မန်ယူနည်းပြဟောင်း မော်ရင်ညိုက ကလပ်အသင်း ထိပ်သီးအဆင့် အောင်မြင်မှုတွေရဖို့ ရုန်းကန်နေရတာက ကလပ်အသင်း ကစားသမား၊ အဖွဲ့အစည်းနဲ့ ရည်မှန်းချက်တွေကြောင့် ဖြစ်တယ်လို့ ရှင်းပြလာပါတယ်။

မော်ရင်ညိုက ကလပ်အသင်းရဲ့ ပြသနာက ပေါ့ဘာဆိုတာထက် အကြောင်းရင်း သုံးချက်ကြောင့်လို့ ဆိုပါတယ်။

” ပြသနာက သူ မဟုတ်ပါဘူး။ ပြသနာတွေက မန်ယူနိုက်တက်မှာ ရှိနေပါတယ်။ ကစားသမားတွေ၊ အဖွဲ့အစည်းနဲ့ ရည်မှန်းချက်တွေက ကလပ်အသင်းကို ပြသနာတွေ ဖြစ်နေစေပါတယ်။ မန်ယူရဲ့ ပြသနာတွေက ပေါ့ဘာတစ်ဦးတည်းလားလို့ ခင်ဗျားတို့မေးရင် ဟုတ်တယ်လို့ ကျနော် မပြောနိုင်ပါဘူး

မန်ယူနဲ့ ပက်သက်ပြီး ကျနော် နှစ်ချက် ပြောလိုပါတယ်။ တစ်ချက်က အချိန်က စကားပြောပါလိမ့်မယ်။ ဒုတိယအချက်က မန်ယူမှာ ပြသနာတွေ ရှိနေဆဲ ဖြစ်ပါတယ် ” လို့ ဆက်ပြောပါတယ်။

မန်ယူအသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ဟာ ကွင်းတွင်းအောင်မြင်မှုထက် ကွင်းပြင်ပ အောင်မြင်မှုတွေကိုပဲ ဦးစားပေးနေပြီး စီပွားရေးဆိုင်ရာ အသင်းဖြစ်အောင် ကြိုးစားနေတာပါ။ ဒါဟာ နှစ်တိုင်း အောင်မြင်မှုရတဲ့ အသင်းအပေါ် ဘုတ်အဖွဲ့က ရည်ရွယ်ချက်ကောင်းတွေ မထားဘူးလို့ မော်ရင်ညိုက တိုက်ရိုက် စွပ်စွဲလိုက်တာဖြစ်ပါတယ်။