ဒဏ်ရာကို ခွဲစိတ်မှု ခံယူရမယ်လို့ အတည်ပြုအပြီးမှာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ပရိသတ်တွေကို အိတ်ဖွင့် ပေးစာတစ်စောင် ပို့ခဲ့ပါတယ်။

အဆိုပါ စာမှာတော့ ဗန်ဒိုက်က ” ဒီနေ့ခင်းပိုင်းမှာပဲ စနေနေ့က ဖြစ်ခဲ့တဲ့ မတော်တဆ ဖြစ်ရပ်ကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖို့ရာ တိကျတဲ့ အစီအစဉ်တွေကို ရေးဆွဲဖို့အတွက် အထူး ပါရဂူနဲ့ တွေ့ဆုံမှုကို ငါ စတင် လုပ်ဆောင်ခဲ့တယ်။

အခုချိန်မှာ ပြန်လည် ထူထောင်ရေးအတွက်ပဲ ငါ အပြည့်အဝ အာရုံစိုက်နေတယ်။ ဖြစ်နိုင်သလောက် အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း လုပ်နိုင်သမျှ အားလုံးကို ကြိုးစားသွားပါမယ်။ ငါက ယုံကြည်သူတစ်ဦးဖြစ်လို့ စိတ်ပျက်ရတယ်ဆိုပေမယ့် ခက်ခဲမှုတွေနဲ့အတူ အခွင့်အလမ်းတွေ ပါလာမယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ ကူညီမှုနဲ့အတူ အရင်ကထက် ပိုကောင်းစွာ၊ ပိုသန်မာစွာ၊ ပိုကြံ့ခိုင်စွာနဲ့ ပြန်လာနိုင်မယ်ဆိုတာကို သေချာပေါက် ယုံကြည်ပါတယ်။

ဘောလုံးမှာကော ဘဝမှာပါ ကိစ္စတိုင်းဟာ အကြောင်းပြချက်တွေနဲ့ ဖြစ်လာရတယ်ဆိုတာကို ငါ ယုံကြည်တယ်။ ဘယ်လောက်ပဲ မြင့်မားပါစေ၊ ဘက်လောက်ပဲ နိမ့်ကျပါစေ ခေါင်းကို မော့ထားပြီး ရင်ဆိုင်ဖို့ ကြိုးစားဖို့က အရေးကြီးပါတယ်။ ဇနီးဖြစ်သူရဲ့ အားပေးမှု၊ ကလေးတွေ၊ မိသားစုဝင်တွေနဲ့အတူ လီဗာပူးက လူတိုင်းရဲ့ အားပေးမှုတွေနဲ့အတူ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အားပေးစကားတွေ ပြောကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ငါ့မိသားစုအတွက်ကော၊ ငါကိုယ်တိုင်အတွက်ပါ သိပ်ကို အဓိပ္ပာယ်ရှိပါတယ်။ ဘယ်လို နည်းလမ်းနဲ့မဆို ငါ့ရဲ့ အသင်းဖော်တွေကို တတ်နိုင်သမျှ အားပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ ပြန်သက်သာလာဖို့ နေ့တိုင်း ကြိုးစားမှာပါ။ ငါ ပြန်လာပါမယ်။ ” လို့ စာရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ်မှာပဲ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ ဇာတိမြေဖြစ်တဲ့ နယ်သာလန်ကို သွားပြီး အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ သူ့ရဲ့ ဇာတိကို သွားမယ့် ခရီးမှာတော့ လိုက်ပါသွားနိုင်တော့မှာ မဟုတ်ပါဘူး။

ZAWGYI

ဒဏ္ရာကို ခြဲစိတ္မႈ ခံယူရမယ္လို႔ အတည္ျပဳအျပီးမွာ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ပရိသတ္ေတြကို အိတ္ဖြင့္ ေပးစာတစ္ေစာင္ ပို႔ခဲ့ပါတယ္။

