လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်ထံသွားမယ့် လူစာရင်းကို စီစစ်မှုတွေ လုပ်နေဆဲဖြစ်ပြီး အရေးပါတဲ့ ကစားသမား အများအပြား လွဲချော်သွားဖို့တော့ ရှိနေပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ဗဟိုခံစစ်မှူး ဗန်ဒိုက် ဒဏ်ရာရခဲ့ကာ အဆိုပါ ဒဏ်ရာကြောင့်ပဲ ကာလရှည် အနားယူရမှာဖြစ်တယ်။ ဒီသီတင်းပတ်ထဲမှာ ဗန်ဒိုက်ဟာ ညာဘက် ဒူးမှာ ထိခိုက်ခဲ့တဲ့ ဒဏ်ရာအတွက် ခွဲစိတ်မှု ဝင်သွားမှာဖြစ်ကာ ပြန်လည် ထူထောင်ရေး ကိစ္စတွေအတွက်လည်း ပလန်တွေ စတင် ဆွေးနွေးထားပြီဖြစ်ပါတယ်။

စနေနေ့မှာပဲ ကွင်းလယ်လူ သီယာဂိုက အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ထိခိုက်မိတဲ့ ဒဏ်ရာကြောင့် စကန်ဖတ်ရပြီး အခြေအနေက စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ စိုးရိမ်စရာ မဟုတ်ဘူးဆိုတာက ကာလရှည် အနားယူရမှာ မဟုတ်ဘူးလို့တာ ဆိုလိုပြီး သီယာဂိုကလည်း ဒီအပတ် ချန်ပီယံလိဂ်ပွဲကို လွဲမှာဖြစ်ကာ ဒီလအကုန်လောက်မှ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။

အဲဗာတန်ပွဲအပြီးမှ ထပ်ပြီး စစ်ဆေးမှုတွေ ခံယူခဲ့ရသူက ကာလရှည် ဒဏ်ရာရနေခဲ့တဲ့ မာတစ်ဖြစ်ပါတယ်။ သူဟာ စနေနေ့မှာ စစ်ဆေးမှုတွေ ခံယူခဲ့ရပြီး အခြေအနေ မဆိုးဘူးလို့ သိရတယ်။ သို့သော် အေဂျက်နဲ့ပွဲကို ပါဝင်သွားဖို့ကတော့ သံသယရှိစရာ အနေအထားဖြစ်ပါတယ်။

ကွင်းလယ်လူ ချိန်ဘာလိန် ပြန်ကစားနိုင်မယ့်ရက် မသိသေးသလို၊ နာဘီကိတ်တာရဲ့ အခြေအနေကို လီဗာပူးဘက်က စောင့်ကြည့်နေဆဲဖြစ်တယ်။ နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာတဲ့ ရှာကွီရီနဲ့ ကိုစတက်တို့ အခြေအနေကလည်း ဘယ်အချိန် ပြန်ကစားနိုင်မယ် မသိသေးပါဘူး။ ဒါကြောင့် သူတို့ သုးဦးကလည်း ချန်ပီယံလိဂ်ကို လွဲချော်သွားနိုင်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ေအဂ်က္ထံသြားမယ့္ လူစာရင္းကို စီစစ္မႈေတြ လုပ္ေနဆဲျဖစ္ျပီး အေရးပါတဲ့ ကစားသမား အမ်ားအျပား လြဲေခ်ာ္သြားဖို႔ေတာ့ ရွိေနပါတယ္။

အဲဗာတန္နဲ႔ပြဲမွာ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ ဒဏ္ရာရခဲ့ကာ အဆိုပါ ဒဏ္ရာေၾကာင့္ပဲ ကာလရွည္ အနားယူရမွာျဖစ္တယ္။ ဒီသီတင္းပတ္ထဲမွာ ဗန္ဒိုက္ဟာ ညာဘက္ ဒူးမွာ ထိခိုက္ခဲ့တဲ့ ဒဏ္ရာအတြက္ ခြဲစိတ္မႈ ဝင္သြားမွာျဖစ္ကာ ျပန္လည္ ထူေထာင္ေရး ကိစၥေတြအတြက္လည္း ပလန္ေတြ စတင္ ေဆြးေႏြးထားျပီျဖစ္ပါတယ္။

စေနေန႔မွာပဲ ကြင္းလယ္လူ သီယာဂိုက အဲဗာတန္ တိုက္စစ္မွဴး ရစ္ခ်ာလီဆန္နဲ႔ ထိခိုက္မိတဲ့ ဒဏ္ရာေၾကာင့္ စကန္ဖတ္ရျပီး အေျခအေနက စိုးရိမ္စရာေတာ့ မဟုတ္ပါဘူး။ စိုးရိမ္စရာ မဟုတ္ဘူးဆိုတာက ကာလရွည္ အနားယူရမွာ မဟုတ္ဘူးလို႔တာ ဆိုလိုျပီး သီယာဂိုကလည္း ဒီအပတ္ ခ်န္ပီယံလိဂ္ပြဲကို လြဲမွာျဖစ္ကာ ဒီလအကုန္ေလာက္မွ ျပန္ကစားႏုိင္ဖြယ္ ရွိေနပါတယ္။

အဲဗာတန္ပြဲအျပီးမွ ထပ္ျပီး စစ္ေဆးမႈေတြ ခံယူခဲ့ရသူက ကာလရွည္ ဒဏ္ရာရေနခဲ့တဲ့ မာတစ္ျဖစ္ပါတယ္။ သူဟာ စေနေန႔မွာ စစ္ေဆးမႈေတြ ခံယူခဲ့ရျပီး အေျခအေန မဆိုးဘူးလို႔ သိရတယ္။ သို႔ေသာ္ ေအဂ်က္နဲ႔ပြဲကို ပါဝင္သြားဖို႔ကေတာ့ သံသယရွိစရာ အေနအထားျဖစ္ပါတယ္။

ကြင္းလယ္လူ ခ်ိန္ဘာလိန္ ျပန္ကစားႏုိင္မယ့္ရက္ မသိေသးသလို၊ နာဘီကိတ္တာရဲ႕ အေျခအေနကို လီဗာပူးဘက္က ေစာင့္ၾကည့္ေနဆဲျဖစ္တယ္။ ႏိုင္ငံတကာ သီတင္းပတ္ကေန ျပန္လာတဲ့ ရွာကီြရီနဲ႔ ကိုစတက္တို႔ အေျခအေနကလည္း ဘယ္အခ်ိန္ ျပန္ကစားႏုိင္မယ္ မသိေသးပါဘူး။ ဒါေၾကာင့္ သူတို႔ သုးဦးကလည္း ခ်န္ပီယံလိဂ္ကို လြဲေခ်ာ္သြားႏုိင္ပါတယ္။