အက်ဖ်အေ တာဝန်ရှိသူတွေက ဗန်ဒိုက်ကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့ခြင်းအတွက် ပစ်ဖိုဒ့်ကို အပြစ်ပေးသွားမယ့် အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

အက်ဖ်အေဘက်က အဆိုပါ ဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က မမြင်ခဲ့ပါဘူးဆိုတဲ့ အစီရင်ခံစာ တင်ပြမှုကို စောင့်မျှော်နေတယ်။ ကွင်းလယ်ဒိုင်က မမြင်ခဲ့သလို VAR ကလည်း အဆိုပါကိစ္စကို မစစ်ခဲ့ဘူးဆိုရင် အက်ဖ်အေက နောက်ဆက်တွဲ ဆုံးဖြတ်ချက်အဖြစ် ပစ်ဖိုဒ့်ကို ၃ ပွဲပယ် အပြစ်ဒဏ် ပေးသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ ကွင်းလယ်ဒိုင် မိုင်ကယ် အိုလီဗာရဲ့ ပွဲပြီး အစီရင်ခံစာကို စောင့်နေတယ်လို့ သိရတယ်။ VAR ဒိုင်လူကြီး David Coote က ဗန်ဒိုက် ကြမ်းတမ်းစွာ ဖြတ်ထုတ်ခံရမှု ကိစ္စကို မကြည့်ခဲ့ဘဲ လူကျွံဘောကိုပဲ ဦးစားပေး ကြည့်နေခဲ့တာကြောင့် မတော်တဆမှုကို မမြင်ခဲ့ရဘူးလို့ VAR ဘက်က သတင်းထုတ်ထားတယ်။

ဒါ့အပြင် VAR ကပဲ ကွင်းလယ်ဒိုင် အိုလီဗာက ကွင်းဘေးက မော်နီတာကို ကြည့်ခွင့် တောင်းခဲ့စဉ်မှာ အဆိုပါဖြစ်ရပ်ကို မစစ်ခဲ့မိတာကြောင့် အပြစ်မပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို လက်ရှိမှာတော့ ခွဲစိတ်မှု ခံယူရတော့မှာဖြစ်ကာ ကာလရှည် ဘောလုံးကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ လိဂ်စည်းမျဉ်းအရ ကွင်းလယ်ဒိုင်လူကြီး အိုလီဗာနဲ့ VAR တို့က အဆိုပါ ဖြစ်ရပ်ကို မစစ်ဆေးခဲ့ပေမယ့် သူတို့ နှစ်ဦးလုံးက စစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဝန်ခံမယ်ဆိုရင် အရေးယူမှုတွေကို ဆက်လုပ်လို့ ရဦးမှာဖြစ်တယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ဟာ ပွဲအပြီး လူကျွံဘော ဖမ်းမှုကို ဝေဖန်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အရေးယူဖို့ ကိစ္စကိုလည်း အိုလီဗာရဲ့ အစီရင်ခံစာကို စောင့်မျှော်နေပါတယ်။ ဟန်ဒါဆန်က BT Sport ကနေ လူကျွံဘောမျဉ်းက လိုသလို ကွေးလိုရသလားလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအ တာဝန္ရွိသူေတြက ဗန္ဒိုက္ကို ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈ လုပ္ခဲ့ျခင္းအတြက္ ပစ္ဖိုဒ့္ကို အျပစ္ေပးသြားမယ့္ အေျခအေနမွာ ရွိေနဆဲျဖစ္ပါတယ္။

အက္ဖ္ေအဘက္က အဆိုပါ ျဖစ္ရပ္အတြက္ ကြင္းလယ္ဒိုင္က မျမင္ခဲ့ပါဘူးဆိုတဲ့ အစီရင္ခံစာ တင္ျပမႈကို ေစာင့္ေမွ်ာ္ေနတယ္။ ကြင္းလယ္ဒိုင္က မျမင္ခဲ့သလို VAR ကလည္း အဆိုပါကိစၥကို မစစ္ခဲ့ဘူးဆိုရင္ အက္ဖ္ေအက ေနာက္ဆက္တြဲ ဆံုးျဖတ္ခ်က္အျဖစ္ ပစ္ဖိုဒ့္ကို ၃ ပြဲပယ္ အျပစ္ဒဏ္ ေပးသြားမွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ကြင္းလယ္ဒိုင္ မိုင္ကယ္ အိုလီဗာရဲ႕ ပြဲျပီး အစီရင္ခံစာကို ေစာင့္ေနတယ္လို႔ သိရတယ္။ VAR ဒိုင္လူၾကီး David Coote က ဗန္ဒိုက္ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခံရမႈ ကိစၥကို မၾကည့္ခဲ့ဘဲ လူကၽြံေဘာကိုပဲ ဦးစားေပး ၾကည့္ေနခဲ့တာေၾကာင့္ မေတာ္တဆမႈကို မျမင္ခဲ့ရဘူးလို႔ VAR ဘက္က သတင္းထုတ္ထားတယ္။

ဒါ့အျပင္ VAR ကပဲ ကြင္းလယ္ဒိုင္ အိုလီဗာက ကြင္းေဘးက ေမာ္နီတာကို ၾကည့္ခြင့္ ေတာင္းခဲ့စဥ္မွာ အဆုိပါျဖစ္ရပ္ကို မစစ္ခဲ့မိတာေၾကာင့္ အျပစ္မေပးဖို႔ ညႊန္ၾကားခဲ့ပါတယ္။ ဗန္ဒိုက္ဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရသလို လက္ရွိမွာေတာ့ ခြဲစိတ္မႈ ခံယူရေတာ့မွာျဖစ္ကာ ကာလရွည္ ေဘာလံုးကစားႏုိင္ေတာ့မွာ မဟုတ္ပါဘူး။

ဒါေပမယ့္လို႔ လိဂ္စည္းမ်ဥ္းအရ ကြင္းလယ္ဒိုင္လူၾကီး အိုလီဗာနဲ႔ VAR တို႔က အဆိုပါ ျဖစ္ရပ္ကို မစစ္ေဆးခဲ့ေပမယ့္ သူတို႔ ႏွစ္ဦးလံုးက စစ္ေဆးဖို႔ ပ်က္ကြက္ခဲ့ေၾကာင္း ဝန္ခံမယ္ဆိုရင္ အေရးယူမႈေတြကို ဆက္လုပ္လို႔ ရဦးမွာျဖစ္တယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္ဟာ ပြဲအျပီး လူကၽြံေဘာ ဖမ္းမႈကို ေဝဖန္ခဲ့တဲ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို အေရးယူဖို႔ ကိစၥကိုလည္း အိုလီဗာရဲ႕ အစီရင္ခံစာကို ေစာင့္ေမွ်ာ္ေနပါတယ္။ ဟန္ဒါဆန္က BT Sport ကေန လူကၽြံေဘာမ်ဥ္းက လိုသလို ေကြးလိုရသလားလို႔ ေမးခြန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။