အဆိုပါ စာမွာေတာ့ ဗန္ဒိုက္က ” ဒီေန႔ခင္းပိုင္းမွာပဲ စေနေန႔က ျဖစ္ခဲ့တဲ့ မေတာ္တဆ ျဖစ္ရပ္ကေန ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြကို စတင္လုပ္ေဆာင္ဖို႔ရာ တိက်တဲ့ အစီအစဥ္ေတြကို ေရးဆြဲဖို႔အတြက္ အထူး ပါရဂူနဲ႔ ေတြ႔ဆံုမႈကို ငါ စတင္ လုပ္ေဆာင္ခဲ့တယ္။

အခုခ်ိန္မွာ ျပန္လည္ ထူေထာင္ေရးအတြက္ပဲ ငါ အျပည့္အဝ အာရံုစိုက္ေနတယ္။ ျဖစ္ႏုိင္သေလာက္ အျမန္ဆံုး ျပန္လာႏုိင္ဖို႔လည္း လုပ္ႏုိင္သမွ် အားလံုးကို ၾကိဳးစားသြားပါမယ္။ ငါက ယံုၾကည္သူတစ္ဦးျဖစ္လို႔ စိတ္ပ်က္ရတယ္ဆိုေပမယ့္ ခက္ခဲမႈေတြနဲ႔အတူ အခြင့္အလမ္းေတြ ပါလာမယ္ဆိုတာနဲ႔ ဘုရားသခင္ရဲ႕ ကူညီမႈနဲ႔အတူ အရင္ကထက္ ပိုေကာင္းစြာ၊ ပိုသန္မာစြာ၊ ပိုၾကံ႕ခိုင္စြာနဲ႔ ျပန္လာႏုိင္မယ္ဆိုတာကို ေသခ်ာေပါက္ ယံုၾကည္ပါတယ္။

ေဘာလံုးမွာေကာ ဘဝမွာပါ ကိစၥတိုင္းဟာ အေၾကာင္းျပခ်က္ေတြနဲ႔ ျဖစ္လာရတယ္ဆိုတာကို ငါ ယံုၾကည္တယ္။ ဘယ္ေလာက္ပဲ ျမင့္မားပါေစ၊ ဘက္ေလာက္ပဲ နိမ့္က်ပါေစ ေခါင္းကို ေမာ့ထားျပီး ရင္ဆိုင္ဖို႔ ၾကိဳးစားဖို႔က အေရးၾကီးပါတယ္။ ဇနီးျဖစ္သူရဲ႕ အားေပးမႈ၊ ကေလးေတြ၊ မိသားစုဝင္ေတြနဲ႔အတူ လီဗာပူးက လူတိုင္းရဲ႕ အားေပးမႈေတြနဲ႔အတူ ဒီစိန္ေခၚမႈကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။

အားေပးစကားေတြ ေျပာၾကသူတိုင္းကို ေက်းဇူးတင္ပါတယ္။ ငါ့မိသားစုအတြက္ေကာ၊ ငါကိုယ္တိုင္အတြက္ပါ သိပ္ကို အဓိပၸာယ္ရွိပါတယ္။ ဘယ္လို နည္းလမ္းနဲ႔မဆို ငါ့ရဲ႕ အသင္းေဖာ္ေတြကို တတ္ႏုိင္သမွ် အားေပးႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားမွာပါ။ ျပန္သက္သာလာဖို႔ ေန႔တိုင္း ၾကိဳးစားမွာပါ။ ငါ ျပန္လာပါမယ္။ ” လို႔ စာေရးသားသြားခဲ့တာ ျဖစ္ပါတယ္။

ဒီအပတ္မွာပဲ လီဗာပူးအသင္းဟာ ဗန္ဒိုက္ရဲ႕ ဇာတိေျမျဖစ္တဲ့ နယ္သာလန္ကို သြားျပီး ေအဂ်က္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရမွာျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ သူ႔ရဲ႕ ဇာတိကို သြားမယ့္ ခရီးမွာေတာ့ လိုက္ပါသြားႏုိင္ေတာ့မွာ မဟုတ္ပါဘူး။