လက်ချောင်းထိတ်ဖျားများတွင် လက်ဂြိုလ်ခုံများတွင် လူတိုင်းမြင်တွေ့နေရသော ဗွေတွေရဲ့အကြောင်းကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။
ဗွေ******လူကိုမဆိုထားပါနဲ့…ကျွဲ-နွား-ဆင်-မြင်းများတွင်တောင်အကောင်း အဆိုးတွေ ဗွေကိုကြည့်ပြီး သတ်မှတ်ကြတာပါ….
လူတိုင်းလူတိုင်း မတူညီသောဗွေတို့ကသူတို့ရဲ့ ၀ါသနာစရိုက်နဲ့ စိတ်နေစိတ်ထားကို ဖော်ပြနေပါတယ်။
( ၁ ) ခရုဗွေ—ခရုကဲ့သို့ ရစ်ခွေပုံစံဖြစ်သည်။
စိတ်ကူး စိတ်သန်အတွေးအခေါ်များအား ကောင်းစွာအသုံးချတတ်ပြီး မိမိဖြစ်လိုသော ဆန္ဒအားလုံးကိုလည်း ပင်ကိုယ်ညာဏ်အသုံးပြုကာ ယတိပြတ်ဆုံးဖြတ်လုပ်ကိုင်တတ်ကြသည်။
အလုပ်များကိုလည်း လျို့ဝှက်စွာအောင်မြင်အောင်လုပ်ဆောင်ပြီးခါမှ လူအများရှေ့မှာဂုဏ်ယူဝံ့ကြွားစွာချပြတတ်ကြသည်။
အတွေးကောင်းကိုအရင်းတည်လက်တွေ့အောင်မြင်အောင်လုပ်ဆောင်ကာအောင်မြင်မှု့ပန်းတိုင်ကိုရောက်နိုင်သည့်သူမ်ျိုးများဖြစ်တတ်ကြသည်။
လက်ဆယ်ချောင်းလုံးတွင်ရှိနေပါကစိတ်ကူးရှိသည်အတိုင်း လုပ်မိလုပ်ရာကိုတစိုက်မတ်မတ်လုပ်ဆောင်ကာ လုပ်ဆောင်သည်နှင့်အမျှပေါက်ရောက်အောင်မြင်တတ်သဖြင့်…
လောကီပညာရှင်များ ဒဿနပညာရှင်များထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအထိဖြစ်နိုင်ကြပြီး။ အဆိုးများကိုလုပ်မိကြရင်လည်း အဆိုးဆုံးသို့ရောက်သွားတတ်ကြသည်က်ို သတိပြုကြရမည်သာ။
( ၂ ) ပေါင်းစပ်ဗွေ——- ပုံစံမမှန်သော ရစ်ခွေနေသည့်ပုံစံဖြစ်၏။
ထိုဗွေပိုင်ရှင်တို့သည်အသိအာရုံ သတိအာရုံ အတွေးအာရုံများထုံထိုင်းစွာရှိနေတတ်ပြီးရုပ်ကိုသာသိပြီးနမ်သဘောကိုမသိသောတဖက်ကန်းရုပ်သမားများ/ကာယသမားများဖြစ်ကြသည်။
ဘာပဲလုပ်လုပ် ကြောင်းကျိုးဆင်ချင်ညာဏ်ကင်းမဲ့စွာ ပြုမူဆောင်ရွက်တတ်ကြသည်။စဉ်းစားမနေပါဘူး လုပ်ပစ်မယ်””ဟူသောလူစားမျိုးဖြစ်သည်။
လက်တွေ့ကိုဦးစားပေးလုပ်ကိုင်တတ်သူများဖြစ်သောကြောင့် အောင်မြင်မှု့တွေရတတ်သော်လည်း ညာဏ်ပညာကို ကိုယ်စားမပြုတတ်မှု့ကြောင့်ထင်သလောက်ဝမ်းမြောက်ကျေနပ်မှု့မရနိုင်ကြပေ။
( ၃ ) ကျော့ကွင်းဗွေ—–ကြိုးကွင်း(ကျော့ကွင်း)ပုံစံ ဖြစ်ပါသည်။
