လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါက ကလပ်အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီဈေးကွက် စဖွင့်တာနဲ့ ခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးအသင်းဟာ အဓိက ခံစစ်သမား သုံးဦးပဲရှိပြီး လေးဦးမြောက်အဖြစ် ဖာဘင်ညိုက အစားဝင်ပေးဖို့ ရှိနေတယ်။ ဒါပေမယ့်လို့ ဗန်ဒိုက် ဒဏ်ရာရသွားအပြီးမှာတော့ ဂိုးမက်စ်၊ မာတစ်လို ဒဏ်ရာ မကြာခဏ ရထားတဲ့ ခံစစ်သမားတွေနဲ့ ဖာဘင်ညိုပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ကာရေဂါက ” ဇန်နဝါရီ ဈေးကွက်ထဲကို လီဗာပူးအသင်းက သေချာပေါက် ဝင်ရောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဗန်ဒိုက် ဒဏ်ရာရသွားတာကြောင့်တင် မဟုတ်ပါဘူး။ လီဗာပူးအသင်း အားနည်းနေတဲ့ နေရာဖြစ်နေလို့ပါပဲ။

ဘောလုံးရာသီ မစတင်ခင်တည်းက လိုဗရန်ကို ဆုံးရံှူးထားခဲ့ပြီးပါပြီ။ အဲ့နေရာအတွက် ကျန်တဲ့ ကစားသမားတွေကလည်း ဒဏ်ရာ ပြဿနာတွေ မှတ်တမ်းဆိုး ရှိထားသူတွေပါ။ ဗန်ဒိုက်ရဲ့ သတင်းကို ကြားလိုက်ရတာအတွက် အရမ်းကို ဝမ်းနည်းထိခိုက်ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကလော့ပ်နဲ့ လီဗာပူးအတွက်က သူ့နေရာကို ဘယ်သူဝင်မလဲဆိုတာကို စဉ်းစားရတော့မယ်။

အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သွားပြီဆိုတာ ကျနော် သိပါတယ် ဒါပေမယ့် ဇန်နဝါရီလ ၁ ရက်နေ့ ဈေးကွက် ဖွင့်ချိန်မှာ တစ်စုံတစ်ယောက်ကို ခေါ်ယူဖို့ အဆင်သင့် ပြင်ထားရပါတော့မယ်။ ဘာလို့လည်းဆိုတော့ ဗဟိုခံစစ်က အားနည်းနေလို့ပါ။ ဒါဟာ လီဗာပူးအသင်း အောင်မြင်လိုတာကြောင့် ကြိုးစားမယ့် ကိစ္စတွေကို ရပ်တန့်သွားစေနိုင်ပါတယ် ” လို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

လီဗာပူးအနေနဲ့ အရေးပေါ် သုံးနိုင်ဖို့အတွက် လူငယ်တွေဖြစ်တဲ့ ရိုင်စ် ဝီလီယမ်နဲ့ ဘီလီ ကိုမတ်တီယိုတို့ ရှိနေပြီး ဟန်ဒါဆန်ကို ကလပ် ကမ္ဘာဖလားမှာတုန်းက ဗဟိုခံစစ်မှူးအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။

ZAWGYI

လီဗာပူး ကစားသမားေဟာင္းၾကီး ကာေရဂါက ကလပ္အေနနဲ႔ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီေစ်းကြက္ စဖြင့္တာနဲ႔ ခံစစ္မွဴးသစ္ တစ္ဦးကို ေခၚယူဖို႔ အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးအသင္းဟာ အဓိက ခံစစ္သမား သံုုးဦးပဲရွိျပီး ေလးဦးေျမာက္အျဖစ္ ဖာဘင္ညိဳက အစားဝင္ေပးဖို႔ ရွိေနတယ္။ ဒါေပမယ့္လို႔ ဗန္ဒိုက္ ဒဏ္ရာရသြားအျပီးမွာေတာ့ ဂိုးမက္စ္၊ မာတစ္လို ဒဏ္ရာ မၾကာခဏ ရထားတဲ့ ခံစစ္သမားေတြနဲ႔ ဖာဘင္ညိဳပဲ က်န္ရွိေတာ့မွာ ျဖစ္ပါတယ္။

ကာေရဂါက ” ဇန္နဝါရီ ေစ်းကြက္ထဲကို လီဗာပူးအသင္းက ေသခ်ာေပါက္ ဝင္ေရာက္ဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ ဗန္ဒိုက္ ဒဏ္ရာရသြားတာေၾကာင့္တင္ မဟုတ္ပါဘူး။ လီဗာပူးအသင္း အားနည္းေနတဲ့ ေနရာျဖစ္ေနလို႔ပါပဲ။

ေဘာလံုးရာသီ မစတင္ခင္တည္းက လိုဗရန္ကို ဆံုးရံွဴးထားခဲ့ျပီးပါျပီ။ အဲ့ေနရာအတြက္ က်န္တဲ့ ကစားသမားေတြကလည္း ဒဏ္ရာ ျပႆနာေတြ မွတ္တမ္းဆိုး ရွိထားသူေတြပါ။ ဗန္ဒိုက္ရဲ႕ သတင္းကို ၾကားလိုက္ရတာအတြက္ အရမ္းကို ဝမ္းနည္းထိခိုက္ရပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ကေလာ့ပ္နဲ႔ လီဗာပူးအတြက္က သူ႔ေနရာကို ဘယ္သူဝင္မလဲဆိုတာကို စဥ္းစားရေတာ့မယ္။

အေျပာင္းအေရႊ႔ ေစ်းကြက္က ပိတ္သြားျပီဆိုတာ က်ေနာ္ သိပါတယ္ ဒါေပမယ့္ ဇန္နဝါရီလ ၁ ရက္ေန႔ ေစ်းကြက္ ဖြင့္ခ်ိန္မွာ တစ္စံုတစ္ေယာက္ကို ေခၚယူဖို႔ အဆင္သင့္ ျပင္ထားရပါေတာ့မယ္။ ဘာလို႔လည္းဆိုေတာ့ ဗဟိုခံစစ္က အားနည္းေနလို႔ပါ။ ဒါဟာ လီဗာပူးအသင္း ေအာင္ျမင္လိုတာေၾကာင့္ ၾကိဳးစားမယ့္ ကိစၥေတြကို ရပ္တန္႔သြားေစႏုိင္ပါတယ္ ” လို႔ သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

လီဗာပူးအေနနဲ႔ အေရးေပၚ သံုးႏုိင္ဖို႔အတြက္ လူငယ္ေတြျဖစ္တဲ့ ရိုင္စ္ ဝီလီယမ္နဲ႔ ဘီလီ ကိုမတ္တီယိုတို႔ ရွိေနျပီး ဟန္ဒါဆန္ကို ကလပ္ ကမၻာဖလားမွာတုန္းက ဗဟိုခံစစ္မွဴးအျဖစ္ အသံုးျပဳခဲ့ဖူးပါတယ္။