

ပရီးမီးယားလိဂ်ဟာ လိဂ်ရဲ့ စည်းမျဉ်းတွေနဲ့ ပက်သက်လို့ ဝေဖန်ပြောဆိုမှုကို ခွင့်မပြုဘဲ အဆိုပါ အပြုအမှုတွေအတွက် ငွေဒဏ်နဲ့ ပွဲပယ် ပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရမယ်လို့ သိရပြီး အပြစ်ပေးရင်တော့ ငွေဒဏ် ကျခံရဖွယ်ရှိပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲမွာ ဆံုးျဖတ္ခဲ့တဲ့ VAR အေျခအေနေတြကို ေမးခြန္းထုတ္ခဲ့တဲ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အက္ဖ္ေအရဲ႕ အေရးယူျခင္းကို ခံရႏုိင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။

ပြဲအျပီးမွာ ဟန္ဒါဆန္က ” VAR နဲ႔ၾကည့္ေတာ့ လူကၽြံေဘာျဖစ္ကိုျဖစ္မွရမယ္။ ဒါက လူတိုင္းလိုခ်င္တဲ့ အေျခအေနျဖစ္ေနတယ္ေလ။ သူတို႔က တစ္ခါတစ္ေလမွာ လူကၽြံေဘာကို လိုသလိုမ်ဥ္းေတြနဲ႔ ဆြဲေကြးလိုက္ၾကတာပဲေလ။ ဒါက သူတို႔လုပ္ေနတာပဲ မဟုတ္လား? ” လို႔ ဆိုခဲ့တာပါ။

ဒါေပမယ့္လို႔ ဟန္ဒါဆန္ အပါအဝင္ အသင္းသား အားလံုးက ပြဲအျပီး လူမႈကြန္ယက္ေတြမွာေတာ့ VAR ကိစၥကို မေျပာလိုေတာ့ဘဲ တာဝန္ရွိသူေတြဘာသာပဲ ေျပာၾကပါေစလို႔ မွတ္ခ်က္ျပဳခဲ့ၾကတာျဖစ္တယ္။

အက္ဖ္ေအဘက္ကေတာ့ ဒိုင္လူၾကီးေတြက လူကၽြံေဘာ သက္မွတ္တဲ့ ကိစၥကို ‘လူကၽြံေဘာကို လိုသလိုမ်ဥ္းေတြနဲ႔ ဆြဲေကြးလိုက္ၾကတာပဲေလ’ ဆိုတဲ့ မွတ္ခ်က္ကို အေရးယူမလားဆိုတာကို သံုးသပ္သြားမွာျဖစ္တယ္။ ပြဲအျပီးမွာ BT Sport နဲ႔ အင္တာဗ်ဴးအတြင္း ဟန္ဒါဆန္ ေျပာခဲ့တာကို အက္ဖ္ေအက ၄င္းတို႔ရဲ႕ ပြဲျပီး သံုးသပ္မႈမွာ ထည့္သြင္း စဥ္းစားျခင္းျဖစ္တယ္။

ပရီးမီးယားလိဂ္ဟာ လိဂ္ရဲ႕ စည္းမ်ဥ္းေတြနဲ႔ ပက္သက္လို႔ ေဝဖန္ေျပာဆိုမႈကို ခြင့္မျပဳဘဲ အဆိုပါ အျပဳအမႈေတြအတြက္ ေငြဒဏ္နဲ႔ ပြဲပယ္ ျပစ္ဒဏ္ေတြကို ခ်မွတ္ေလ့ရွိတာ ျဖစ္ပါတယ္။ ဟန္ဒါဆန္က အက္ဖ္ေအရဲ႕ ဆံုးျဖတ္ခ်က္ကို ေစာင့္ရမယ္လို႔ သိရျပီး အျပစ္ေပးရင္ေတာ့ ေငြဒဏ္ က်ခံရဖြယ္ရွိပါတယ္။