စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အဲဗာတန်က ဒီရာသီကို ရံှူးပွဲမရှိသေးဘဲ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားပါတယ်။
အန်ဆယ်လော့တီက မာဆေးဆိုဒါ ဒါဘီပွဲမှာ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် မြို့ခံနှစ်သင်းကြား အရည်အချင်းပိုင်းမှာ ကွာဟမှု ရှိနေဆဲဖြစ်ကာ အဲဗာတန်က လီဗာပူးနဲ့ တန်းမညီသေးဘူးလို့ဆိုတယ်။ ဒါပေမယ့်လို့ ဒါက လိုက်မမှီနိုင်တဲ့ အခြေအနေ မဟုတ်ဘဲ နောင်ဒါဘီတွေမှာတော့ အနိုင်ရလဒ်အတွက် ဦးတည်ကစားပါမယ်လို့ ဆိုသွားခဲ့ပြန်တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက “ ဒါဘီပွဲမှာ ကျနေ်ာတို့ အသင်းက တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ထင်တယ်။ ကျနေ်ာတို့ အကောင်းဆုံးလည်း ယှဉ်ပြိုင်နိုင်ခဲ့တယ်။ အဲ့လို လုပ်နိုင်ဖို့ဆိုတာလည်း မလွယ်ကူခဲ့ပါဘူး။ ရလဒ်က သရေဖြစ်ခဲ့ပေမယ့် လီဗာပူးနဲ့ ကျနေ်ာတို့က အဆင့်တူ အသင်းတွေအဖြစ် သက်မှတ်လို့တော့ မရနိုင်ပါဘူး။
လီဗာပူးလို အဆင့်ကို ရောက်နေဖို့ဆိုတာက ကျနေ်ာတို့ရဲ့ ရည်မှန်းချက် မဟုတ်ခဲ့ပါဘူး။ သူတို့ကို ယှဉ်ပြိုင်ပြီး ယခင် ဒါဘီပွဲတွေလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်စွာ ကစားလိုရေးကပဲ ကျနေ်ာတိုပရဲ့ ရည်မှန်းချက် ဖြစ်ခဲ့တာပါ။ ဒီဘီပွဲတွေကို အနိုင်ရဖို့ဆိုတာက ကျနေ်ာတို့အတွက် အရမ်း ခက်ခဲလွန်းတဲ့ ပန်းတိုင် မဟုတ်တော့ဘဲ ဒီကိစ္စကို စတင်ပြီးတော့ စဉ်းစားသွားရတော့မှာ ဖြစ်ပါတယ်။
ကျနေ်ာတို့က ကောင်းမွန် မှန်ကန်တဲ့ အခြေအနေနဲ့ အဆင့်အတန်းကို ရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ ကျနေ်ာတို့က ယှဉ်ပြိုင်နိုင်စွမ်း ရှိပေမယ့် ဒါကို တစ်ရာသီလုံး ထိန်းသိမ်းနိုင်တဲ့ တည်ငြိမ်တဲ့ ခြေစွမ်း ရှိရမှာပါ။ အဲ့အတွက်လည်း ကျနေ်ာတို့ရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ပိုင်းတွေကို ထိန်းသိမ်းသွားဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အဲဗာတန်က ဒီရာသီကို ရှူံးပွဲမရှိသေးဘဲ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားပါတယ်။
လီဗာပူးလို အဆင့်ကို ရောက်နေဖို့ဆိုတာက ကျနော်တို့ရဲ့ ရည်မှန်းချက် မဟုတ်ခဲ့ပါဘူး။ သူတို့ကို ယှဉ်ပြိုင်ပြီး ယခင် ဒါဘီပွဲတွေလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်စွာ ကစားလိုရေးကပဲ ကျနော်တိုပရဲ့ ရည်မှန်းချက် ဖြစ်ခဲ့တာပါ။ ဒီဘီပွဲတွေကို အနိုင်ရဖို့ဆိုတာက ကျနော်တို့အတွက် အရမ်း ခက်ခဲလွန်းတဲ့ ပန်းတိုင် မဟုတ်တော့ဘဲ ဒီကိစ္စကို စတင်ပြီးတော့ စဉ်းစားသွားရတော့မှာ ဖြစ်ပါတယ်။
ကျနော်တို့က ကောင်းမွန် မှန်ကန်တဲ့ အခြေအနေနဲ့ အဆင့်အတန်းကို ရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ ကျနော်တို့က ယှဉ်ပြိုင်နိုင်စွမ်း ရှိပေမယ့် ဒါကို တစ်ရာသီလုံး ထိန်းသိမ်းနိုင်တဲ့ တည်ငြိမ်တဲ့ ခြေစွမ်း ရှိရမှာပါ။ အဲ့အတွက်လည်း ကျနော်တို့ရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ပိုင်းတွေကို ထိန်းသိမ်းသွားဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။