လှပသောဗွေဖြစ်သည်နှင့်အညီစိတ်တွေကတော့မတည်ညိမ်စွာလွှင်ပျံ့တတ်မြဲကောင်းနိုးရာရာသာယာရာမှာစိတ်တ်ရောက်မြဲဆွတ်ပျံ့ကြည့်နူးဖွယ်နှင့် လွမ်းဆွတ်ဖွယ်များကိုသာအာရုံရောက်နေသော အနုပညာသမား{စိတ်အာရုံ}သမားများဖြစ်ကြသည်။
စိတ်ကိုပိုင်နိုင်စွာထားပြီး တကယ်စူးစိုက်စွာကျိုးစားလုပ်ကိုင်မည်ဆိုပါကအနုပညာစာပေ ကဗျာဂီတလောကတွင်ကူးသန်းရောင်းဝယ်/ကုန်သွယ်လောကတွင်အောင်မြင်နိုင်ပါသည်။
( ၄ ) တဲခေါင်ပေါင်းကူးဗွေ—-အိမ်ခေါင်မိုး(တဲခေါင်ချိုး)ကဲ့သို့ပုံစံဖြစ်၏
ထိုဗွေရဲ့သဘောမှာ စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းစာနာမှု့အပြည့်နဲ့ နားလည်ခံစားပေးတတ်ခြင်း ဗဟုတများကိုရှာမှီးတတ်ခြင်းပညာရမည့်ကိစ္စများအားလုံးကို စိတ်ဝင်စားတတ်ခြင်းအနုပညာ စာပေ ကဗျာဂီတ သုခုမပညာရပ်များကိုစိတ်ဝင်စားမှု့ရှိသည်နှင့်အမျှ အောင်မြင်တတ်ကြသည်။
ထိုသူမျိုးက စိတ်နှလုံးသားနူးညံ့သည်နှင့်အညီစိတ်ညစ်သည့်ဒါဏ်များကိုမခံစားနိုင်တတ်စိတ်ဆင်းရဲဒါဏ်ခံစားရများမယ်ဆိုပါလျှင်လည်းနှလုံးရောဂါသယ်များ ဖြစ်သွားတတ်ကြသည်ကိုအထူး သတိပြုသင့်ပါသည်။
( ၅ ) ပေါင်းကူးဗွေ——-ပေါင်းကူးတံတားကဲ့သို့ ကုန်းကွေးကွေးသဏ္ဍန်ဖြစ်၏။
ကိုယ်ရောစိတ်ပါ လေးလံထိုင်းမှိုင်းသူများဖြစ်သည်။အများရဲ့အမြင်မှာ “လူပျင်း” ဟုအထင်အမြင်အပြောအဆိုခံရသူများဖြစ်တတ်ကြသည်။
တည်ညိမ်အေးဆေးလွန်း လေးလံလွန်းသောအဖြစ်က ကျောက်တုံးကျောက်ခဲပမာကဲ့သို့ရှိမည်။
ထိရောက်စွာစဉ်းစားတွေးခေါ်နိုင်စွမ်းရှိကြပေမဲ့လည်းလက်တွေမလုပ်ဆောင်ဖြစ်ကြသောကြောင့် အောင်မြင်မှု့နဲ့ဝေးသွားတတ်ကြသည်။
ထိုဗွေရှိသူများသည် စဉ်းစားခြင်းနှင့်ထပ်တူတကယ်အလုပ်လုပ်ကြမည်ဆိုပါကအောင်မြင်မှု့များရကြမည်ကို သိထားသင့်ကြပေသည်။
အထူးမှတ်ရမည်မှာ——-
ဗွေတမျိုးမျိုး လက်ဆယ်ချောင်းလုံးပါလျှင် တော့ပြောစရာအထူးမရှိသော်လည်း ဗွေအမျိုးအမည်{၂}မျိုးထက် ပိုများပြီး မည့်သည့်ဗွေဆိုတာ ကြည့်ရခက်နေလျှင်အရေးပါ အရာရောက်သည့် ဘယ်ညာ နှစ်ဘက်လုံးရဲ့လက်ညိုးနဲ့ လက်မကိုသာ ဦးစားပေးကြည့်ပါ။
crd မူရင်းတင်သူ