လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဒီကနေ့မှာပဲ မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။ သူဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို စတင်လိုက်တာပါ။

အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပုခုံးဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ အယ်လီဆန်ဟာ နိုင်ငံတကာ သီတင်းပတ်မှာ အနားယူနေခဲ့ရသူပါ။ သူဟာ အဲဗာတန်နဲ့ပွဲကိုလည်း လွဲချော်ခဲ့သူဖြစ်ကာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပထမအဆင့် လေ့ကျင့်ရေးတွေ ပြန်ဝင်လာပြီဖြစ်လို့ ဒီလမကုန်ခင်မှာပဲ အယ်လီဆန် ပွဲထွက်လူစာရင်းက ပြန်ပါလာဖို့ နည်းစပ်နေပါပြီ။ အကယ်လို့ အခြေအနေကောင်းမယ်ဆိုရင် အယ်လီဆန်ဟာ ဒီအပတ် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်သွားနိုင်မှာ ဖြစ်ပါတယ်။

မဲဝုဒ်က သတင်းအရတော့ အယ်လီဆန်ဟာ ဒိုင်ဗစ်ပစ်တဲ့ လေ့ကျင့်ရေးကိုပါ စတင်နေခဲ့တာဖြစ်လို့ ပုခုံးဒဏ်ရာက အခြေအနေ ကောင်းနေတယ်လို့ ယုံကြည်ရပါတယ်။ တဆက်တည်းမှာ မာတစ် ဒဏ်ရာရသွားပြီဆိုတဲ့ သတင်းတွေကို လီဗာပူးသတင်းထောက်တွေ ငြင်းဆန်ပါတယ်။

စနေနေ့တုန်းက လီဗာပူးအသင်းရဲ့ ဒဏ်ရာကိစ္စ စစ်ဆေးမှုတွေမှာ ဗန်ဒိုက်၊ သီယာဂိုအပြင် မာတစ်ကလည်း နောက်ဆက်တွဲ ပါဝင်ခဲ့ပါတယ်။ မာတစ်ဟာ ကြီးကြီးမားမား ဒဏ်ရာ ပြဿနာမရှိဘဲ ကာလရှည် ပွဲမကစားထားရာက အဲဗာတန်နဲ့ပွဲမှာ မိနစ် ၉၀ ကစားခဲ့တဲ့နောက် ကြွက်သားမှာ အနည်းငယ် ပြန်နာခဲ့တာဖြစ်ပါတယ်။

မာတစ်ရဲ့ အခြေအနေက မစိုးရိမ်ရပေမယ့် ချန်ပီယံလိဂ်ပွဲမှာ ပွဲထွက်လူစာရင်းအတွက်တော့ ကလော့ပ်က စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လက်ရှိ လီဗာပူးအသင်းမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် ကောင်းနေတဲ့ ခံစစ်သမားအဖြစ် ဂိုးမက်စ် ရှိနေပြီး ဖာဘင်ညိုကလည်း ရာနှုန်းပြည့် ကြံ့ခိုင်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ဒီကေန႔မွာပဲ မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဆင္းခဲ့ျပီျဖစ္ပါတယ္။ သူဟာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို စတင္လိုက္တာပါ။

အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္တဲ့ပြဲမွာ ပုခံုးဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့တဲ့ အယ္လီဆန္ဟာ ႏုိင္ငံတကာ သီတင္းပတ္မွာ အနားယူေနခဲ့ရသူပါ။ သူဟာ အဲဗာတန္နဲ႔ပြဲကိုလည္း လြဲေခ်ာ္ခဲ့သူျဖစ္ကာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ေအဂ်က္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲၾကိဳမွာ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

ပထမအဆင့္ ေလ့က်င့္ေရးေတြ ျပန္ဝင္လာျပီျဖစ္လို႔ ဒီလမကုန္ခင္မွာပဲ အယ္လီဆန္ ပြဲထြက္လူစာရင္းက ျပန္ပါလာဖို႔ နည္းစပ္ေနပါျပီ။ အကယ္လို႔ အေျခအေနေကာင္းမယ္ဆိုရင္ အယ္လီဆန္ဟာ ဒီအပတ္ စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္သြားႏုိင္မွာ ျဖစ္ပါတယ္။

မဲဝုဒ္က သတင္းအရေတာ့ အယ္လီဆန္ဟာ ဒိုင္ဗစ္ပစ္တဲ့ ေလ့က်င့္ေရးကိုပါ စတင္ေနခ့ဲတာျဖစ္လို႔ ပုခံုးဒဏ္ရာက အေျခအေန ေကာင္းေနတယ္လို႔ ယံုၾကည္ရပါတယ္။ တဆက္တည္းမွာ မာတစ္ ဒဏ္ရာရသြားျပီဆိုတဲ့ သတင္းေတြကို လီဗာပူးသတင္းေထာက္ေတြ ျငင္းဆန္ပါတယ္။

စေနေန႔တုန္းက လီဗာပူးအသင္းရဲ႕ ဒဏ္ရာကိစၥ စစ္ေဆးမႈေတြမွာ ဗန္ဒိုက္၊ သီယာဂိုအျပင္ မာတစ္ကလည္း ေနာက္ဆက္တြဲ ပါဝင္ခဲ့ပါတယ္။ မာတစ္ဟာ ၾကီးၾကီးမားမား ဒဏ္ရာ ျပႆနာမရွိဘဲ ကာလရွည္ ပြဲမကစားထားရာက အဲဗာတန္နဲ႔ပြဲမွာ မိနစ္ ၉၀ ကစားခဲ့တဲ့ေနာက္ ၾကြက္သားမွာ အနည္းငယ္ ျပန္နာခဲ့တာျဖစ္ပါတယ္။

မာတစ္ရဲ႕ အေျခအေနက မစိုးရိမ္ရေပမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပြဲထြက္လူစာရင္းအတြက္ေတာ့ ကေလာ့ပ္က ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ လက္ရွိ လီဗာပူးအသင္းမွာ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ ေကာင္းေနတဲ့ ခံစစ္သမားအျဖစ္ ဂိုးမက္စ္ ရွိေနျပီး ဖာဘင္ညိဳကလည္း ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနတာ ျဖစ္ပါတယ္။